ဟဒီးဆ်တော်များစာရင်း

ဧကန်အမှန်ပင် အမလ်ကျင့်ဆောင်မှုများသည် ရည်စူးချက်များအပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။
عربي الإنجليزية الأوردية
ဧကန်အမှန်ပင် ဟလာလ်(တရားတော်က ခွင့်ပြုထားသည့်အရာ)သည် ထင်ရှားပြီး၊ ဟရာမ်(တရားတော်က တားမြစ်ထားသည့်) အရာသည်လည်း ထင်ရှားသည်။
عربي الإنجليزية الأوردية
ကျွန်တော်မျိုးသည် ကိုယ်တော့်အပြင် အခြားမည်သူ့ထံမှ မေးမြန်းရန်မလိုအောင် အစ္စလာမ်နှင့်ပတ်သက်သည့် စကားရပ်တစ်ခုကို ကျွန်တော်မျိုးအား မိန့်ကြားတော်မူပါဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ကျွန်တော်မျိုး အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ပါသည်ဟု သင်ပြောကြားပါ။ ၎င်းနောက် ကြံ့ခိုင်စွာရပ်တည်ပါ။
عربي الإنجليزية الأوردية
သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ်နှင့် အလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။
عربي الإنجليزية الأوردية
သင်တို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ ၎င်း၏စိတ်ဆန္ဒသည် ငါကိုယ်‌တော် ယူဆောင်လာခဲ့သော (ဝဟီ) အမိန့်တော်များ၏ နောက်လိုက်မဖြစ်မချင်း ပြည့်ဝသောမုအ်မင်န်ယုံကြည်သူ ဖြစ်မည်မဟုတ်ပေ။
عربي الإنجليزية الأوردية
ငါကိုယ်တော်သည် အသင်တို့အား အကြီးလေးဆုံး အပြစ်အကုသိုလ်ကြီးများနှင့် ပတ်သက်ပြီး သတင်းမပေးရဘူးလားဟု
عربي الإنجليزية الأوردية
“ကဗီရဟ်” ပြစ်မှုကြီးများမှာ (၁) အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ယှဉ်တွဲကိုးကွယ်ခြင်း၊ (၂) မိဘနှစ်ပါး၏အမိန့်ကို ဖီဆန်ခြင်း (၃) အသက်ဇီဝိန်ကို သတ်ဖြတ်ခြင်း (၄) မုသားကျိန်ဆိုခြင်းတို့ဖြစ်သည်။
عربي الإنجليزية الأوردية
အသင်တို့သည် ပျက်စီးဆုံးရှုံးစေမည့် အပြစ်ခုနှစ်မျိုးမှရှောင်ကြဉ်ကြပါ။
عربي الإنجليزية الأوردية
ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။
عربي الإنجليزية الأوردية
၎င်း၏အမလ်ကျင့်ဆောင်မှုသည် မည်သို့ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် သူ့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူမည်။
عربي الإنجليزية الأوردية
အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကို ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုမပြုဘဲ အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုပြု၍ အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်။
عربي الإنجليزية الأوردية
မည်သူမဆို ငါကိုယ်တော်အတွက် မိမိ၏ပါးစောင်နှစ်ခုကြားတွင်ရှိသော အရာ(နှုတ်လျှာ)နှင့် ခြေနှစ်ချောင်းကြားတွင်ရှိသော အရာ(အရှက်အင်္ဂါ)ကို ထိန်းသိမ်းရန်တာဝန်ယူလျှင် ငါကိုယ်တော်သည် ထိုသူ့အတွက် ဂျန္နသ်သုခဘုံကို တာဝန်ယူတော်မူသည်။
عربي الإنجليزية الأوردية
ဂျန္နသ်သုခဘုံသည် အသင်တို့အနက် တစ်ဦးတစ်ယောက်၏ ဖိနပ်သဲကြိုးထက်ပင် ၎င်းနှင့် ပို၍နီးကပ်သည်။ ဂျဟန္နမ်ငရဲဘုံသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။
عربي الإنجليزية الأوردية
ဂျဟန္နမ်ငရဲအား စိတ်အလိုရမ္မက်များဖြင့် ဖုံးအုပ်ထားပြီး ဂျန္နသ်သုခဘုံအား မနှစ်မြို့ဖွယ်ရာများဖြင့် ဖုံးအုပ်ထားသည်။
عربي الإنجليزية الأوردية
“မွတ်စ်လင်မ် နှစ်ဦးသည် ဓားကိုယ်စီဖြင့် အချင်းချင်း ရင်ဆိုင်တိုက်ခိုက်ကြသည့်အခါ သတ်သူနှင့် အသတ်ခံရသူ (နှစ်ဦးစလုံး) ငရဲမီးထဲသို့ ကျရောက်မည်ဖြစ်သည်။
عربي الإنجليزية الأوردية
ဧကန်အမှန်ပင် ဟလာလ်(တရားတော်က ခွင့်ပြုထားသည့်အရာ)သည် ထင်ရှားပြီး၊ ဟရာမ်(တရားတော်က တားမြစ်ထားသည့်) အရာသည်လည်း ထင်ရှားသည်။
عربي الإنجليزية الأوردية
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ခန္ဓာကိုယ်များနှင့် ရုပ်ရည်များကို ကြည့်တော်မူမည်မဟုတ်၊ သို့သော် သင်တို့၏ နှလုံးသားများနှင့် လုပ်ရပ်များကိုသာ ကြည့်တော်မူမည်ဖြစ်သည်။
عربي الإنجليزية الأوردية
ဧကန်အမှန်ပင် အမလ်လုပ်ဆောင်ချက်များသည် ရည်စူးချက်များအပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။
عربي الإنجليزية الأوردية
လူတစ်ချို့သည် အလ္လာဟ်အရှင်မြတ်၏ပစ္စည်းများကို မမှန်မကန် သုံးစွဲကြသည်။ ထို့ကြောင့် ၎င်းတို့အတွက် ကိယာမသ်နေ့တွင် ငရဲမီးရှိသည်။
عربي الإنجليزية الأوردية
အာဒမ်၏သားမြေးတိုင်းသည် အလွန်ပင် အမှားကျူးလွန်သူများဖြစ်ကြသည်။ ထိုသို့ အမှားကျူးလွန်သူတို့အနက် အကောင်းဆုံးသူမှာ အလွန်အမှားဝန်ချတောင်းပန်သူများပင် ဖြစ်ကြသည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး အပြစ်အကုသိုလ်မှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
ငါကိုယ်တော်၏နောက်တွင် ငါကိုယ်တော်သည် အမျိုးသားတို့အပေါ် အမျိုးသမီးတို့ထက် ပိုပြီး အန္တရာယ်ကြီးသည့် ဖိသ်နဟ်ကို ချန်မထားခဲ့ပါ။
عربي الإنجليزية الأوردية
အသင်တို့အနက် မည်သူမဆို မိမိ၏ သားသမီး၊ မိမိ၏ မိဘနှင့် လူသားအားလုံးထက် ငါကိုယ်တော်အား ပိုမချစ်သမျှ ကာလပတ်လုံး ပြည့်ဝသည့် မုအ်မင်န် မဖြစ်နိုင်ပေ။
عربي الإنجليزية الأوردية
အကြင်သူသည် (အင်းအိုင်၊အဆောင်၊လက်ဖွဲ့၊ခမည်း)တစ်စုံတစ်ရာကို ချိတ်ဆွဲပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိုအရာဘက်သို့အပ်နှင်းတော်မူမည်ဖြစ်သည်။
عربي الإنجليزية الأوردية
သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။
عربي الإنجليزية الأوردية
ကျွန်တော်မျိုးသည် ကိုယ်တော့်အပြင် အခြားမည်သူ့ထံမှ မေးမြန်းရန်မလိုအောင် အစ္စလာမ်နှင့်ပတ်သက်သည့် စကားရပ်တစ်ခုကို ကျွန်တော်မျိုးအား မိန့်ကြားတော်မူပါဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ကျွန်တော်မျိုး အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ပါသည်ဟု သင်ပြောကြားပါ။ ၎င်းနောက် ကြံ့ခိုင်စွာရပ်တည်ပါ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့်ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)အား ဂျန္နသ်သို့စေလွှတ်တော်မူခဲ့သည်။
عربي الإنجليزية الأوردية
ဧကန်မုချ ၎င်းတို့နှစ်ဦးသည် အပြစ်ပေးခြင်းခံရနေသည်။ ၎င်းတို့နှစ်ဦးသည် ကြီးကြီးမားမားကိစ္စအတွက် ပြစ်ဒဏ်ခံနေရခြင်းမဟုတ်ပေ၊ ၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ ကြင်ငယ်မှ‌ ရှောင်ကြဉ်ခြင်းမပြုသည့်အတွက်ဖြစ်သည်။ နောက်တစ်ဦးမှာ ကုန်းချောလေ့ရှိသည့်အတွက်ဖြစ်သည်။
عربي الإنجليزية الأوردية
အမှန်တကယ်ပင် ဒွန္နယာ လောကသည် ချိုမြိန်၍ စိမ်းလန်းပေသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့မည်သို့ ပြုမှုဆောင်ရွက်ကြမည်ကို ကြည့်ရှုရန် သင်တို့အား လောက၌ ‘ခလီဖဟ်’ ကိုယ်စားလှယ်များ အဖြစ်ပြုလုပ်‌ပေးတော်မူခဲ့သည်။ ထို့ကြောင့် သင်တို့သည် လောကီနှင့်ပတ် သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။
عربي الإنجليزية الأوردية
လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကိယာမသ်နေ့နှင့်ပတ်သက်၍ လျှောက်ထားမေးမြန်းခဲ့သည်။ သူက "ကိယာမသ်နေ့သည် မည်သည့်အချိန်တွင် ဆိုက်ရောက်လာမည်နည်း"ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်သည် ယင်းအတွက် မည်သည့်ပြင်ဆင်မှုများ ပြုလုပ်ထားသနည်း
عربي الإنجليزية الأوردية
ကောင်းသည့်အပါင်းအဖာ်နှင့် မကောင်းသည့် အပေါင်းအဖော်၏ပမာမှာ ကတိုးကို သယ်ဆောင်သူနှင့် ပန်းပဲဖိုးထိုးသူကဲ့သို့ပင်ဖြစ်သည်
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မကြာခဏ ဤဒုအာကို ရွတ်ဆိုတော်မူလေ့ရှိသည် - "အို-စိတ်နှလုံးများကို လှည့်ပြောင်းတော်မူသောအရှင်၊ ကျွန်တော်မျိုး၏ စိတ်နှလုံးသားကို အရှင်မြတ်၏ဒီန်သာသနာပေါ်၌ ခိုင်မြဲစွာထားတော်မူပါ
عربي الإنجليزية الأوردية
အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် အသက်ပေးခွင့်ရရန် တောင်းဆိုခဲ့ပါက ထိုသူသည် မိမိအိပ်ရာပေါ်တွင် ကွယ်လွန်သွားပါကလည်း အရှင်မြတ်သည် ထိုသူ့အား ရှုဟဒါအ် သာသနာ့အာဇာနည်များ၏အဆင့်အတန်းသို ပိုပေးမည်ဖြစ်သည်။
عربي الإنجليزية الأوردية
မုအ်မင်န် အမျိုးသား၊ အမျိုးသမီးသည် မိမိတို့၏ အသက်၊ သားသမီးနှင့် ဥစ္စာပစ္စည်းများတွင် အခက်အခဲဒုက္ခစမ်းသပ်မှုများကို အမြဲတစေ ကြုံတွေ့နေရမည်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် အလ္လာဟ်အရှင်မြတ်ထံ အပြစ်မရှိတော့သည့် အခြေအနေဖြင့် လာရောက်တွေ့ဆုံရလေသည်။
عربي الإنجليزية الأوردية
မုအ်မင်န်၏ အရေးကိစ္စသည် အံ့ဩစရာပင်ဖြစ်သည်။ သူ့အဖို့ သူ၏အရေးကိစ္စတိုင်းသည် အကောင်းချည်းသာဖြစ်၏။ ဤသည် မုအ်မင်န်မှအပအခြားမည်သူ့အတွက်မှ မဖြစ်နိုင်ပေ
عربي الإنجليزية الأوردية
ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားခဲ့သည်။“ကိယာမသ်နေ့တွင် လူတစ်ဦးအား ခေါ်ဆောင်လာပြီး ငရဲမီးသို့ ပစ်ချမည်။ ထိုအခါ သူ၏အူများထွက်ကျလာပြီး မြည်းသည် ကျိတ်ဆုံဘေး၌လှည့်ပတ်နေသကဲ့သို့ သူသည်လည်းသူ၏အူများနှင့်လှည့်ပတ်နေလိမ့်မယ်။
عربي الإنجليزية الأوردية
ဤအသံသည် ငရဲမီးထဲသို့ လွန်ခဲ့သော နှစ်ပေါင်း (၇၀) ကတည်းက ပစ်ချခံထားရသော ကျောက်တုံးတစ်ခု၏ အသံဖြစ်ပြီး ယင်းကျောက်တုံးသည် ငရဲမီး၌ကျလျက်ရှိရာ ယခုချိန်မှသာ ဂျဟန္နမ်ငရဲမီး၏အောက်ချေသို့ ရောက်ရှိသွားပေသည်။
عربي الإنجليزية الأوردية
ရောဂါကူးစက်သည်ဟု (အယူသီးယုံကြည်ခြင်း) မရှိ၊ ငှက်ဖြင့် အတိတ်နမိတ်ဆိုးကောက်ခြင်း မရှိ၊ ဇီးကွက်ဖြင့်အတိတ်နမိတ်ဆိုး ကောက်ခြင်း မရှိ၊ 'စွဖရ်' လသည် ဆိုးကျိုးရှိမည်ဟု ယူဆခြင်း မရှိ။ ထို့ပြင် အနာကြီးရောဂါသည်မှ အသင်သည် ခြင်္သေ့မှ ထွက်ပြေးသကဲ့သို့ ထွက်ပြေးပါ။
عربي الإنجليزية الأوردية
ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)အား လျှောက်ထားမေးမြန်းခဲ့သည်မှာ - "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အပြစ်ဒဏ်မှ လွတ်မြောက်ခြင်း (နဂျာသ်) ဆိုသည်မှာ အဘယ်နည်း။" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)က မိန့်တော်မူသည် - "သင်၏ နှုတ်လျှာကို ထိန်းချုပ်လော့။ သင်၏ အိမ်သည် သင့်အတွက် ကျယ်ဝန်းစေလော့။ သင်၏ အပြစ်အတွက် ငိုကြွေးလော့။
عربي الإنجليزية الأوردية
ငါကိုယ်တော်၏ အွမ္မသ်သားတို့အနက်
عربي الإنجليزية الأوردية
အသင်တို့အနက်တစ်ဦးတစ်ယောက်သည် အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်း ရှိသည့်အခြေအနေမှအပ အခြားမည်သည့်အခြေအနေတွင်မျှ သေဆုံးခြင်းမပြုကြလေနှင့်။
عربي الإنجليزية الأوردية
- " ငါကိုယ်တော်မရှိသည့် နောက်တွင် သင်တို့အတွက် ငါကိုယ်တော်စိုးရိမ်တော်မူသည့် အရာများထဲမှတစ်ခုမှာ လောကီ၏စည်းစိမ်အလှအပတွေဟာ သင်တို့အတွက် ဖွင့်ချပေးခြင်းခံရမည်ကို ဖြစ်သည်
عربي الإنجليزية الأوردية
ကိယာမတ်နေ့တွင် ဂျဟန္နမ်ငရဲသားများအနက် အပြစ်ဒဏ်အသက်သာဆုံးသူမှာ မီးဖြင့်ပြုလုပ်ထား‌သော ဖိနပ်နှစ်ဖက်နှင့် သဲကြိုးနှစ်ချောင်း (ဝတ်ဆင်ပေးခြင်းခံထားရသူ )ရှိသူဖြစ်ပြီး ထိုမီး၏ပူလောင်မှုကြောင့် သူ၏ ဦးနှောက်သည် ကြေးအိုးပူလောင်သည့်အခါ ပွက်ပွက်ဆူသကဲ့သို့ ပွက်ပွက်ဆူနေ‌ပေမည်။ သူသည် သူ့ထက်ပိုပြီး ပြင်းထန်သောပြစ်ဒဏ်ခံနေရသူ မရှိဟု ထင်နေလိမ့်မည်။ အမှန်စင်စစ် ထိုသူသည် အပြစ်ဒဏ်အသက်သာဆုံးသူပင်ဖြစ်သည်။
عربي الإنجليزية الأوردية
ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် နေ့တွင် အပြစ်ကျူးလွန်ခဲ့သောသူသည် နောင်တတရားဖြင့် အရှင့်ဆီသို့ ပြန်လာနိုင်ရန် ( သောင်ဗဟ်လုပ်နိုင်ရန် )အတွက် ညတွင် မိမိ၏လက်တော်ကိုဖြန့်ထားတော်မူသည်။ ထိုနည်းတူ ညတွင် အပြစ်ကျူးလွန်ခဲ့သောသူသည် နောင်တတရားဖြင့် အရှင့်ဆီသို့ ပြန်လာနိုင်ရန် ( သောင်ဗဟ်လုပ်နိုင်ရန် )အတွက် နေ့တွင်မိမိ၏လက်တော်ကိုဖြန့်ထားတော်မူသည်။ ( အရှင်မြတ်သည် ဤသို့ သောင်ဗဟ်အမှားဝန်ခံမှုကို လက်ခံခြင်းမှာ ) နေသည် အနောက်အရပ်မှ ထွက်ပေါ်လာသည့် အချိန်ထိတိုင်အောင်ဖြစ်သည်။
عربي الإنجليزية الأوردية
အို - အာဒမ်၏သားမြေး အသင်သည် ငါအရှင့်ထံတော်တွင် ဆုတောင်းနေသမျှကာလပတ်လုံး၊ ငါအရှင့်ထံမျှော်လင့်တောင်းတနေသမျှကာလပတ်လုံး ငါအရှင်သည် အသင့်ထံတွင်ရှိသော (မည်သည့်ပြစ်မှုကိုမျှ) ဂရုမစိုက်ဘဲ ပြစ်မှုအားလုံးကို ခွင့်လွှတ်တော်မူမည်။
عربي الإنجليزية الأوردية
“အားကောင်းသည့် မုအ်မင်န်သည် အားအင်ချည့်နဲ့သည့် မုအ်မင်န်ထက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပို၍ကောင်းမြတ်ပြီး ပို၍နှစ်သက်ခြင်းခံရသည်။ မုအ်မင်န်တိုင်းတွင် ကောင်းခြင်းရှိသည်
عربي الإنجليزية الأوردية
( ကိယာမသ် နေ့တွင် ) ဟစ်‌ခေါ်သူက ဤသို့ ဟစ်အော် ပြောဆိုလိမ့်မည် - "အသင်တို့သည် အစဉ်ကျန်းမာကြလိမ့်မည်၊ ဘယ်သောအခါမျှ နာမကျန်းဖြစ်ကြမည် မဟုတ်။ အသင်တို့သည် အစဉ်ရှင်သန်ကြလိမ့်မည်၊ ဘယ်သောအခါမျှ သေကြေကြမည် မဟုတ်။ အသင်တို့သည် အစဉ်နုပျိုကြလိမ့်မည်၊ ဘယ်သောအခါမျှ အိုမင်းကြမည် မဟုတ်။ အသင်တို့သည် အစဉ် စည်းစိမ်ချမ်းသာမှု၌ ရှိကြလိမ့်မည်၊ ဘယ်သောအခါမျှ ပူဆွေးသောကရောက်ကြမည် မဟုတ်
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်သုခဘုံသားများအား မိန့်ကြားတော်မူမည်။ “အို− သုခဘုံသားတို့။ ထိုအခါ သူတို့က “အို- ကျွန်တော်မျိုးတိုအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို နာခံဖို့ အသင့်ရှိနေကြပါသည်”ဟု လျှောက်ထားဖြေကြားကြလိမ့်မည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်။ “အသင်တို့ ကျေနပ်သွားပြီလော။” သူတို့က ဖြေကြမည်မှာ - “ကျွန်တော်မျိုးတို့အဘယ့်ကြောင့်မကျေနပ်ရမည်နည်း။ အရှင်မြတ်သည် မည်သူ့ကိုမျှချီးမြှင့်မထားသော ဆုလာဘ်များအား ကျွန်တော်မျိုးအား ချီးမြှင့်ခဲ့ပြီးဖြစ်သည်။
عربي الإنجليزية الأوردية
ဂျန္နသ်သုခဘုံသားတို့သည် ဂျန္နတ်သို့ ဝင်ရောက်သွားသောအခါ၊ အလ္လာဟ်အရှင်မြတ်က" အသင်တို့ ငါအရှင့်ထံမှ အခြားတစ်စုံတစ်ရာ တောင်းလိုကြသလော၊ ငါအရှင် အသင်တို့အား ထပ်မံ၍ ပေးတော်မူမည်
عربي الإنجليزية الأوردية
ဂျဟန္နမ်ငရဲသားနှစ်မျိုးရှိပေသည်။ ၎င်းတို့အား ငါကိုယ်တော်မမြင်ဘူးပေ။ တစ်အုပ်စုမှာ ၎င်းတို့နှင့်အတူ လူတို့အား ရိုက်နှက်ရန် နွားအမြီးနှင့်တူသောတုတ်များလည်းပါရှိသည်။ (နောက်တစ်အုပ်စုမှာ) အဝတ်အစားများဝတ်ဆင်ထားသော်လည်း အဝတ်အစားမဝတ်ထားသည့်အလား ခန္ဓာကိုယ်အစိတ်အပိုင်းများ ပေါ်လွင်နေသောအမျိုးသမီးများ၊ ယောက်ျားလေးများအား မြှူဆွယ်လေ့ရှိသောအမျိုးသမီးများ၊ အခြားသူများအား မိမိတို့ပြုလုပ်လေ့ရှိသည့် မြှူဆွယ်မှုများအားပြုလုပ်လာကြရန် လှုံဆော်ပေးသည့် အမျိုးသမီးများ၊
عربي الإنجليزية الأوردية
အို- အမျိုးသမီးအပေါင်းတို့၊ အသင်မတို့ စွဒ်ကဟ်အလှူဒါပြုကြလော့။ အဘယ်ကြောင့်ဆိုသော် ငရဲသားများအနက်အများစုဟာ အသင်မတို့ အမျိုးသမီးများဖြစ်နေကြောင်း ငါကိုယ်တော်ဟာ ပြသတော်မူခြင်းခံရသည်။ ထိုအခါ သူမတို့က "အို-အလ္လာဟ်အရှင်မြတ်၏ တမန်တော်၊ အဘယ်ကြောင့်နည်း" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်တော်မူသည်မှာ "အသင်မတို့သည် ကျိန်ဆဲခြင်းကို များစွာပြုလေ့ရှိကြပြီး မိမိတို့၏ ခင်ပွန်းကိုလည်း ကျေးဇူးကန်းကြလေသည်။ ထို့ပြင် ငါကိုယ်တော်သည် တစ်ဦးတစ်ယောက်ကို အသိဉာဏ်နှင့် ဒီန်သာသနာ၌ လျော့နည်းချို့တဲ့ပါလျက်နှင့် ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်သည့် အမျိုးသားတစ်ဦး၏ အသိဉာဏ်ကို အသင်မတို့ထက်ပို၍ ဖျက်ဆီးစေနိုင်သူကို တွေ့မြင်တော်မမူခဲ့‌ပေ
عربي الإنجليزية الأوردية
လူတစ်ဦးသည် တစ်ဦးတစ်ယောက်၏ ‘ကဗရ်’မြှုပ်နှံတွင်းနားမှ ဖြတ်သွားသည့်အခါ သူ့နေရာတွင် ငါသာရှိလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု မပြောမချင်း ကိယာမသ် ဆိုက်ရောက်မည် မဟုတ်ပေ။
عربي الإنجليزية الأوردية
သေခြင်းတရားသည် အနက်ရောင်အမွေးအနည်းငယ်ပါရှိသော သိုးဖြူတစ်ကောင်၏အသွင်သဏ္ဍာန်ဖြင့်ယူဆောင်လာခြင်းခံရမည်။
عربي الإنجليزية الأوردية
အသင်တို့၏ (လောကီ)မီးသည် ဂျဟန္နမ်ငရဲမီး၏ အပုံ(၇ဝ)ပုံ တစ်ပုံမျှသာဖြစ်သည်။
عربي الإنجليزية الأوردية
အသင်တို့သည် ပညာရှင်များအပေါ် ဂုဏ်ဖော်ရန်၊ ပညာမဲ့များနှင့် ငြင်းခုံရန်၊
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်သည့်လမ်းအား ဘေးတွင်တံတိုင်းနှစ်ဖက်ပါရှိသည့်လမ်းဖြင့် ပမာပေးတော်မူခဲ့သည်။
عربي الإنجليزية الأوردية
“အသင်မအနေဖြင့်ဆင်တူယိုးမှား အာယသ်တော်များနောက်ကို လိုက်နေကြသည့်သူများကို တွေ့ရှိပါက (မှတ်ယူပါ) ထိုသူများကို အလ္လာဟ်အရှင်မြတ်က (စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှုရှိသောသူများဟု ကျမ်းမြတ်ကုရ်အာန်၌) အမည်ပေးထားသူများဖြစ်သည့်အတွက် အသင်တို့ ၎င်းတို့ကိုရှောင်ကြဉ်ပါ။
عربي الإنجليزية الأوردية
“လူတစ်ဦးသည် အပြစ်အကုသိုလ်တစ်ခု ကျူးလွန်ပြီးနောက်(ဝုဿွူရေ) သန့်စင်မှုပြုလုပ်မည်။ ထို့နောက် ဆွလာသ်ဆောက်တည်မည်။ ၎င်းနောက်အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အပြစ်မှ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအားမုချ ခွင့်လွှတ်တော်မူမည်ဖြစ်သည်။”
عربي الإنجليزية الأوردية
သင့်အပေါ် ၎င်းတို့၏သစ္စာဖောက်မှု၊ အမိန့်မနာခံမှု၊ လိမ်လည်မှုတို့နှင့် ၎င်းတို့အား သင်ပေးသည့်ပြစ်ဒဏ်တို့ကို နှိုင်းယှဉ်တိုင်းဆမည်ဖြစ်သည်။
عربي الإنجليزية الأوردية
(ထို့နောက် အသင်တို့သည် ထိုနေ့၌ စည်းစိမ်များနှင့်စပ်လျဉ်း၍ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။) ကုရ်အာန် (၁၀၂:၈) ဟူသော အာယသ်တော်ကျရောက်လာသောအခါ
عربي الإنجليزية الأوردية
“အသက်အရွယ်ကြီးရင့်သွားသူ၏ နှလုံးသားသည် အရာနှစ်ခုတွင် နုပျိုနေတတ်၏- လောကီကို တပ်မက်ခြင်းနှင့် မျှော်လင့်ချက် ရှည်လျားခြင်းတို့၌ ဖြစ်သည်။”
عربي الإنجليزية الإندونيسية
ဖိသ်နာများသည် နှလုံးသားများပေါ်သို့ ထင်းချောင်းတစ်ချောင်းပြီးတစ်ချောင်းဖြင့် ရက်လုပ်ထားသည့်ဖျာကဲ့သို့ ကျရောက်လာမည်
عربي الإنجليزية الإندونيسية
“သင်တို့၏ အားအင်ချိနဲ့သူများကြောင့်သာ သင်တို့သည် အောင်မြင်မှုရရှိကြပြီး ရိက္ခာချီးမြှင့်ခံရခြင်း ဖြစ်သည်မဟုတ်လော။”
عربي الإنجليزية الأوردية
'အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အကယ်၍ တစ်စုံတစ်ယောက်ဟာ ကျွန်တော်မျိုး၏ ပစ္စည်းကို လုယက်ရန် ကျွန်တော်မျိုးထံ ရောက်လာခဲ့ပါလျှင်
عربي الإنجليزية الأوردية
ဒွန်ယာလောကသည် မုအ်မင်န်(ယုံကြည်သူ)အဖို့ အကျဉ်းထောင်ပမာဖြစ်၍ ကာဖိရ်(သွေဖည်ငြင်းပယ်သူ)အဖို့ သုခဘုံပမာ ဖြစ်၏။
عربي الإنجليزية الأوردية
။ အို - ဟကီးမ် စင်စစ် ဤဥစ္စာပစ္စည်းသည် ( လူတေရဲ့အမြင်မှာ ) စိမ်းလန်းပြီး၊ ချိုမြိန်သည်
عربي الإنجليزية الأوردية
အို- အလ္လာဟ်အရှင်မြတ်၊ နောင်တမလွန်၏ ရှင်သန်မှုလွဲ၍ စစ်မှန်သည့် ဘဝရှင်သန်မှုဟူ၍ လုံးဝမရှိပါ။ ထို့ကြောင့် အန်ဆွာရီများနှင့် မုဟာဂျိရ်များအား ခွင့်လွှတ်တော်မူပါ။
عربي الإنجليزية الأوردية
သတိပြုကြလော့။ ဤလောကကြီးသည် ကျိန်စာသင့်ခြင်းခံရပြီး၊ ၎င်းအတွင်းရှိအရာအားလုံးသည်လည်း ကျိန်စာသင့်ခြင်းခံရပေသည်။ အလ္လာဟ်အရှင်မြတ်၏ဇိကရ်(သတိရတသမှု) နှင့် ၎င်းနှင့်ဆက်နွှယ်သောအရာများ၊ သာသနာ့ပညာရှင်နှင့် ပညာသင်ယူဆည်းပူးနေသူတို့သာ ထိုအရာမှကင်းလွတ်၏။
عربي الإنجليزية الأوردية
ငါကိုယ်‌တော် မိအ်ရာဂျ်ခရီးကို ခေါ်ဆောင်သွားခြင်းခံရသောအခါ၊ ကြေးရောင်လက်သည်းများဖြင့် မိမိတို့၏မျက်နှာနှင့် ရင်ဘတ်များကို ကုတ်ဖဲ့နေကြသောလူတစ်စုအနားမှ ဖြတ်သွားတော်မူခဲ့သည်
عربي الإنجليزية الأوردية
အသင်တို့သည် အသင်တို့စိတ်ကြိုက် အစားအသောက်များကို ပေါများစွာရရှိနေသည်မဟုတ်လော။ ဧကန်စင်စစ် ကျွန်ုပ်သည် အသင်တို့၏နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား မိမိဝမ်းဗိုက်ကိုဖြည့်တင်းရန် ညံ့ဖျင်းသောစွန်ပလွံသီး‌ခြောက်တစ်လုံးမျှပင် မရှိခဲ့သည့် အခြေအနေကို ကျွန်ုပ်မြင်တွေ့ခဲ့ရဖူးသည်။
عربي الإنجليزية الأوردية
သင်လောကီနှင့်ပတ်သတ်၍ မက်မောတပ်မက်စိတ်ကို စွန့်လွှတ်ပါက အလ္လာဟ်အရှင်မြတ်က သင့်အား ချစ်မြတ်နိုးတော်မူမည်။ လူတို့ထံ ရှိသောအရာများ (ဂုဏ်၊ စည်းစိမ်၊ ချီးမွမ်းမှု) ကို မက်မောတပ်မက်စိတ်ကို စွန့်လွှတ်ပါက လူတို့က သင့်အား ချစ်ခင်မြတ်နိုးကြလိမ့်မည်။
عربي الإنجليزية الأوردية
လူသား ဖြည့်ခဲ့သောအရာတွင် ဝမ်းဗိုက်ထက်ပို၍ ဆိုးယုတ်သော အိုးခွက်မရှိ‌ပေ။ လူသားအတွက် သူ့ကျောရိုးကို မတ်မတ်ထားရန် လောက်ငှသော အနည်းငယ်မျှသော အစားအစာသာလိုအပ်သည်။ အကယ်၍ ပို၍စား‌သောက်ရန်လိုအပ်ပါက ဝမ်းဗိုက်၏သုံးပုံတစ်ပုံကို စားရန်အတွက်၊ သုံးပုံတစ်ပုံကို သောက်ရန်အတွက်နှင့် သုံးပုံတစ်ပုံကို အသက်ရှုရန်အတွက် ချန်ထားရမည်။
عربي الإنجليزية الأوردية
“ငါကိုယ်တော်အား ဂျန္နသ်နှင့် ဂျဟန္နမ်ငရဲကို ပြသခြင်းခံခဲ့ရ၏။ ယနေ့ကဲ့သို့ ကောင်းမှု၊ မကောင်းမှုတို့နှင့်ပတ်သတ်၍ ငါကိုယ်တော် မမြင်ခဲ့ဖူးပေ။ အကယ်၍ သင်တို့သည် ငါကိုယ်တော်သိသကဲ့သို့ သိရှိကြမယ်ဆိုရင် စင်စစ်သင်တို့သည် အနည်းငယ်မျှသာ ရယ်မောကြမည်ဖြစ်ပြီး များစွာ ငိုကြွေးကြလိမ့်မည်
عربي الإنجليزية الأوردية
လူသားတို့သည် ဥစ္စာပစ္စည်းနှင့်ပြည့်နှက်နေသော ချိုင့်ဝှမ်းနှစ်ခုကို ပိုင်ဆိုင်ခဲ့လျှင်လည်း တတိယချိုင့်ဝှမ်းတစ်ခုကို ထပ်မံတောင့်တပေလိမ့်မည်
عربي الإنجليزية الأوردية
“မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော်ထံသို့ ဝဟီအမိန့်တော်ချမှတ်တော်မူခဲ့သည်။ (အမိန့်တော်မှာ) သင်တို့သည် နှိမ့်ချယို့ကျိုးကြလော့။ ထိုသို့အားဖြင့် တစ်ဦးကိုတစ်ဦး မောက်မာခြင်း၊ ထောင်လွှားခြင်း မရှိစေရ။ ထို့ပြင် တစ်ဦးကိုတစ်ဦး မတရားကျူးလွန်ခြင်းလည်း မရှိစေရ။
عربي الإنجليزية الأوردية
ပုဂ္ဂိုလ်သုံးဦးတို့အား ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် စကားပြောတော်မူမည်မဟုတ်၊ ၎င်းတို့အား (အပြစ်များမှ )သန့်စင်စေတော်မူမည်မဟုတ်ပေ၊ ထို့ပြင် သူတို့အဖို့ ပြင်းထန်သောအဇားဗ်ပြစ်ဒဏ်ရှိ၏
عربي الإنجليزية الأوردية
“ဧကန်စင်စစ် ဂျန္နသ်သုခဘုံ၌ ဈေးတစ်ခုရှိသည်။ လူတို့သည် သောကြာ နေ့တိုင်း ထိုဈေးသို့ လာရောက်ကြသည်
عربي الإنجليزية الأوردية
ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား (သူစိမ်းအမျိုးသမီးအပေါ်မရည်ရွယ်ဘဲ) ရုတ်တရက် ကြည့်ရှုမိခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခဲ့ရာ၊ ကိုယ်တော်သည် ကျွန်ုပ်အား မျက်စိလွဲရန် အမိန့်ပေးတော်မူခဲ့သည်။
عربي الإنجليزية الأوردية
“မည်သည့်မွတ်စ်လင်မ်မဆို ဘေးဒုက္ခတစ်စုံတစ်ရာ ကြုံတွေ့သောအခါ အလ္လာဟ်အရှင်မြတ် အမိန့်ပေးတော်မူသည့်အတိုင်း- {إِنَّا لِلهِ وَإِنَّا إِلَيْهِ رَاجِعُونَ} (အကယ်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်ကြပြီး ဧကန်အမှန် အရှင်မြတ်ထံသို့ ပြန်လည်ရောက်ရှိကြရမည်ဖြစ်ပါသည်။) (စူရဟ် အလ်ဘကရဟ်၊ ၂:၁၅၆) ဟုရွတ်ဆိုကာ، ‘အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ ဤဘေးဒုက္ခတွင် အကျိုးဆုလာဘ် ပေးသနားတော်မူပါ။ ၎င်းဘေးအစား ကျွန်တော်မျိုးအား ယင်းထက်ကောင်းမြတ်သောအရာကို အစားထိုးပေးသနားတော်မူပါ’”ဟု တောင်းဆုဒုအာပြုလျှင်، ထိုသူအား အလ္လာဟ်အရှင်မြတ်သည် ယင်းထက်ကောင်းမြတ်သောအရာကို အစားထိုးပေးတော်မူသည်။
عربي الإنجليزية الإندونيسية
ထိုအခါ ကိုယ်တော်က ‘ငါကိုယ်တော်နှင့် ဤဒွန်ယာလောက မည်သို့ဆက်စပ်မှုရှိသနည်း၊ ငါကိုယ်‌ တော်သည် ဤဒွန်ယာလောက၌ အရိပ်ရရန် သစ်ပင်အောက်တွင် ခိုလှုံပြီး ထို့နောက် ထွက်ခွာသွားသော စီးနင်းသူ (ခရီးသည်) တစ်ဦးမျှသာ ဖြစ်သည်’ ဟု မိန့်တော်မူ၏။”
عربي الإنجليزية الإندونيسية
“သင်တို့အရင်မှာရှိခဲ့သည့် လူမျိုးစုတစ်စုတွင်အမျိုးသားတစ်ဦးရှိခဲ့သည်။ ထိုသူ၌ ဒဏ်ရာတစ်ခုရှိခဲ့၏။ ထို့နောက် သူသည် (နာကျင်မှုကို) သည်းမခံနိုင်တော့ဘဲ ဓားတစ်ချောင်းကို ယူ၍ မိမိလက်ကို ဖြတ်လိုက်၏။ ထို့နောက်(ဒဏ်ရာမှာ) သွေးမတိတ်ဘဲ သေဆုံးသွားလေ၏။ ထိုအခါ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်- "ငါအရှင်မြတ်၏ ကျေးကျွန်သည် ငါအရှင်မြတ်ထက် ဦးစွာ မိမိအသက်ကို သတ်ရန် အလျင်လိုခဲ့ပေပြီ။ ထို့ကြောင့် ငါအရှင်သည် ထိုသူ့အပေါ် ဂျန္နသ်ကို ဟရာမ်အဖြစ်သတ်မှတ်တော်မူလိုက်လေပြီ။”
عربي الإنجليزية الأوردية
“အို- အဘူစအီးဒ်၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းအရှင်အဖြစ်၊ အစ္စလာမ်ကို သာသနာတော်အဖြစ်၊ မိုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်)ကို နဗီတမန်တော်အဖြစ် ကျေနပ်နှစ်သက်ခဲ့ပါက ထိုသူအတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွားသည်
عربي الإنجليزية الأوردية
“သင်တို့ထက် နိမ့်ကျသူကို ကြည့်ပါ၊ သင်တို့ထက် သာလွန်သူကို မကြည့်ပါနှင့်။ ဤသို့ပြုခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို သင်တို့သည် သေးသိမ်သည်ဟု မထင်မှတ်မိစေရန် ပို၍သင့်လျော်ပေသည်။”
عربي الإنجليزية الأوردية
လူတို့ (တန်ဖိုးမထားခြင်းကြောင့်) ဆုံးရှုံးနစ်နာကြရသော နိအ်မသ်ကျေးဇူးတော်နှစ်ပါး ရှိသည်။ (၎င်းတို့မှာ) ကျန်းမာခြင်းနှင့် အားလပ်ချိန် ဖြစ်သည်။
عربي الإنجليزية الأوردية
“အကြင်သူသည် အစ္စလာမ်သာသနာကို လက်ခံယုံကြည်ခဲ့ပြီး၊ လိုအပ်ချက်အလျောက် (လောက်ငှရုံ) စားဝတ်နေရေးကို ရရှိကာ၊ အလ္လာဟ်အရှင်မြတ်သည် မိမိပေးအပ်တော်မူသောအရာဖြင့် သူ့အား ရောင့်ရဲတင်းတိမ်စေတော်မူပါက၊ ဧကန်စင်စစ်ထိုသူသည် အောင်မြင်မှုကို ဆွတ်ခူးရရှိခဲ့ခြင်းပင်ဖြစ်သည်။
عربي الإنجليزية الأوردية
သင်တို့အနက်မှ မည်သူမဆို နံနက်ခင်းအချိန်သို့ဝင်သောအခါ ကျန်းမာသောကိုယ်ခန္ဓာရှိလျက်၊ မိမိအသက်ဝိညာဉ် ဘေးကင်းလျက်၊ ၎င်းထံ ထိုနေ့အတွက် စားနပ်ရိက္ခာရှိလျှင် ထိုသူသည် ဤလောကကြီးတစ်ခုလုံး စုပေါင်းပေးအပ်ခံခဲ့ရသူကဲ့သို့ပင် ဖြစ်၏။
عربي الإنجليزية الأوردية
ထိုအခါ အရှင်မြတ်က ၎င်းအား အသင်ဆန္ဒပြုသမျှအရာအားလုံးနှင့် ယင်း၏ဥပမာတူညီသောအရာကို ထပ်ဆောင်းအားဖြင့် သင့်အဖို့ ဖြစ်သည်’ဟု မိန့်တော်မူလိမ့်မည်။”
عربي الإنجليزية الأوردية
ဧကန်စင်စစ် ဂျန္နတ်သုခဘုံ၌ မုအ်မင်န်ယုံကြည်သူ အတွက် အတွင်း၌ဟောင်းလောင်းပေါက်ဖြစ်နေသော ပုလဲတစ်လုံးတည်းဖြင့် ပြုလုပ်ထားသည့် ရွက်ဖျင်တဲကြီး တစ်ခုရှိမည်။ ၎င်း၏အလျားမှာ မိုင်(၆၀) ရှည်လျားသည်။ ထို ရွက်ဖျင်တဲအတွင်း၌ မုအ်မင်န်ယုံကြည်သူအတွက် ဇနီးများရှိကြပြီး မုအ်မင်န်ယုံကြည်သူသည် သူတို့ထံ လှည့်လည်သွားလာနေသော်လည်း ၎င်းတို့အချင်းချင်း အပြန်အလှန်မြင်ကြရမည်မဟုတ်ပေ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်- " ငါအရှင်သည်မိမိ၏သူ‌ တော်‌ကောင်းကျေးကျွန်များအတွက် ဘယ်မျက်စိကမှ မမြင်ဖူးသော၊ ဘယ်နားကမှ မကြားဖူးသော၊ ဘယ်လူသားတစ်ဦးတစ်‌ယောက်၏စိတ်နှလုံးသားထဲသို့လည်း မဝင်ရောက်ဖူးသော အရာများကို ပြင်ဆင်ထားရှိတော်မူ၏
عربي الإنجليزية الأوردية
‘ကဗရ်သင်္ချိုင်းသည် အာခိရသ်နောင်တမလွန်၏ ပထမဆုံးသော စခန်းနေရာဖြစ်၏။ အကယ်၍ လူတစ်ဦးသည် ၎င်း(ကဗရ်)မှ လွတ်မြောက်ခဲ့လျှင် ၎င်းနောက်ပိုင်းသည် ၎င်းထက် ပိုမိုလွယ်ကူ၏။ အကယ်၍ ၎င်းမှ မလွတ်မြောက်ခဲ့လျှင် ၎င်းနောက်ပိုင်းသည် ၎င်းထက် ပိုမိုပြင်းထန်သည်’ ဟု မိန့်ကြားထားတော်မူ‌ကြောင်း ဖြေကြားခဲ့သည်။
عربي الإنجليزية الأوردية
“ဧကန်အမှန်၊ ဂျန္နသ်ကို ပထမဦးဆုံးဝင်ရောက်မည့် အုပ်စု၏ ပုံပန်းသဏ္ဌာန်သည် လပြည့်ည၏ လမင်းသဖွယ်ကဲ့သို့ ဝင်းပနေလိမ့်မည်။ ထို့နောက် သူတို့နောက်မှလိုက်ဝင်ရောက်ရမည့်သူများသည် ကောင်းကင်ယံရှိ အတောက်ပဆုံးကြယ်ကဲ့သို့ ဖြစ်ကြလိမ့်မည်
عربي الإنجليزية الإندونيسية
“မည်သူမဆို တောင်ပေါ်မှ ခုန်ချ၍ မိမိကိုယ်ကို သတ်သေခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲ၌လည်း ခုန်ချနေရလျက် အမြဲထာဝရနေထိုင်ရမည် ဖြစ်သည်
عربي الإنجليزية الإندونيسية
သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် မည်သည့် တစ်စုံ တစ်ရာကိုမျှ ရှိရ်ရ်ပြုလုပ်ကြမည်မဟုတ် ကြောင်း၊ ခိုးဝှက်ခြင်းပြုမည်မဟုတ်ကြောင်း၊ ဇိနာ(အိမ်ထောင်ရေးဖောက်ပြန်မှု) ကျူးလွန်မည် မဟုတ်ကြောင်း
عربي الإنجليزية الإندونيسية
“အစ္စလာမ်သည် သူစိမ်းတစ်ရံဆံအဖြစ် စတင်ခဲ့ပြီး၊ များမကြာမီ သူစတင်ခဲ့သလိုပင် သူစိမ်းတစ်ရံဆံအဖြစ်သို့ ပြန်လည်ရောက်ရှိသွားလိမ့်မည်။ သို့ဖြစ်၍ ထို သူစိမ်းတစ်ရံဆံများအတွက် ဝမ်းမြောက်ဖွယ် သတင်းကောင်းရှိ၏။”
عربي الإنجليزية الإندونيسية
အသေးစားအပြစ်များမှ ရှောင်ကြဉ်ကြလော့
عربي الإنجليزية الإندونيسية
“ခုနစ်ဦးသောသူတို့အား အရှင်မြတ်၏ အရိပ်ကလွဲလို့ အခြားအရိပ်မရှိသောနေ့တွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အရိပ်တော်အောက်၌ ခိုလှုံခွင့်ပေးတော်မူမည်
عربي الإنجليزية الإندونيسية