عن سهل بن سعد رضي الله عنه عن رسول الله صلى الله عليه وسلم قال:
«مَنْ يَضْمَنْ لِي مَا بَيْنَ لَحْيَيْهِ وَمَا بَيْنَ رِجْلَيْهِ أَضْمَنْ لَهُ الْجَنَّةَ».

[صحيح] - [رواه البخاري] - [صحيح البخاري: 6474]
المزيــد ...

စဟ်လ်ဗင်န်စအ်ဒ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။
မည်သူမဆို ငါကိုယ်တော်အတွက် မိမိ၏ပါးစောင်နှစ်ခုကြားတွင်ရှိသော အရာ(နှုတ်လျှာ)နှင့် ခြေနှစ်ချောင်းကြားတွင်ရှိသော အရာ(အရှက်အင်္ဂါ)ကို ထိန်းသိမ်းရန်တာဝန်ယူလျှင် ငါကိုယ်တော်သည် ထိုသူ့အတွက် ဂျန္နသ်သုခဘုံကို တာဝန်ယူတော်မူသည်။

[صحيح] - [رواه البخاري] - [صحيح البخاري - 6474]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကိစ္စရပ်နှစ်ခုကို ပြောပြတော်မူပြီး မွတ်စ်လင်မ်တစ်ဦးအနေဖြင့် ယင်းကိစ္စနှစ်ခုအား ထိန်းသိမ်းမည်ဆိုပါက မုချဂျန္နသ်သုခဘုံသို့ဝင်ရမည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
ပထမတစ်ခုမှာ အလ္လာဟ်အရှင်မြတ်အမျက်တော်ရှ‌စေမည့် စကားများမှ နှုတ်လျှာအားထိန်းသိမ်းခြင်းဖြစ်ပြီး
ဒုတိယတစ်ခုမှာ စက်ဆုတ်ဖွယ်ရာကိစ္စများ ကျူးလွန်ခြင်းမှ အရှက်အင်္ဂါအားထိန်းသိမ်းခြင်းဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ထိုအစိတ်အပိုင်းနှစ်ခုသည် မကောင်းမှုဒုစရိုက်များတွင် အများဆုံးကျရောက်တတ်သည့်အတွက်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နှုတ်လျှာနှင့် အရှက်အင်္ဂါကို ထိန်းသိမ်းခြင်းသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရန် အကြောင်းခံဖြစ်သည်။
  2. လောကီ၊ လောကုတ္တရာနှစ်ဌာနစလုံးတွင် လူသားတို့ ဘေးဒုက္ခဆိုက်ရောက်ရသည့် အကြီးမားဆုံးအကြောင်းခံမှာ ထိုအရာနှစ်ခုကြောင့်ဖြစ်သည့်အတွက် နှုတ်လျှာနှင့် အရှက်အင်္ဂါကို သီးသန့်တင်ပြထားခြင်းဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (67)
ထပ်၍