عن سهل بن سعد رضي الله عنهما مرفوعاً: «من يضمن لي ما بين لَحْيَيْهِ وما بين رجليه أضمن له الجنة».
[صحيح] - [رواه البخاري]
المزيــد ...

စဟ်လ်ဗင်န်စအ်ဒ်(ရဿွိယလ္လာဟုအန်ဟုမာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ မည်သူမဆို ငါကိုယ်တော်အတွက် မိမိ၏ပါးစောင်နှစ်ခုကြားတွင်ရှိသော အရာ(နှုတ်လျှာ)နှင့် ခြေနှစ်ချောင်းကြားတွင်ရှိသော အရာ(အရှက်အင်္ဂါ)ကို ထိန်းသိမ်းရန်တာဝန်ယူလျှင် ငါကိုယ်တော်သည် ထိုသူ့အတွက် ဂျန္နသ်သုခဘုံကို တာဝန်ယူတော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အချက်နှစ်ချက်ကို လမ်းညွှန်ပြသတော်မူသည်။ အကယ်၍ မွတ်စ်လင်မ်တစ်ဦးသည် ၎င်းအချက်နှစ်ချက်အား လိုက်နာထိန်းသိမ်းမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်က မိမိ၏(မွသ္သကီ) ကြောက်ရွံ့အပြစ်ရှောင်ကောင်းကျိုးဆောင်သည့် ကျွန်များအတွက် ကတိပြုထားသော ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်ဖြစ်သည်။ ထိုနှစ်ချက်မှာ-(၁)ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်အား အမျက်ဒေါသဖြစ်စေသော စကားမျိုးမှ နှုတ်လျှာအား ထိန်းသိမ်းခြင်း။ (၂)ဇိနာ (တရားမဝင်ကာမကျူးလွန်ခြင်း)မှ အရှက်အင်္ဂါကို ထိန်းသိမ်းခြင်း တို့ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ဂျာမန် ဂျပန်
ဘာသာပြန်များကို ကြည့်ရှုရန်

အကျိုးကျေးဇူးများ

  1. နှုတ်လျှာနှင့် အရှက်အင်္ဂါအား တားမြစ်ထားသော အရာများကို ကျူးလွန်ခြင်းမှ ထိန်းသိမ်းခြင်းသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်နိုင်မည့် လမ်းဖြစ်သည်။
  2. ဧကန်အမှန်ပင် ဂျဟန္နမ်ငရဲဘုံသို့လားရသည့် အကြောင်းခံများအနက် အများဆုံးမှာ နှုတ်လျှာနှင့် အရှက်အင်္ဂါအား မထိန်းသိမ်းသောကြောင့်ဖြစ်သည်။
ထပ်၍