တမန်တော်မြတ်(ﷺ)၏ဟဒီးဆ်တော်များနှင့် ၎င်းတို့၏ဘာသာပြန်စွယ်စုံကျမ်း ပရောဂျက်:
အစ္စလာမ့် ကဏ္ဍအသီးသီး၌ အကြိမ်ကြိမ်လာရှိသော တမန်တော်မြတ်(ﷺ)၏ ဟဒီးဆ်တော်များကို ရွေးချယ်ထုတ်ယူ၍ ထိုဟဒီးဆ်တော်များကို ရိုးရှင်းပြည့်စုံစွာဖြင့် ရှင်းပြထားပြီး ၎င်းတို့ကို တိကျသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လက်ရှိအသုံးပြုနေသော ဘာသာစကားများသို့ အဆင့်မြင့်မြင့် ဘာသာပြန်ဆိုကာ နည်းလမ်းအမျိုးမျိုးဖြင့် အခမဲ့ဖြန့်ချိနေသည့် ပရောဂျက်ဖြစ်သည်။.
ရည်မှန်းချက်များ:
- တမန်တော်မြတ်(ﷺ)၏ဟဒီးဆ်တော်များ ဘာသာပြန်ဆိုခြင်းအတွက် အဆင့်မြင့်ပြီးယုံကြည်စိတ်ချရသော အခမဲ့နိုင်ငံတကာ ရည်ညွှန်းကိုးကားချက်တစ်ရပ်ကို တည်ထောင်ရန်။.
- ဘာသာပြန်ဆိုသူများအား ဟဒီးဆ်တော်များကို ဘာသာပြန်ရန်အတွက် ဘာသာပြန်နေစဉ်အတွင်း အီလက်ထရွန်းနစ်မှတ်ဉာဏ်များထောက်ပံ့ပေးခြင်း။.
- ဘာသာပြန်များကို ရည်ရွယ်ထားသည့် ပရိတ်သတ်များဆီသို့ ရနိုင်သမျှ နည်းလမ်းများဖြင့် ပို့ဆောင်ပေးရန်။.
စွယ်စုံကျမ်း၏ ထူးခြားချက်အချို့:
- အမျိုးအစားစုံလင်ခြင်း.
- အခမဲ့ဖြစ်ခြင်း.
- ဘာသာပြန်အမျိုးမျိုးရှိခြင်း.
- စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေခြင်း.
- တိကျခိုင်မာခြင်း.
တည်ထောင်ခြင်းနှင့် အဆင့်ဆင့်တိုးတက်အောင်ပြုလုပ်ခြင်း:
- အာရဗီဘာသာစကားဖြင့် စွယ်စုံကျမ်းပြုစုခြင်း.
- စွယ်စုံကျမ်းကို ဘာသာစကားအသီးသီးသို့ ဘာသာပြန်ဆိုခြင်း.
- စွယ်စုံကျမ်းကို အွန်လိုင်းတွင် ဖြန့်ချိခြင်း.
- စွယ်စုံကျမ်းနှင့် ၎င်း၏ဘာသာပြန်များ အား စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် အောင်လုပ်ခြင်း.