عن خولة الأنصارية رضي الله عنها قالت: قال رسول الله صلى الله عليه وسلم : «إن رجالاً يَتَخَوَّضُون في مال الله بغير حق، فلهم النار يوم القيامة».
[صحيح] - [رواه البخاري]
المزيــد ...

ခေါင်လဟ် အလ်အန်စွာရီယဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ လူတစ်ချို့သည် အလ္လာဟ်အရှင်မြတ်၏ပစ္စည်းများကို မမှန်မကန် သုံးစွဲခဲ့ကြသည်။ထို့ကြောင့် ၎င်းတို့အတွက် ကိယာမသ်နေ့တွင်ငရဲမီးရှိသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်း။

ရှင်းလင်းချက်

မွတ်စ်လင်မ်တို့၏ ဥစ္စာပစ္စည်းများကို မမှန်ကန်သောနည်းဖြင့် သုံးစွဲကြသူများ၊ ထိုပစ္စည်းများကို မတရားသဖြင့် ရယူကြသူများနှင့် စပ်လျဉ်း၍ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အသိပေးတော်မူခဲ့သည်။ ထိုလုပ်ရပ်ထဲ၌ ဘမဲ့ကလေးများ၏ ပစ္စည်းဥစ္စာများကို စားသုံးခြင်း၊ ဝက်ဖ် လှူဒါန်းထားသောဥစ္စာပစ္စည်းများအား မစားထိုက်ဘဲ စားသုံးခြင်း၊ ယုံကြည်စွာအပ်နှံထားသော ပစ္စည်းများကို ပြန်ပေးရန်ငြင်းဆိုခြင်း၊ အများပိုင်ပစ္စည်းများကို မယူထိုက်ဘဲ၊ခွင့်ပြုချက်မရှိဘဲ ရယူခြင်းစသည်တို့ပါဝင်သည်။ ထို့ကြောင့် ကိယာမသ်နေ့တွင် ထိုသို့ပြုကြသူတို့၏အစားသည် ဂျဟန္နမ်ငရဲမီးပင်ဖြစ်ကြောင်းတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားခြင်းဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဆင်ဟာလီ ဝီဂါ ကာ့ဒ် ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ဂျာမန် ဂျပန် ပါရှ်တို
ဘာသာပြန်များကို ကြည့်ရှုရန်

من فوائد الحديث

  1. လူသားအတွက် ဟလာလ်နည်းလမ်းမှအပ အခြားနည်းလမ်းများဖြင့် ဥစ္စာပစ္စည်းရှာဖွေခြင်းအား တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ဟရာမ်တားမြစ်ထားသော နည်းလမ်းဖြင့်ရှာဖွေခြင်းသည် ပစ္စည်းဥစ္စာများအား မမှန်မကန်သုံးစွဲခြင်းပင်ဖြစ်သည်။
  2. မွတ်စ်လင်မ်များနှင့် ၎င်းတို့အား အုပ်ချုပ်သူများထံ၌ ရှိသောဥစ္စာပစ္စည်းများသည် အလ္လာဟ်အရှင်မြတ်၏ ဥစ္စာပစ္စည်းသာဖြစ်သည်။ အရှင်မြတ်သည် ထိုပစ္စည်းများအား တရားတော်က ခွင့်ပြုထားသော နည်းလမ်းများအတိုင်း သုံးစွဲရန် ၎င်းတို့အား တာဝန်ပေးထားခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းဥစ္စာပစ္စည်းများအား မမှန်မကန်သုံးစွဲခြင်းသည် ဟရာမ်ဖြစ်သည်။ ဤပညတ်ချက်သည် ခေါင်းဆောင်များဖြစ်စေ၊ အခြားသူများဖြစ်စေ မွတ်စ်လင်မ်အားလုံးနှင့် သက်ဆိုင်ပေသည်။
ထပ်၍