عن أبي الدرداء رضي الله عنه عن النبي صلى الله عليه وسلم قال:
«مَنْ رَدَّ عَنْ عِرْضِ أَخِيهِ رَدَّ اللهُ عَنْ وَجْهِهِ النَّارَ يَوْمَ الْقِيَامَةِ».

[صحيح] - [رواه الترمذي وأحمد] - [سنن الترمذي: 1931]
المزيــد ...

အဗူဒရ်ဒါအ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အကြင်သူသည် မိမိညီနောင်၏ ဂုဏ်သိက္ခာကို (၎င်းသူကွယ်ရာ၌) ကာကွယ်ပေးခဲ့လျှင် ကိယာမသ် တရားစီရင်မည့်နေ့၌ အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ မျက်နှာအား ဂျဟန္နမ်ငရဲမီးမှ ကာကွယ်ပေးတော်မူမည်ဖြစ်သည်။

[صحيح] - [رواه الترمذي وأحمد] - [سنن الترمذي - 1931]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ အကြင်သူသည် မိမိ၏ မွတ်စ်လင်မ်ညီနောင်တစ်ဦးအား သူ၏ကွယ်ရာ၌ သူ့အားစော်ကားနေခြင်း၊ မကောင်းပြောနေခြင်းတို့ကို တားမြစ်ကာ ၎င်း၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးခဲ့လျှင် ကိယာမသ် တရားစီရင်မည့်နေ့၌ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ဂျဟန္နမ်ငရဲမီး၏ ပြစ်ဒဏ်မှ ကာကွယ်ပေးတော်မူမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မွတ်စ်လင်မ်တို့၏ ဂုဏ်သိက္ခာကို ထိပါးစော်ကား၍ ပြောဆိုခြင်းကို တားမြစ်ထားသည်။
  2. လုပ်ရပ်အမျိုးအစားနှင့်အညီ အစားရလဒ်ရရှိခြင်းဖြစ်သည်။ မိမိညီနောင်၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးသူအား အလ္လာဟ်အရှင်မြတ်က ဂျဟန္နမ်ငရဲမီးမှ ကာကွယ်ပေးတော်မူမည်ဖြစ်သည်။
  3. အစ္စလာမ်သာသနာသည် မွတ်စ်လင်မ်အချင်းချင်းအကြား၌ ညီနောင်စိတ်ဓာတ်နှင့် ကူညီရိုင်းပင်းခြင်းတို့ကို အားပေးသော သာသနာဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (68)
ထပ်၍