+ -

عن أبي الدرداء رضي الله عنه عن النبي صلى الله عليه وسلم قال:
«مَنْ رَدَّ عَنْ عِرْضِ أَخِيهِ رَدَّ اللهُ عَنْ وَجْهِهِ النَّارَ يَوْمَ الْقِيَامَةِ».

[صحيح] - [رواه الترمذي وأحمد] - [سنن الترمذي: 1931]
المزيــد ...

အဗူဒရ်ဒါအ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အကြင်သူသည် မိမိညီနောင်၏ ဂုဏ်သိက္ခာကို (၎င်းသူကွယ်ရာ၌) ကာကွယ်ပေးခဲ့လျှင် ကိယာမသ် တရားစီရင်မည့်နေ့၌ အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ မျက်နှာအား ဂျဟန္နမ်ငရဲမီးမှ ကာကွယ်ပေးတော်မူမည်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه الترمذي وأحمد] - [سنن الترمذي - 1931]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ အကြင်သူသည် မိမိ၏ မွတ်စ်လင်မ်ညီနောင်တစ်ဦးအား သူ၏ကွယ်ရာ၌ သူ့အားစော်ကားနေခြင်း၊ မကောင်းပြောနေခြင်းတို့ကို တားမြစ်ကာ ၎င်း၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးခဲ့လျှင် ကိယာမသ် တရားစီရင်မည့်နေ့၌ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ဂျဟန္နမ်ငရဲမီး၏ ပြစ်ဒဏ်မှ ကာကွယ်ပေးတော်မူမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မွတ်စ်လင်မ်တို့၏ ဂုဏ်သိက္ခာကို ထိပါးစော်ကား၍ ပြောဆိုခြင်းကို တားမြစ်ထားသည်။
  2. လုပ်ရပ်အမျိုးအစားနှင့်အညီ အစားရလဒ်ရရှိခြင်းဖြစ်သည်။ မိမိညီနောင်၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးသူအား အလ္လာဟ်အရှင်မြတ်က ဂျဟန္နမ်ငရဲမီးမှ ကာကွယ်ပေးတော်မူမည်ဖြစ်သည်။
  3. အစ္စလာမ်သာသနာသည် မွတ်စ်လင်မ်အချင်းချင်းအကြား၌ ညီနောင်စိတ်ဓာတ်နှင့် ကူညီရိုင်းပင်းခြင်းတို့ကို အားပေးသော သာသနာဖြစ်သည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি الفولانية အီတလီ অরমো কন্নড় الولوف البلغارية আজারী اليونانية الأكانية الأوزبكية الأوكرانية الجورجية اللينجالا المقدونية الخميرية الماراثية
ဘာသာပြန်များကို ကြည့်ရှုရန်
ထပ်၍