عن أبي هريرة رضي الله عنه:
أَنَّ رَجُلًا قَالَ لِلنَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: أَوْصِنِي، قَالَ: «لَا تَغْضَبْ» فَرَدَّدَ مِرَارًا قَالَ: «لَا تَغْضَبْ».

[صحيح] - [رواه البخاري] - [صحيح البخاري: 6116]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။
ပုဂ္ဂိုလ်တစ်ဦးက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကျွန်တော်မျိုးအား ဆုံးမတော်မူပါဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က « အသင်ဒေါသမထားနှင့်ဟု» မိန့်တော်မူသည်။ ထိုပုဂ္ဂိုလ်က အကြိမ်ကြိမ်လျှောက်ထားခဲ့ရာ ကိုယ်တော်က (အကြိမ်တိုင်းတွင်) «အသင်ဒေါသမထားနှင့်ဟု» မိန့်တော်မူခဲ့သည်။

[صحيح] - [رواه البخاري] - [صحيح البخاري - 6116]

ရှင်းလင်းချက်

ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟု)တစ်ဦးက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား မိမိအား အကျိုးဖြစ်စေမည့်အရာကို ညွှန်ကြားပြသပေးရန်တောင်းဆိုခဲ့သည်။ ကိုယ်တော်က သူ့အား ဒေါသမထားရန် မိန့်ကြားတော်မူခဲ့သည်။ ဆိုလိုသည်မှာ ဒေါသဖြစ်စေသော အကြောင်းတရားများကို ရှောင်ကြဉ်ရန်၊ ဒေါသဖြစ်လျှင်လည်း မိမိကိုယ် မိမိထိန်းချုပ်ရန်နှင့် ဒေါသအလျှောက် သတ်ခြင်း၊ ရိုက်ပုတ်ခြင်း၊ ဆဲဆိုခြင်း စသည်တို့ကို မကျူးလွန်ရန်ဖြစ်သည်။
ထိုသူက ဆုံးမစကားပြောကြားရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ရာ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က “အသင်ဒေါသမထားနှင့်“ ဟူသည့် စကားအပြင် မည်သည့်စကားမျှ ထပ်မပြောခဲ့ပေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဒေါသထားခြင်းနှင့် ဒေါသဖြစ်စေသောအကြောင်းခံများမှ ရှောင်ကြဉ်ရန် သတိပေးထားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မကောင်းမှုအားလုံး၏ အရင်းမြစ်ဖြစ်ပြီး၊ ၎င်းမှရှောင်ကြဉ်ခြင်းသည် ကောင်းခြင်းအားလုံး၏ အရင်းမြစ်ဖြစ်သည်။
  2. အလ္လာ့ဟ်အတွက် ဒေါသထားခြင်းသည် ချီးမွမ်းထိုက်သည့် ဒေါသအနက်မှဖြစ်သည်။ ဥပမာ- အလ္လာဟ်အရှင်မြတ်၏ တားမြစ်ချက်များကို ဖောက်ဖျက်သောကြောင့် ဒေါသထားခြင်းမျိုးဖြစ်သည်။
  3. ပြောလိုက်သည့်စကားကို နားထောင်‌နေသူက သတိပြုမိပြီး စကား၏အရေးပါမှုကို သိရှိလာစေရန်အတွက် လိုအပ်ပါက ထပ်ခါတလဲလဲ ပြောရမည်။
  4. ဆုံးမစကားပြောကြားပေးရန် ပညာရှင်တို့အားတောင်းဆိုခြင်း၏ မွန်မြတ်မှုကို တင်ပြထားသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (65)
ထပ်၍