عن أبي هريرة رضي الله عنه : أن رجلًا قال للنبي -صلى الله عليه وآله وسلم-: أوصني، قال لا تَغْضَبْ فردَّدَ مِرارًا، قال لا تَغْضَبْ».
[صحيح] - [رواه البخاري]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကျွန်တော်မျိုးအား ဆုံးမတော်မူပါဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က အသင်ဒေါသမထားနှင့်ဟု မိန့်တော်မူသည်။ ထိုပုဂ္ဂိုလ်က အကြိမ်ကြိမ်လျှောက်ထားခဲ့ရာ ကိုယ်တော်က (အကြိမ်တိုင်းတွင်) အသင်ဒေါသမထားနှင့်ဟုသာ မိန့်တော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်း။
ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟု) တစ်ဦးက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား လောကီဘဝနှင့် နောင်တမလွန်ဘဝ၌ မိမိအား အကျိုးဖြစ်ထွန်းစေမည့်အရာနှင့်ပတ်သက်၍ မိန့်ကြားတော်မူရန် တောင်းဆိုခဲ့ရာ ကိုယ်တော်က ၎င်းအား ဒေါသမထားရန် မိန့်ကြားတော်မူခဲ့သည်။ “အသင် ဒေါသမထားနှင့်” ဟူသော ကိုယ်တော်၏ ဆုံးမစကားသည် လူသားတို့၏ များစွာသောမကောင်းမှုများကို ဖယ်ရှားလိုက်ခြင်းပင်ဖြစ်သည်။