عن أبي سعيد الخدري رضي الله عنه أن رسول الله -صلى الله وعليه وسلم- قال: «لا ضَرَرَ ولا ضِرَارَ».
[صحيح] - [رواه ابن ماجه من حديث أبي سعيد الخدري -رضي الله عنه- ومن حديث عبادة بن الصامت -رضي الله عنه-. ورواه أحمد من حديث عبادة بن الصامت -رضي الله عنه-. ورواه مالك من حديث عمرو بن يحي المازني مرسلا]
المزيــد ...

အဗူစအီးဒ် ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်။ မိမိကိုယ်မိမိ ထိခိုက်နစ်နာအောင်ပြုခြင်းနှင့် အခြားသူကို ထိခိုက်နစ်နာအောင်ပြုခြင်းတို့ မပြုလုပ်ရ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - အိဗ်နုမာဂျဟ်ကျမ်း။

ရှင်းလင်းချက်

ဤဟဒီးဆ်တော်သည် ရှရီအဟ် တရားဥပဒေပြဋ္ဌာန်းချက်များ၊ ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းများနှင့် လူအချင်းချင်း ဆက်ဆံမှုနှင့် သက်ဆိုင်သည့် အစ္စလာမ့်အခြေခံမူကို တင်ပြထားခြင်းဖြစ်သည်။ထိုအခြေခံမူမှာ အဖန်ဆင်းခံများကို ထိခိုက်နစ်နာမှုအမျိုးမျိုးမှ ကာကွယ်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် ထိခိုက်နစ်နာစေခြင်းသည် ဟရာမ်ဖြစ်ပြီး၊ ၎င်းအားဖယ်ရှားရန်မှာ (ဝါဂျိဗ်) အရေးကြီးသောတာဝန်ဖြစ်သည်။ ထိခိုက်နစ်နာမှုအား ပြန်လည်ထိခိုက်နစ်နာစေခြင်းဖြင့် မဖယ်ရှားနိုင်သလို ထိခိုက်နစ်နာစေသောအရာတိုင်းအား တားမြစ်ထားသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် "ဂျဝါမိအုလ်ကလင်မ်" (စကားလုံးနည်းပြီး အဓိပ္ပါယ်ပြည့်ဝသောစကား) ဖြင့်ပြောဆိုနိုင်စွမ်း ချီးမြှင့်ခြင်းခံခဲ့ရသည်။ ၎င်းနှင့်ပတ်သက်၍ သက်သေ အထောက်အထားများစွာရှိပေသည်။ ဤသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ထူးခြားချက်များ အနက်မှတစ်ခုပင်ဖြစ်သည်။
  2. ထိခိုက်နစ်နာမှုအား ဖယ်ရှားရမည်။
  3. တူညီသောအတိုင်းအတာထက် ပို၍ အစားယူခြင်းအား တားမြစ်ထားသည်။
  4. အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျွန်များအား အန္တရာယ်ဖြစ်စေမည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် အမိန့်မပေးထားပေ။
  5. ဟဒီးဆ်တော်၌ အငြင်းဝါကျပုံစံဖြင့်လာရှိသော်လည်း တားမြစ်သည့်အဓိပ္ပါယ်ကိုဆောင်သည်။
  6. အပြောအဆိုဖြင့်သော်လည်းကောင်း၊ လုပ်ရပ်အားဖြင့်သော်လည်းကောင်း၊ လျစ်လျူရှုထားခြင်းဖြင့်သော်လည်းကောင်း ထိခိုက်နစ်နာစေခြင်းကိုတားမြစ်သည်။
  7. အစ္စလာမ်သာသနာသည် ငြိမ်းချမ်းသောဘာသာတရားဖြစ်သည်။
  8. ဤ ဟဒီးဆ်တော်သည် ရှရီအဟ် တရားဥပဒေ၏ အခြေခံမူများအနက်မှ တစ်ခုဖြစ်သည်။ ၎င်းမှာ ရှရီအဟ်တရားဥပဒေသည် ထိခိုက်နစ်နာမှုကို မထောက်ခံသလို ထိခိုက်နစ်နာစေခြင်းကိုလည်း လက်မခံပေ။
  9. (ဿွိရရ်)နှင့် (ဿွိရာရ်)၏အဓိပ္ပာယ်တွင် ခြားနားမှုရှိသလော၊ မရှိသလောဟူသည်နှင့်ပတ်သက်၍ ပညာရှင်အချို့က ထိုစကားလုံးနှစ်ခုလုံး၏အဓိပ္ပာယ်သည် တစ်မျိုးတည်းသာဖြစ်ပြီး အဓိပ္ပာယ်လေးနက်စေရန်ဖေါ်ပြထားခြင်းဖြစ်သည်ဟုဆိုကြသည်။ သို့သော် ကျော်ကြားထင်ရှားသည့်အဆိုအရ ယင်းစကားလုံးနှစ်လုံးကြား၌ အဓိပ္ပာယ်ခြားနားချက်ရှိသည်။ ထို့ပြင် အချို့က (ဿွရရ်)သည် “နာမ်”ဖြစ်ပြီး၊ (ဿွိရာရ်)သည် “ကြိယာ” ဖြစ်သည်ဟုဆိုကြသည်။ ထိုသို့ဆိုပါက အလိုသဘောမှာ ထိခိုက်နစ်နာမှုသည် သူ့ပင်ကို၌ပင် ရှရီအဟ်တရားတော်၌ တားမြစ်ထားသည့်ကိစ္စဖြစ်သည်။တခြားသူကိုလည်း မတရားသ ဖြင့် ထိခိုက်နစ်နာစေခြင်းသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။အချို့က (ဿွရရ်)ဟူသည် မိမိအတွက် အကျိုးရှိသောအရာဖြင့် အခြားသူများကို ထိခိုက်နစ်နာစေခြင်းဖြစ်ပြီး (ဿွိရာရ်)သည် မိမိအတွက် အကျိုးမရှိသောအရာဖြင့် အခြားသူများကို ထိခိုက်နစ်နာအောင် လုပ်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ဥပမာ လူတစ်ဦးသည် တစ်စုံတစ်ရာကို တားဆီးလိုက်သည့်အတွက် မိမိမှာထိခိုက်မှုမရှိသော်လည်း တားဆီးခံလိုက်ရသူများအတွက် ထိခိုက်နစ်နာမှုဖြစ်စေသည်။ ပညာရှင်တစ်စုက ဤအဆိုကို ဦးစားပေးကြသည်။ ၎င်းတို့ထဲတွင် အစ်ဗ်နုအဗ်ဒုလ်ဗရ်နှင့် အစ်ဗ်နုဆွလာဟ် စသည့်ပညာရှင်များပါဝင်သည်။ အချို့က (ဿွရရ်) ဟူသည် မိမိအား ဒုက္ခမပေးသည့်သူကို ထိခိုက်နစ်နာအောင်လုပ်ခြင်းဖြစ်ပြီး (ဿွိရာရ်)သည် မိမိအား နစ်နာအောင်ပြုခဲ့သူအား မပိုင်သောနည်းဖြင့် ထိခိုက်နစ်နာအောင်ပြန်လုပ်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မပြုပိုင်သော (ဿွရရ်) နှင့် (ဿွိရာရ်)နှစ်ခုစလုံးအား တားမြစ်တော်မူခဲ့ခြင်းဖြစ်သည်။