عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِذَا وَجَدَ أَحَدُكُمْ فِي بَطْنِهِ شَيْئًا، فَأَشْكَلَ عَلَيْهِ أَخَرَجَ مِنْهُ شَيْءٌ أَمْ لَا، فَلَا يَخْرُجَنَّ مِنَ الْمَسْجِدِ حَتَّى يَسْمَعَ صَوْتًا، أَوْ يَجِدَ رِيحًا».
[صحيح] - [رواه مسلم] - [صحيح مسلم: 362]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အကယ်၍ အသင်တို့အနက်မှတစ်ဦးတစ်ယောက်သည် မိမိ၏ဝမ်းဗိုက်ထဲ၌ တစ်စုံတစ်ရာခံစားရပြီး လေလည်လိုက်ခြင်းရှိ၊ မရှိ သံသယဖြစ်ပါက အသံမကြားသ၍ သို့မဟုတ် အနံ့မရသ၍ ဗလီဝတ်ကျောင်းတော်မှ လုံးဝမထွက်သွားရပေ။
[صحيح] - [رواه مسلم] - [صحيح مسلم - 362]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ အကယ်၍ ဆွလာသ်ဝတ်ပြုနေသူတစ်ဦးသည် ဝမ်းဗိုက်ထဲ၌(လေများ)မွှေနှောက်နေပြီး တစ်စုံတစ်ရာ ထွက်သွားခြင်း ရှိ၊ မရှိ သံသယဖြစ်ခဲ့လျှင် ထိုသူသည် ဆွလာသ်ကိုဖျက်ပြီး ဝုဿွူပြုရန်အတွက် မိမိဆွလာသ်ဝတ်ပြုသည့်နေရာမှ မထွက်သွားရပေ။ လေထွက်သည့် အသံကိုကြားခြင်း သို့မဟုတ် အနံ့ရခြင်းစသည်ဖြင့် ဝုဿွူပျက်ကြောင်း သေချာသိမှသာ ထွက်သွားရမည်။ အဘယ်ကြောင့်ဆိုသော် သေချာခိုင်မာသည့် အရာတစ်ခုကို သံသယက မပယ်ဖျက်နိုင်ပေ။ ၎င်းသည် ဝုဿွူပြုထားသည်မှာ သေချာခိုင်မာပြီး လေလည်ခြင်းသည် သံသယသာဖြစ်သည်။