عن أبي هريرة قال: قال رسول الله صلى الله عليه وسلم: «إذا وجد أحدكم في بطنه شيئًا، فأشكل عليه أخرج منه شيء أم لا، فلا يَخرجنَّ من المسجد حتى يسمع صوتًا، أو يجد ريحًا».
[صحيح] - [رواه مسلم]
المزيــد ...

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။အကယ်၍ အသင်တို့အနက်မှတစ်ဦးတစ်ယောက်သည် မိမိ၏ဝမ်းဗိုက်ထဲ၌ တစ်စုံတစ်ရာခံစားရပြီး လေလည်လိုက်ခြင်းရှိ၊ မရှိ သံသယဖြစ်ပါက အသံမကြားသ၍ သို့မဟုတ် အနံ့မရသ၍ ဗလီဝတ်ကျောင်းတော်မှ လုံးဝမထွက်သွားရပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ အကယ်၍ ဆွလာသ်ဝတ်ပြုနေသူတစ်ဦးသည် မိမိဝမ်းဗိုက်ထဲ၌ လှုပ်ရှားတစ်စုံတစ်ရာခံစားရလျှင်၊ ဝမ်းဗိုက်ထဲ၌ လေများမွှေနှောက်နေပြီး တစ်စုံတစ်ရာ ထွက်သွားခြင်း ရှိ၊ မရှိ သံသယဖြစ်ခဲ့လျှင် ထိုသူသည် မိမိဆွလာသ်ဝတ်ပြုသည့်နေရာမှ လုံးဝမထွက်သွားရပေ။ ဆိုလိုသည်မှာ ဝုဿွူထပ်မံပြုရန်အတွက် မိမိဆွလာသ်ဝတ်ပြုသည့်နေရာမှ မထွက်သွားရပေ။ အဘယ်ကြောင့်ဆိုသော် သေချာခိုင်မာသည့် အရာတစ်ခုကို သံသယက မပယ်ဖျက်နိုင်ပေ။ ၎င်းသည် ဝုဿွူပြုထားသည်မှာ သေချာခိုင်မာပြီး လေလည်ခြင်းသည် သံသယသာဖြစ်သည့်အတွက် အသံမကြားသ၍ သို့မဟုတ် အနံ့မရသ၍ ဗလီဝတ်ကျောင်းတော်မှ လုံးဝမထွက်သွားရပေ။ ဆိုလိုသည်မှာ မိမိ၏ဝုဿွူကို ပျက်စေသည့် ကိစ္စမျိုးဖြစ်ခဲ့ကြောင်း သေချာသည်အထိ တနည်းအားဖြင့် အနောက်လမ်းကြောင်းမှ လေထွက်သည့် အသံကြားလိုက်ခြင်း သို့မဟုတ် အနံ့ရလိုက်ခြင်းတို့ ဖြစ်ပေါ်လာမှသာလျှင် ထွက်သွားရမည်ဖြစ်သည်။ ဤအခြေအနေတွင် အသံကြားခြင်းနှင့် အနံ့ရခြင်း နှစ်မျိုးစလုံးရှိရမည်ဟု သတ်မှတ်ချက်မရှိပေ။ သို့သော် လူတစ်ဦးသည် ထိုသို့သံသယစိတ်မဖြစ်ပေါ်ဘဲ၊ အသံကြားခြင်း အနံ့ရခြင်းတို့မရှိဘဲ လေလည်လိုက်ကြောင်း သေချာသိလျှင် ၎င်း၏ဝုဿွူပျက်သွားပြီဖြစ်သည်။ ဟဒီးဆ်တော်၏ ဆိုလိုရင်းသည်လည်း သေချာပေါက်သိခြင်းသည်သာ အဓိကဖြစ်သည်။ ဤသည် လေလည်လိုက်ကြောင်း သံသယဖြစ်နေသူနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်၏တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ထံတော်မှလာရှိထားသည့် မိန့်ကြားချက်ပင်ဖြစ်သည်။ သို့သော် ယင်းသည် လေလည်လိုက်သည့်အသံကို ကြားရမှသာ သို့မဟုတ် အနံ့ရမှသာ ဝုဿွူပျက်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ဤဟဒီးဆ်တော်တွင် အလွန်ပင်အရေးကြီးသော အခြေခံစည်းမျဉ်း တစ်ချက်ပါရှိသည်။ ၎င်းမှာ သံသယသည် သေချာခိုင်မာသည့် အရာတစ်ခု၏အမိန့်ကို မပယ်ဖျက်နိုင်ပါ။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဤဟဒီးဆ်တော်သည် အစ္စလာမ်သာသနာ၏ အခြေခံစည်းမျဥ်းများအနက်မှ စည်းမျဉ်းတစ်ခုနှင့် ဖိက်ဟ်တရားဥပဒေ၏ ဥပဒေသများအနက်မှ ဥပဒေသတစ်ခုဖြစ်သည်။ ၎င်းမှာ အရာတစ်ခုသည် ပြောင်းလဲသွားကြောင်း သေချာခိုင်မာမှု မရှိသေးသမျှ ထိုအရာသည် ၎င်း၏မူလအခြေအနေအပေါ်တွင်သာရှိနေသည်။ ဖြစ်ပေါ်လာသော သံသယသည် ၎င်းအပါ်သက်ရောက်မှု မရှိပါ။
  2. သံသယစိတ်သည် ဝုဿွူကို မထိခိုက်စေပါ။ ၎င်းပြင် ဆွလာသ်ဆောက်တည်သူသည် ဝုဿွူပျက်သွားကြောင်း မသေချာမချင်း ၎င်း၏ဝုဿွူသည် ရှိနေမည်ဖြစ်သည်။
  3. လေလည်ခြင်းကို သေချာသိနိုင်ရန်အတွက် အသံကြားခြင်းနှင့် အနံ့ရခြင်း
  4. နှစ်မျိုးစလုံးရှိရမည်ဟု သတ်မှတ်ချက်မရှိပါ။