ဟဒီးဆ်တော်များစာရင်း

သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ်နှင့် အလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။
عربي الإنجليزية الأوردية
အရာငါးခုသည် လူသား၏ သဘာဝအနက်မှဖြစ်သည်။ (၁)ခသ်နဟ် လိင်အရေပြား လှီးဖြတ်ခြင်း၊ (၂)ချက်အောက်မွေးရိတ်ခြင်း၊ (၃)နှုတ်ခမ်းမွေးညှပ်ခြင်း၊ (၄)လက်သည်း၊ခြေသည်းညှပ်ခြင်း၊ (၅)ချိုင်းမွေးနုတ်ခြင်း။
عربي الإنجليزية الأوردية
နှုတ်ခမ်းမွေးညှပ်ပါ၊ မုတ်ဆိတ်မွေးကို ရှည်လျားအောင် လွှတ်ထားပါ။
عربي الإنجليزية الأوردية
အကြင်သူသည် ငါကိုယ်တော်၏ ဤဝုဿူပြုနည်းအတိုင်း ဝုဿူပြုလုပ်ပြီး ဆွလာသ်နှစ်ရကအသ်ဆောက်တည်မည်။ ယင်းနှစ်ရကအသ်ထဲတွင် စိတ်ထဲမှစကားပြောခြင်း(ဟိုဒီတွေးခြင်း)မပြုလျှင် ထိုသူယခင်က ကျူးလွန်ခဲ့သော အပြစ်များ ခွင့်လွှတ်ခြင်းခံရမည် ဖြစ်သည်။
عربي الإنجليزية الأوردية
ဟဒတ်စ် (ဝူဿွူပျက်ခြင်း) ဖြစ်သွားလျှင် ဝူဿွူပြန်မလုပ်မချင်း အသင်တို့အနက် မည်သူ၏ဆွလာသ်ကိုမျှ အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူမည် မဟုတ်ပေ။
عربي الإنجليزية الأوردية
(မစ္စဝါက်) တံပူစားခြင်းသည် ခံတွင်းကို သန့်ရှင်းစင်ကြယ်စေပြီး အလ္လာဟ်အရှင်မြတ် ‌ကျေနပ်နှစ်သက်မှုကိုရရှိစေသည်။
عربي الإنجليزية الأوردية
အကြင်သူသည် ဝုဿွူရေသန့်စင်ခြင်းအား ကောင်းမွန် ပြည့်စုံအောင်ပြုလုပ်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်မှ အကုသိုလ်များ ကင်းစင်သွားမည်ဖြစ်ပြီး လက်သည်းအောက်ရှိ အကုသိုလ်များပါ ကင်းစင်သွားမည်ဖြစ်သည်။
عربي الإنجليزية الأوردية
အသင်တို့သည် ကျင်ငယ်ရေ(ပေကျံခြင်း) မှ ရှောင်ကြဉ်ကြပါ။ ကဗရ်၌ အဇာဗ်ပေးခြင်းခံရသည့် (အကြောင်းအရင်းများအနက်) အများစုသည် ဤကိစ္စကြောင့်ဖြစ်သည်။
عربي الإنجليزية الأوردية
သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။
عربي الإنجليزية الأوردية
- " ( ရေမစိုသည့်) ခြေဖနောင့်များ အတွက် ငရဲမီး၏ပြစ်ဒဏ်ရှိမည်။ သင်တို့သည် ဝူဿွူကို ကောင်းစွာ ပြုလုပ်ကြလော့။
عربي الإنجليزية الأوردية
ထို(ခြေအိတ်)နှစ်ခုကို ထားလိုက်ပါ။ ဧကန်အမှန်ပင် ငါကိုယ်တော်သည် ၎င်းခြေအိတ်နှစ်ခုကို (ဝုဿွူပြု၍) သန့်စင်နေသည့် အခြေအနေမျိုးတွင် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူသည်။
عربي الإنجليزية الأوردية
ဤသည် သွေးကြောမှလာသည့်သွေးသာဖြစ်သည်။ သို့သော် အသင်မ ဓမ္မတာသွေးဆင်းလေ့ရှိသည့် ရက်အ တိုင်းအတာကိုသာ ဆွလာသ်ဆောက်တည်ခြင်းမပြုဘဲ နေရမည်။ ၎င်းနောက် (ထိုရက်များကျော်လွန်သွားပါက) သင်မရေချိုးပြီး ဆွလာသ်ဆောက်တည်ပါ။
عربي الإنجليزية الأوردية
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဝုဿွူပြုလုပ်သည့်အခါ မိမိနှာခေါင်းထဲသို့ ရေထည့်ပြီး ညှစ်ထုတ်ကာသန့်စင်မှုပြုပါ။ အပေါ့၊ အလေး သွားပြီး ကျောက်ခဲဖြင့် သန့်စင်မှုပြုသည့်အခါ မဂဏန်း အရေအတွက်ကို အသုံးပြုပါ။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ညအချိန် (သဟဒ်ဂျုဒ်ဆွလာသ်ဝတ်ပြုရန်အတွက်) နိုးထတော်မူသောအခါတိုင်း တံပူဖြင့် မိမိပါးစပ်(သွား)ကို တိုက်တော်မူလေ့ရှိသည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့ အခင်းကြီးသွားသည့်အခါ ကိဗ်လဟ် (ကအ်ဗဟ်ကျောင်းတော်ရှိရာ)ဘက်သို့ မျက်နှာမမူကြနှင့် ကျောလည်းမပေးကြနှင့် သို့သော် အရှေ့အရပ် သို့မဟုတ် အနောက်အရပ်ဘက်သို့သာ လှည့်ကြပါ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျင်ငယ်စွန့်သည့်အခါ မိမိ၏အရှက်အင်္ဂါကို ညာဘက်လက်ဖြင့် ထိကိုင်ခြင်းမပြုနှင့်။ အိမ်သာတက်သည့်အခါ ညာဘက်လက်ဖြင့် ပွတ်တိုက်ဆေးကြောသန့်စင်ခြင်း မပြုနှင့်။ ရေသောက်သည့်အခါ ရေခွက်ထဲသို့ အသက်ရှုထုတ်ခြင်းမပြုနှင့်။
عربي الإنجليزية الأوردية
သင်တို့အနက် တစ်ဦးတစ်ယောက်၏ အိုးခွက်ထဲရှိရေကို ခွေးသောက်ခဲ့လျှင် ထိုခွက်ကို ခုနစ်ကြိမ် ဆေးကြောရမည်
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အိမ်သာသို့ ဝင်သောအခါ ဤသို့ ရွတ်ဆိုတော်မူသည်။ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الخُبُثِ وَالخَبَائِثِ» အဓိပ္ပါယ်။ ။အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ရှိုင်သွာန်အထီး၊ ရှိုင်သွာန်အမတို့မှ အရှင်မြတ်ထံခိုလှုံပါ၏။
عربي الإنجليزية الأوردية
ဂျနာဗသ် ( ကိုယ်မသန့် ဖြစ်ခြင်းမှ ) ရေချိုးနည်း။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဂျနာဗသ် ကိုယ်မသန့်ဖြစ်ခြင်းမှ သန့်ရှင်းရန် ရေချိုးသောအခါ ကိုယ်တော်မြတ်သည် မိမိ၏လက်နှစ်ဖက်ကို ဆေးကြောကာ ဆွလာသ်ဝတ်ပြုရန် ဝုဿွူပြုသကဲ့သို့ ဝုဿွူပြုတော်မူသည်။ ပြီးနောက် ရေချိုးတော်မူသည်။
عربي الإنجليزية الأوردية
ကျွန်တော်သည် ‘မဇီ’အလွန်ထွက်သူဖြစ်သည်။ ကိုယ်တော်၏သမီးသည် ကျွန်တော်၏ဇနီးဖြစ်နေသည့်အတွက် ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားမေးမြန်းရန် ရှက်မိသည်။ ထို့ကြောင့် ကျွန်တော်သည် မိက်ဒါဒ်ဗင်န် အတ်စ်ဝဒ်အား မေးမြန်းခိုင်းသည်။ ၎င်းကကိုယ်တော်အား လျှောက်ထားမေးမြန်းခဲ့ရာ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မိမိ၏အရှက်အင်္ဂါအားဆေးကြောပါ။ ဝုဿွူပြုလုပ်ပါ။
عربي الإنجليزية الأوردية
ဝူဿွူလုပ်ပြခဲ့သည်။ သူသည် မိမိလက်ပေါ်သို့ အိုးထဲမှ ရေကိုလောင်းချလိုက်ပြီး လက်အား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား အိုးထဲသို့ထည့်၍ ရေယူကာ ပလုတ်ကျင်းပြီး နှာခေါင်းထဲသို့ ရေထည့်ကာ ညှစ်ထုတ်သန့်စင်ခြင်းတို့ကို သုံးကြိမ်ပြုလုပ်ခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်၍ ရေယူကာ မျက်နှာအား သုံးကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ နှစ်ကြိမ်ဆေးကြောခဲ့သည်။ ထို့နောက် သူ၏လက်အား (အိုးထဲသို့)ထည့်ကာ လက်နှစ်ဖက်ဖြင့် သူ၏ဦးခေါင်းအား တစ်ကြိမ်အရှေ့မှ အနောက်သို့ ပွတ်သပ်ခဲ့ပြီး အနောက်မှ အရှေ့သို့ ပြန်၍ပွတ်သပ်ခဲ့သည်။ ၎င်းနောက် သူ၏ခြေထောက်နှစ်ဖက်အား ခြေမျက်စိအထိ ဆေးကြောခဲ့သည်။
عربي الإنجليزية الأوردية
ကိုယ်တော်က သင့်လက်နှစ်ဖက်ဖြင့် ဤမျှလောက်ပြုလုပ်လိုက်လျှင် သင့်အတွက်လုံလောက်သည်ဟု မိန့်ကြားတော်မူပြီး မိမိလက်နှစ်ဖက်ကို မြေပေါ်တွင် တစ်ချက်ပုတ်လိုက်သည်။ ထို့နောက် လက်ဝဲလက်အား လက်ယာဘက်ဖြင့် ပွတ်သပ်တော်မူပြီး မိမိလက်ဖမိုးနှစ်ဖက်နှင့် မျက်နှာကို မစဟ်ပြု ပွတ်သပ်တော်မူခဲ့သည်။
عربي الإنجليزية الأوردية
ကျွန်ုပ်သည် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)ထံ မေးမြန်းခဲ့သည်။ ကျွန်ုပ်က "အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိမိအိမ်သို့ ဝင်သည့်အခါတိုင်း မည်သည့်အရာကို ပထမဆုံး ပြုလုပ်လေ့ရှိပါသနည်း။"လျှောက်ထားမေးမြန်းရာ သခင်မက " မိစ်ဝါးက်တံပူစားခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့သည်။
عربي الإنجليزية الأوردية
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် အိပ်သော်အခါ ရှိုင်သွာန်သည် ၎င်းရဲ့ ဦးခေါင်းနောက်စေ့တွင်အထုံးသုံးထုံး ထုံးလေသည်။ အထုံးတိုင်းတွင် အသင့်အတွက် ညသည် အရှည်ကြီး ကျန်သေးသည်။ ထို့ကြောင့် အသင်ဆက်အိပ်ပါ ဟု မန်းမှုတ်လေသည်
عربي الإنجليزية الأوردية
“မည်သူမဆို ဂျုမုအဟ်နေ့၌ ကိုယ်မသန့်ဖြစ်သည့်အခါရေချိုးသည့်အတိုင်း ရေချိုးပြီး ဆွလာသ်ဆောက်တည်ရန် ထွက်သွားပါက သူသည် ကုလားအုတ်တစ်ကောင်လှူသည့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။
عربي الإنجليزية الأوردية
သင်တို့အနက်မှ မည်သူမဆို ဂျုမုအဟ် ဆွလာသ်ဝတ်ပြုရန် လာရောက်လျှင် သူသည် ရေချိုးရမည်။
عربي الإنجليزية الأوردية
ပင်လယ်ရေသည် သန့်ရှင်းစင်ကြယ်စေသော (ဝူဿွူ၊ ဂုစုလ်ပြုလုပ်ရန် အသုံးချနိုင်သော) ရေဖြစ်၏။ ထို့ပြင် ၎င်း၏ အသေကောင်သည်လည်း ဟလာလ်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
“အကယ်၍ ရေသည် 'ကုလ်လသိုင်းန်' (ခွက်ကြီးနှစ်လုံး) ပမာဏရှိပါက ထိုရေသည် မစင်ကြယ်မှု(အညစ်အကြေး)ကို သယ်ဆောင်လာသည်ဟု မယူဆရ။” ( တစ်နည်း ညစ်ညမ်းသည်ဟု မယူဆရပေ။ )
عربي الإنجليزية الأوردية
အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် အိပ်စက်ခြင်းမှ နိုးထလာသောအခါ နှာခေါင်းထဲ ရေရှူသွင်း ရှူထုတ်လုပ်ပြီး သုံးကြိမ်ဆေးကြောပါ။အဘယ်ကြောင့်ဆိုသော် ရှိုင်သွာန်သည် ထိုသူ၏ နှာ ခေါင်းအရင်း၌ ညတာကုန်ဆုံး ( အိပ်စက် ) ခဲ့ခြင်းကြောင့်ဖြစ်သည်။
عربي الإنجليزية الأوردية
လူတစ်ဦးသည် ဝုဿူပြုလုပ်ရာတွင် သူ၏ခြေထောက်ပေါ်ရှိ လက်သည်းခွံအရွယ်အစားရှိသော နေရာတစ်ခုသည် ရေမစိုဘဲကျန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ထိုအရာကို တွေ့မြင်သွားပြီး‌နောက် ကိုယ်တော်မြတ်က အမိန့်ရှိသည်မှာ “အသင်ပြန်သွားပြီး ဝုဿူကို ကောင်းမွန်စွာပြုလုပ်ပါ”။ ထို့နောက် ထိုလူသည် ပြန်လှည့်သွားပြီး ဝုဿူကို ကောင်းစွာပြုလုပ်ကာ ဆွလာသ်ဝတ်ပြုခဲ့သည်။
عربي الإنجليزية الأوردية
နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် တစ်“စွာအ်”မှစတင်ပြီး ငါး“မွဒ်”ခန့်ရှိသောရေပမာဏနှင့် ရေချိုးတော်မူလေ့ရှိသည်။ တစ်“မွဒ်”ခန့်ရှိသော ရေပမာဏနှင့်ဝုဿူပြုတော်မူလေ့ရှိသည်။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မည်သည့် မုစ်လင်မ်မဆို ဝူဿွူကို ကောင်းမွန်ကျနစွာ ပြုလုပ်မည်။ ထို့နောက် ရပ်ပြီး မိမိ၏ စိတ်နှလုံး သားကော မျက်နာဖြင့်ပါ (စိတ်ရောကိုယ်ပါ) အာရုံစူးစိုက်လျက် ဆွလာသ်နှစ်ရကအသ်ကို ဝတ်ပြုလျှင် ထိုသူ့အတွက် ဂျန္နသ်သုခဘုံသည် ဝါဂျိဗ်ဖြစ်သွား (ထိုက်တန်သွား)ပြီဟု မိန့်တော်မူခဲ့လေသည်
عربي الإنجليزية الأوردية
သင်တို့အနက် တစ်ဦးဦးသည် ဝူဿွူ ပြုလုပ်ပြီး နောက် ခြေအိတ်ဝတ်ဆင်ခဲ့လျှင်၊ ထိုခြေအိတ်များကို ဝတ်ဆင်ထားလျက်နှင့်ပင် ဆွလာသ် ဝတ်ပြုပါ။ ထို့ပြင် ထိုခြေအိတ်များပေါ်၌ မစဟ် (ပွတ်သပ်ခြင်း) ပြုလုပ်ပါ။ ထို့နောက် သူအလိုရှိလျှင် ဂျနာဗသ် (ရေချိုးရမည့် အကြောင်း) မှလွဲ၍ (အခြားအကြောင်းဖြင့်) ခြေအိတ်များကို မချွတ်ရပါ။( ချွတ်ရန်မလိုပေ။)
عربي الإنجليزية الأوردية
ကျွန်မတို့သည် သွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် ညစ်ညမ်းသော အရောင် (အညိုရောင်) သို့မဟုတ် အဝါရောင် ရှိသော အရည်များ ထွက်လာခြင်းကို ဓမ္မတာသွေးဆင်းခြင်းအဖြစ် မှတ်ယူခြင်း မပြုခဲ့ပါ။
عربي الإنجليزية الأوردية
ဓမ္မတာသွေးပေါ်သည့်ကာလအတိုင်း စောင့်ဆိုင်းနေပါ။ ထို့နောက် အသင်မရေချိုးလိုက်ပါ။
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်တိုင်းအတွက်(ဝုဿွူရှိလျက်နှင့်) ဝုဿွူ(ထပ်မံ)ပြုလုပ်တော်မူ၏။
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုလုပ်ရာ၌ (အစိတ်အပိုင်းများကို) တစ်ကြိမ်စီ (ဆေးကြောတော်မူသည်)။
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုလုပ်ရာ၌ (အစိတ်အပိုင်းများကို)နှစ်ကြိမ်စီ ဆေးကြောတော်မူခဲ့၏။
عربي الإنجليزية الأوردية
အကယ်၍ အသင်တို့အနက်မှတစ်ဦးတစ်ယောက်သည် မိမိ၏ဝမ်းဗိုက်ထဲ၌ တစ်စုံတစ်ရာခံစားရပြီး လေလည်လိုက်ခြင်းရှိ၊ မရှိ သံသယဖြစ်ပါက အသံမကြားသ၍ သို့မဟုတ် အနံ့မရသ၍ ဗလီဝတ်ကျောင်းတော်မှ လုံးဝမထွက်သွားရပေ။
عربي الإنجليزية الأوردية
မွတ်စ်လင်မ်တိုင်းအပေါ် ၌ တစ်ပတ်လျှင်တစ်ရက် မိမိ၏ဦးခေါင်းနှင့် ခန္ဓာကိုယ်ကိုဆေးကြောကာ ရေချိုးရန်တာဝန်ရှိသည်။
عربي الإنجليزية الأوردية
ကျွန်တော်သည် အစ္စလာမ်သာသနာကို လက်ခံရန်ရည်ရွယ်ချက်ဖြင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာခဲ့သည်။ ထိုအခါ ကိုယ် တော်သည် ကျွန်တော့်အား ရေနှင့်ဆီးရွက်တို့ဖြင့်ရေချိုးရန် အမိန့်ပေးတော်မူခဲ့သည်။
عربي الإنجليزية الأوردية
ကျွန်ုပ်တို့အတွက် နှုတ်ခမ်းမွေးညှပ်ရန်၊ လက်သည်း ခြေသည်းညှပ်ရန်၊ ချိုင်းမွှေးနုတ်ရန်၊ ချက်အောက်မွှေးရိတ်ရန်နှင့် ထိုအရာများအား ရက်ပေါင်း (၄၀) ထက်ကျော်လွန်ပြီး မထားကြရန် အချိန်သတ်မှတ်ပေးခြင်း ခံထားရသည်။
عربي الإنجليزية الإندونيسية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိမ်သာတက်သည့်အခါတိုင်း ကျွန်တော်နှင့် ကျွန်တော် ၏အရွယ်တူ ကလေးတစ်ဦးသည် ရေအိုးတစ်လုံးနှင့် လှံတိုတစ်ချောင်းကို သယ်ဆောင်လျက် လိုက်ပါကြရသည်။ ထို့နောက် တမန်တော်မြတ်သည် ရေဖြင့် သန့်စင်တော်မူလေသည်။
عربي الإنجليزية الأوردية
ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရှိနေခဲ့ပြီး ကိုယ်တော်သည် မျိုးနွယ်စုတစ်ခု၏ အမှိုက်စွန့်ပစ်သည့်နေရာသို့ ရောက်လာခဲ့သည်။ ကိုယ်တော်သည် ရပ်လျက်အပေါ့သွားတော်မူသည်။
عربي الإنجليزية الأوردية
စွဗ်ဟာနလ္လာဟ် (အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူ၏) မုအ်မင်န်ယုံကြည်သူသည် မသန့်မဖြစ်ပါဟု မိန့်ကြားတော်မူခဲ့၏။
عربي الإنجليزية الأوردية
ကျွန်မသည် အာအိရှဟ်သခင်မအား ဓမ္မတာလာနေတယ့်အမျိုးသမီးဟာ ( ကိုယ်သန့်သွားတယ့်အခါ ) ဆောင်မ်ဥပုသ်ကို ပြန်လည်ဖြည့်စွက်ရပြီး ဆွလာသ်ကို ပြန်မဖြည့်စွက်ရခြင်းမှာ အဘယ်ကြောင့်နည်းဟု မေးမြန်းလျှောက်ထားခဲ့သည်
عربي الإنجليزية الأوردية
ဝုဿွူကို ကောင်းမွန်ကျနစွာ အပြည့်အဝပြုလုပ်ပါ၊ လက်ချောင်းများကြားကို ရေရောက်အောင် ဆေးကြောပါ၊ အိစ်သင်န်ရှားက် (နှာခေါင်းအတွင်းသို့ ရေထည့်၍ ရှိုက်သွင်းကာပြန်ထုတ်ရာ) ပြုလုပ်ရာတွင် အတိုင်းအထက်အလွန် ကောင်းစွာပြုလုပ်ပါ၊ သို့ရာတွင် အကယ်၍ သင်သည် စောင်မ်ဥပုသ်သီလ စောင့်ထိန်းထားသူဖြစ်ပါက အလွန်အကျွံမပြုလုပ်လေနှင့်။
عربي الإنجليزية الأوردية
နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် တိရိစ္ဆာန်၏ မစင်ခြောက် သို့မဟုတ် အရိုးဖြင့် သန့်စင်မှုပြုခြင်းမှ တားမြစ်တော်မူခဲ့ပြီး
عربي الإنجليزية الأوردية
နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိမ်သာမှထွက်လာသောအခါတိုင်း«غُفراك» "ဂွဖ်ရာနက"ဟု ရွတ်ဆို‌တော်မူလေ့ရှိသည်။
عربي الإنجليزية الأوردية
- အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျောက်ခဲသုံးခဲထက်နည်း၍ သန့်စင်မှုမပြုလုပ်ကြလေနှင့်။
عربي الإنجليزية الأوردية
မွတ်စ်လင်မ် (သို့မဟုတ်) မုအ်မင်န် ကျေးကျွန်တစ်ဦးသည် ဝုဿွူပြုသည့်အခါ ၎င်း၏မျက်နှာကိုဆေးကြောလိုက်ပါက သူ၏မျက်လုံးနှင့်ကြည့်၍ ကျူးလွန်ခဲ့သည့် အပြစ်တိုင်းသည် ရေနှင့်အတူ (သို့မဟုတ်) နောက်ဆုံးရေစက်နှင့်အတူ မျက်နှာမှကျဆင်းသွားမည်
عربي الإنجليزية الأوردية