عَنْ مَيْمُونَةُ أُمِّ المؤمِنينَ رضي الله عنها قَالتْ:
وَضَعْتُ لِلنَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ غُسْلًا، فَسَتَرْتُهُ بِثَوْبٍ، وَصَبَّ عَلَى يَدَيْهِ، فَغَسَلَهُمَا، ثُمَّ صَبَّ بِيَمِينِهِ عَلَى شِمَالِهِ، فَغَسَلَ فَرْجَهُ، فَضَرَبَ بِيَدِهِ الأَرْضَ، فَمَسَحَهَا، ثُمَّ غَسَلَهَا، فَمَضْمَضَ وَاسْتَنْشَقَ، وَغَسَلَ وَجْهَهُ وَذِرَاعَيْهِ، ثُمَّ صَبَّ عَلَى رَأْسِهِ وَأَفَاضَ عَلَى جَسَدِهِ، ثُمَّ تَنَحَّى، فَغَسَلَ قَدَمَيْهِ، فَنَاوَلْتُهُ ثَوْبًا فَلَمْ يَأْخُذْهُ، فَانْطَلَقَ وَهُوَ يَنْفُضُ يَدَيْهِ.
[صحيح] - [متفق عليه] - [صحيح البخاري: 276]
المزيــد ...
မုအ်မင်န်တို့၏ မိခင်ကြီး မိုင်မူနဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။
ကျွန်မသည် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အတွက်( ဂျနာဗသ်ကိုယ်မသန့်ဖြစ်ခြင်းမှ ရေချိုးသန့်စင်တော်မူရန်) ရေကိုထားပေးခဲ့ပါသည်။ ထို့နောက် ကိုယ်တော့်အား ( မည်သူမှမမြင်စေရန် )
အဝတ်တစ်ခုဖြင့် ဖုံးကာပေးခဲ့သည်။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ လက်နှစ်ဖက်ပေါ်သို့ ရေလောင်းချကာ ယင်းလက်နှစ်ဖက်ကို ဆေးကြောတော်မူခဲ့သည်။ ထို့နောက် မိမိ၏ ညာဘက်လက်ဖြင့် ဘယ်ဘက်လက်ပေါ်သို့ ရေလောင်းပြီး မိမိ၏ အရှက်အင်္ဂါကို ဆေးကြောတော်မူခဲ့သည်။ ထို့နောက် မိမိ၏( ဘယ်ဘက် )လက်ကို မြေကြီးပေါ်တွင် ရိုက်၍ ပွတ်တိုက်တော်မူပြီးနောက် ယင်းအား ဆေးကြောတော်မူခဲ့သည်။ ထို့နောက် ပလုတ်ကျင်းတော်မူပြီး နှာခေါင်းအတွင်းသို့ ရေသွင်းတော်မူခဲ့သည်။ ထို့နောက် မိမိ၏မျက်နှာနှင့် လက်နှစ်ဖက်ကို ( တံတောင်ဆစ်အထိ )ဆေးကြောတော်မူခဲ့သည်။ ထို့နောက် မိမိ၏ဦးခေါင်းပေါ်သို့ ရေလောင်းတော်မူပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးကြောတော်မူခဲ့သည်။ ထို့နောက် ( ထိုရေချိုးနေသည့်နေရာမှ )ရွေ့သွားကာ ခြေထောက်နှစ်ဖက်ကို ဆေးကြောတော်မူခဲ့သည်။ ထို့နောက် ကျွန်မသည် ( ကိုယ်သုတ်ရန် ) အဝတ်တစ်ထည်ပေးရာ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ယင်းကိုလက်မခံဘဲ မိမိ၏လက်ဖြင့် ရေကိုခါထုတ်ကာ ထွက်သွားတော်မူခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 276]
မုအ်မင်န်တို့၏ မိခင်မွန်ကြီး မိုင်မူနဟ်(ရဿွိယလ္လာဟုအန်ဟာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဂျနာဗသ် ( ကိုယ်မသန့်ဖြစ်ခြင်းမှ ) ရေချိုးခြင်း နည်းစနစ်ကို ရှင်းပြခဲ့သည်။ သူမက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အတွက် ရေချိုးရန်ရေကို ထားရှိပေးခဲ့ပြီး အကာအရံတစ်ခုဖြင့်လည်း ကိုယ်တော့်ကို အကာအ
ကွယ်ပြုပေးခဲ့သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အောက်ပါအတိုင်း ဆောင်ရွက်ခဲ့သည်-
။ ( ၁ ) ကိုယ်တော်မြတ်သည် မိမိ၏လက်နှစ်ဘက်ကို အိုးခွက်ထဲသို့ မထည့်မှီ လက်နှစ်ဖက်ပေါ်သို့ ရေလောင်းချကာ ဆေးကြောတော်မူခဲ့သည်။
( ၂ ) အရှက်အင်္ဂါတွင် ကပ်ငြိနေနိုင်သော ဂျနာဗသ်၏ အကြွင်းအကျန်များကို သန့်စင်ရန် မိမိ၏ ညာဘက်လက်ဖြင့် ဘယ်ဘက်လက်ပေါ်သို့ ရေလောင်းပြီး မိမိ၏ အရှက်အင်္ဂါကို ဆေးကြောတော်မူခဲ့သည်။
( ၃ ) လက်များတွင်ရှိသော အညစ်အကျေးကို ဖယ်ရှားရန်အတွက် မိမိ၏( ဘယ်ဘက် )လက်ကို မြေကြီးပေါ်တွင် ရိုက်၍ ပွတ်တိုက်တော်မူပြီးနောက် ယင်းအား ဆေးကြောတော်မူခဲ့သည်။
( ၄ ) မဿ်ွမဿွဟ်ပြုလုပ် ( ပလုတ်
ကျင်း ) ခဲ့သည်။ ဆိုလိုသည်မှာ ရေကို ပါးစပ်ထဲသို့ ထည့်၍ ပါးစပ်အတွင်း လှုပ်ရှားပေးပြီး ထိုရေကို ထွေးထုတ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် အိစ်သင်န်ရှားက် ( နှာခေါင်းသန့်စင်ခြင်း ) ပြုလုပ်ခဲ့သည်။ ဆိုလိုသည်မှာ နှာခေါင်းအတွင်းသို့ ရေထည့်ပြီး တစ်ဆက်တည်းရှူရှိုက်ကာ သန့်စင်စေရန် ထိုရေကိုပြန်ထုတ်ခြင်းဖြစ်သည်။
( ၅ ) မိမိ၏
မျက်နှာနှင့် လက်မောင်းနှစ်ဖက်ကို (လက်နှစ်ဖက်ကိုတံတောင်ဆစ်အပါအဝင်) ဆေးကြောခဲ့သည်။
( ၆ ) မိမိ၏ ဦးခေါင်းပေါ်သို့ ရေလောင်းချတော်
မူခဲ့သည်။
( ၇ ) ခန္ဓာကိုယ်၏ ကျန်အစိတ်အပိုင်းများပေါ်သို့ ရေလောင်းချတော်မူခဲ့သည်။
( ၈ ) မိမိ၏ (ရေချိုးနေသည့် ) နေရာမှရွေ့ကာ ခြေထောက်နှစ်ဖက်ကို ( ရေချိုးနေစဥ် ရေမဆိုထားသည့် ) အခြားနေရာတွင် ဆေးကြောခဲ့သည်။
ထို့နောက် သခင်မသည် ကိုယ်တော့်ထံ ခန္ဓာကိုယ်မှ ရေများကို သုတ်နိုင်ရန် အဝတ်စတစ်ခုကို ယူလာပေးခဲ့သော်လည်း ကိုယ်တော်သည် ယင်းအဝတ်စကို ယူခြင်းမပြုဘဲ မိမိ၏လက်တော်ဖြင့် ခန္ဓာကိုယ်မှ ရေများကို သုတ်ပြီး ခါထုတ်တော်မူခဲ့သည်။