عَنْ أَبِي هُرَيْرَةَ رَضيَ اللهُ عنه:
أَنَّهُ لَقِيَهُ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي طَرِيقٍ مِنْ طُرُقِ الْمَدِينَةِ وَهُوَ جُنُبٌ، فَانْسَلَّ فَذَهَبَ فَاغْتَسَلَ، فَتَفَقَّدَهُ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَلَمَّا جَاءَهُ قَالَ: «أَيْنَ كُنْتَ يَا أَبَا هُرَيْرَةَ؟» قَالَ: يَا رَسُولَ اللهِ، لَقِيتَنِي وَأَنَا جُنُبٌ فَكَرِهْتُ أَنْ أُجَالِسَكَ حَتَّى أَغْتَسِلَ، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «سُبْحَانَ اللهِ، إِنَّ الْمُؤْمِنَ لَا يَنْجُسُ».

[صحيح] - [متفق عليه] - [صحيح مسلم: 371]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ၎င်းအား မဒီနာမြို့၏ လမ်းတစ်ခုတွင် တွေ့ဆုံခဲ့သည်။ ထိုအချိန်၌ ၎င်းသည်ရေချိုးရန် တာဝန်ထိုက်နေသည့်အခြေအနေ)တွင်ရှိနေသောကြောင့် တိတ်တဆိတ်ရှောင်ဖယ်ကာ ရေသွားချိုးခဲ့လေသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ၎င်းအား ရှာဖွေမေးမြန်းခဲ့၏။ ၎င်းပြန်ရောက်လာသောအခါ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "အို-အဘူဟူရိုင်ရဟ်၊ သင်ဘယ်မှာရှိနေခဲ့သလဲ" ဟု မေးမြန်းတော်မူခဲ့ရာ ၎င်းက "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကိုယ်တော်နှင့် ကျွန်တော်မျိုးတွေ့ဆုံချိန်၌ ကျွန်တော်မျိုးသည် ကိုယ်မသန့်ဖြစ်နေခဲ့ပါသည်။ ထို့ကြောင့် ရေမချိုးမှီ ကိုယ်တော့်ထံပါး၌ ထိုင်ရန် မနှစ်မြို့ပါဟု လျှောက်ထားခဲ့၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က စွဗ်ဟာနလ္လာဟ် (အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူ၏) မုအ်မင်န်ယုံကြည်သူသည် မသန့်မဖြစ်ပါဟု မိန့်ကြားတော်မူခဲ့၏။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 371]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မဒီနာမြို့၏ လမ်းတစ်ခုတွင် အဘူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) နှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်တွင် အဘူဟူရိုင်ရဟ်သည် ဂျနာဗသ် (ရေချိုးရန် တာဝန်ထိုက်သောအခြေအနေ)တွင် ရှိနေခဲ့သည်။ ၎င်းသည် မိမိကိုယ်မိမိ မသန့်မရှင်းဖြစ်‌နေ သည်ဟု ယူဆကာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဂုဏ်ပေးလေးစားမှုကြောင့်၊ ထိုအခြေအနေတွင် သူ့အနေဖြင့် တမန်တော်မြတ်နှင့် အတူထိုင်ကာ စကားပြောရန် မသင့်လျော်ဟု ထင်မြင်ယူဆခဲ့ပြီး၊ သူသည် တိတ်တဆိတ် ထွက်ခွာသွားပြီး ရေသွားချိုးခဲ့သည်။ ၎င်းပြန်ရောက်လာသောအခါ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သူဘယ်သွားခဲ့ကြောင်း မေးမြန်းတော်မူခဲ့သည်။ ထိုအခါ ၎င်းက မိမိ၏ခြေအနေကို ရှင်းပြခဲ့ပြီး၊ ဂျနာဗသ်ကြောင့် မသန့်မရှင်းဖြစ်နေသည်ဟု ထင်မြင်ယူဆကာ တမန်တော်မြတ်နှင့် အတူထိုင်ရန် မနှစ်သက်ကြောင်း ပြောကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အံ့အားသင့်တော်မူပြီး ၎င်းအား ( ဤသို့ ) မိန့်ကြားတော်မူခဲ့သည် - မုအ်မင်န်ယုံကြည်သူသည် သန့်ရှင်းစင်ကြယ်သူဖြစ်ပြီး မည်သည့်အခြေအနေတွင်မဆို မသန့်မဖြစ်ပါ။ သက်ရှိထင်ရှားရှိစဉ်ဖြစ်စေ၊ သေဆုံးကွယ်လွန်ပြီးဖြစ်စေ (သူ၏ခန္ဓာကိုယ်သည် သန့်ရှင်းစင်ကြယ်သည်)

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဂျနာဗသ်သည် ဆွလာသ်ဝတ်ပြုခြင်း၊ ကုရ်အာန်ကျမ်းမြတ်ကို ထိခြင်း နှင့် ဗလီကျောင်းတော်အတွင်း နေထိုင်ခြင်းတို့မှ တားမြစ်ထားသည်။ သို့ရာတွင် ဂျနာဗသ်သည် မွတ်စ်လင်မ်များနှင့် အတူထိုင်ခြင်း၊ ဆုံတွေ့ခြင်းတို့မှ တားမြစ်ခြင်းမရှိသလို၊ ဂျနာဗသ်ကြောင့် လူသားသည် မသန့်ရှင်းသူ အဖြစ် မပြောင်းလဲသွားပါ။
  2. မုအ်မင်န်ယုံကြည်သူသည် သက်ရှိထင်ရှားရှိစဉ်ဖြစ်စေ၊ သေဆုံးပြီးဖြစ်စေ (သူ၏ခန္ဓာကိုယ်သည်) သန့်ရှင်းစင်ကြယ်သည်။
  3. သာသနာ့ပညာရှင်များ၊ ထူးမြတ်သူများနှင့် ဂုဏ် အရည်အချင်းတို့ဖြင့် ပြည့်စုံသော ပုဂ္ဂိုလ်များအား ဂုဏ်ပေးလေးစားခြင်းနှင့် အကောင်းဆုံးသော အခြေအနေတွင် ၎င်းတို့နှင့် အတူထိုင်ခြင်း။
  4. နောက်လိုက်မှ ဦးဆောင်သူထံမှ ခွင့်တောင်းခြင်း၏ တရားဝင်မှု - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အဘူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) အား သူ့ထံမှ ခွင့်မတောင်းဘဲ ထွက်ခွာသွားခြင်းအတွက် ကန့်ကွက်တော်မူခဲ့သည်။ ဤသည်မှာ ခွင့်တောင်းခြင်းသည် ကောင်းမွန်သော စည်းကမ်းချက်တစ်ခုဖြစ်သောကြောင့်တည်း။
  5. အံ့အားသင့်ခြင်း ဖြစ်သည့်အခါတွင် "စွဗ်ဟာနလ္လာဟ်" (အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူ၏) ဟု ပြောဆိုခြင်း။
  6. အကျိုး‌ကျေးဇူးတစ်စုံတစ်ရာရှိပါက လူသားသည် မိမိနှင့်သက်ဆိုင်သော ရှက်ဖွယ်ကောင်းသည့် အကြောင်းအရာများကိုလည်း ပြောဆိုခွင့်ပြုထားခြင်း။
  7. ကာဖိရ်ငြင်းပယ်သူသည် မသန့်သူဖြစ်သည်။ သို့ရာတွင် သူ၏ မသန့်မှုသည် သူ၏ အကီဒဟ်ယုံကြည်ချက်၏ ညစ်ညမ်းမှုကြောင့် ဖြစ်သော စိတ်ပိုင်းဆိုင်ရာ မသန့်မှုသာဖြစ်သည်။
  8. အိမာမ်နဝဝီ (ရဟိမဟုလ္လာ) က ဤသို့ဆိုခဲ့သည် - "ဤဟဒီးဆ်တွင် ဤကဲ့သို့သော စည်းကမ်းချက်များလည်း ပါဝင်သည် - အကယ်၍ ပညာရှင်တစ်ဦးသည် သူ၏နောက်လိုက်တစ်ဦးအား မှားယွင်းနိုင်သည်ဟု စိုးရိမ်ရသော အမှုကိစ္စတစ်ခုခုကို မြင်တွေ့ခဲ့ပါက၊ သူ့အား ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းခြင်း၊ မှန်ကန်သောအချက်ကို ပြောပြခြင်းနှင့် ၎င်း၏အမိန့်ပညတ်ချက်ကို ရှင်းလင်းပြသခြင်းတို့ ပြုလုပ်သင့်သည်။
  9. အလ္လာဟ်အရှင်မြတ်သာလျှင် အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်၏။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (36)
ထပ်၍