عَنْ أَبِي هُرَيْرَةَ رَضيَ اللهُ عنه:
أَنَّهُ لَقِيَهُ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي طَرِيقٍ مِنْ طُرُقِ الْمَدِينَةِ وَهُوَ جُنُبٌ، فَانْسَلَّ فَذَهَبَ فَاغْتَسَلَ، فَتَفَقَّدَهُ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَلَمَّا جَاءَهُ قَالَ: «أَيْنَ كُنْتَ يَا أَبَا هُرَيْرَةَ؟» قَالَ: يَا رَسُولَ اللهِ، لَقِيتَنِي وَأَنَا جُنُبٌ فَكَرِهْتُ أَنْ أُجَالِسَكَ حَتَّى أَغْتَسِلَ، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «سُبْحَانَ اللهِ، إِنَّ الْمُؤْمِنَ لَا يَنْجُسُ».
المزيد
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ၎င်းအား မဒီနာမြို့၏ လမ်းတစ်ခုတွင် တွေ့ဆုံခဲ့သည်။ ထိုအချိန်၌ ၎င်းသည်ရေချိုးရန် တာဝန်ထိုက်နေသည့်အခြေအနေ)တွင်ရှိနေသောကြောင့် တိတ်တဆိတ်ရှောင်ဖယ်ကာ ရေသွားချိုးခဲ့လေသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ၎င်းအား ရှာဖွေမေးမြန်းခဲ့၏။ ၎င်းပြန်ရောက်လာသောအခါ၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "အို-အဘူဟူရိုင်ရဟ်၊ သင်ဘယ်မှာရှိနေခဲ့သလဲ" ဟု မေးမြန်းတော်မူခဲ့ရာ ၎င်းက "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကိုယ်တော်နှင့် ကျွန်တော်မျိုးတွေ့ဆုံချိန်၌ ကျွန်တော်မျိုးသည် ကိုယ်မသန့်ဖြစ်နေခဲ့ပါသည်။ ထို့ကြောင့် ရေမချိုးမှီ ကိုယ်တော့်ထံပါး၌ ထိုင်ရန် မနှစ်မြို့ပါဟု လျှောက်ထားခဲ့၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က စွဗ်ဟာနလ္လာဟ် (အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူ၏) မုအ်မင်န်ယုံကြည်သူသည် မသန့်မဖြစ်ပါဟု မိန့်ကြားတော်မူခဲ့၏။