عَنْ حُذَيْفَةَ رضي الله عنه قَالَ:
كُنْتُ مَعَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَانْتَهَى إِلَى سُبَاطَةِ قَوْمٍ، فَبَالَ قَائِمًا، فَتَنَحَّيْتُ فَقَالَ: «ادْنُهْ» فَدَنَوْتُ حَتَّى قُمْتُ عِنْدَ عَقِبَيْهِ فَتَوَضَّأَ فَمَسَحَ عَلَى خُفَّيْهِ.
المزيد
ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရှိနေခဲ့ပြီး ကိုယ်တော်သည် မျိုးနွယ်စုတစ်ခု၏ အမှိုက်စွန့်ပစ်သည့်နေရာသို့ ရောက်လာခဲ့သည်။ ကိုယ်တော်သည် ရပ်လျက်အပေါ့သွားတော်မူသည်။ ကျွန်တော်သည် ကိုယ်တော်နှင့် ခပ်လှမ်းလှမ်းတွင် နေခဲ့ရာ ကိုယ်တော်က အနားလာပါဟု မိန့်ကြားတော်မူသည်။ ထို့ကြောင့် ကျွန်တော်သည် အနားသို့တိုးသွားပြီး ကိုယ်တော်၏ အနောက်တွင် ရပ်နေခဲ့သည်။ ထို့နောက် ကိုယ်တော်သည် ဝုဿွူပြုတော်မူပြီး မိမိ၏ခြေအိတ်နှစ်ဖက်ပေါ်တွင် မစဟ်ပြုတော်မူသည်။