عَنْ حُذَيْفَةَ رضي الله عنه قَالَ:
كُنْتُ مَعَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَانْتَهَى إِلَى سُبَاطَةِ قَوْمٍ، فَبَالَ قَائِمًا، فَتَنَحَّيْتُ فَقَالَ: «ادْنُهْ» فَدَنَوْتُ حَتَّى قُمْتُ عِنْدَ عَقِبَيْهِ فَتَوَضَّأَ فَمَسَحَ عَلَى خُفَّيْهِ.

[صحيح] - [متفق عليه] - [صحيح مسلم: 273]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရှိနေခဲ့ပြီး ကိုယ်တော်သည် မျိုးနွယ်စုတစ်ခု၏ အမှိုက်စွန့်ပစ်သည့်နေရာသို့ ရောက်လာခဲ့သည်။ ကိုယ်တော်သည် ရပ်လျက်အပေါ့သွားတော်မူသည်။ ကျွန်တော်သည် ကိုယ်တော်နှင့် ခပ်လှမ်းလှမ်းတွင် နေခဲ့ရာ ကိုယ်တော်က အနားလာပါဟု မိန့်ကြားတော်မူသည်။ ထို့ကြောင့် ကျွန်တော်သည် အနားသို့တိုးသွားပြီး ကိုယ်တော်၏ အနောက်တွင် ရပ်နေခဲ့သည်။ ထို့နောက် ကိုယ်တော်သည် ဝုဿွူပြုတော်မူပြီး မိမိ၏ခြေအိတ်နှစ်ဖက်ပေါ်တွင် မစဟ်ပြုတော်မူသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 273]

ရှင်းလင်းချက်

ဟုဇိုင်ဖဟ်ဗင်န် ယမာန်(ရဿွိယလ္လာဟုအန်ဟုမာ)က ပြောပြသည်မှာ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရှိနေခဲ့ပြီး ကိုယ်တော်သည် အပေါ့သွားချင်လာသည့်အခါ မျိုးနွယ်စုတစ်ခု၏ အမှိုက်စွန့်ပစ်သည့်နေရာသို့ သွားခဲ့သည်။ ထိုနေရာသည် အမှိုက်များနှင့် အိမ်များမှ လှည်းကျင်းထားသည့် သဲများ စွန့်ပစ်ထားသည့် နေရာဖြစ်သည်။ ကိုယ်တော်သည် ထိုင်၍သာ အပေါ့သွားလေ့ရှိသော်လည်း (ထိုနေရာတွင်) ရပ်လျက်အပေါ့သွားတော်မူသည်။
ဟုဇိုင်ဖဟ်သည် ကိုယ်တာ်နှင့် ခပ်လှမ်းလှမ်းသို့ ထွက်သွားခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူ့အား အနားသို့လာရန် မိန့်ကြားသောကြောင့် ဟုဇိုင်ဖဟ်သည် အနားသို့တိုးသွားပြီး ထိုအခြေနေမျိုးတွင် ကိုယ်တော့်အား အခြားသူများမမြင်နိုင်အောင် ကိုယ်တော်၏ အနောက်ဖက် ခြေထောက်နားတွင် ရပ်နေခဲ့သည်။
ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဝုဿွူပြုတော်မူပြီး ခြေနှစ်ဖက်ကို ဆေးကြောရမည့်အချိန်တွင် ကိုယ်တော်သည် ခွဖ်ဖိုင်းန် (သားရေအပါး သို့မဟုတ် အလားတူအရာဖြင့် ပြုလုပ်ထားပြီး ခြေမျက်စိနှစ်ဖက်ကိုပါ ဖုံးအုပ်ပေးသော ခြေထောက်တွင်ဝတ်ဆင်သည့် ခြေအိတ်) နှစ်ဖက်အား မချွတ်ဘဲ ထိုပေါ်တွင် မစဟ်ပြုတော်မူသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. သားရေခြေစွပ်နှစ်ခုပေါ်တွင် (မဆ်ဟ်) ပွတ်သပ်ခြင်းအား ခွင့်ပြုထားခြင်း။
  2. မတ်တပ်ရပ်၍ ကျင်ငယ်စွန့်ခွင့်ရှိသည်။ သို့သော် စည်းကမ်းချက်တစ်ခုမှာ ဆီးစက်များ ပြန်စင်ခြင်းမရှိစေရပါ။
  3. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အမှိုက်များစွန့်ပစ်သည့်နေရာကို ရွေးချယ်တော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် များသောအားဖြင့် မြေပြန့်ဖြစ်ပြီး ဆီးသွားသူအား ဆီးပြန်မစင်နိုင်သောကြောင့်ဖြစ်သည်။။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)