عَنْ المُغِيرَةِ رضي الله عنه قَالَ:
كُنْتُ مَعَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي سَفَرٍ، فَأَهْوَيْتُ لِأَنْزِعَ خُفَّيْهِ، فَقَالَ: «دَعْهُمَا، فَإِنِّي أَدْخَلْتُهُمَا طَاهِرَتَيْنِ» فَمَسَحَ عَلَيْهِمَا.
[صحيح] - [متفق عليه] - [صحيح البخاري: 206]
المزيــد ...
မုဂီရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ခရီးတစ်ခုတွင်ရှိခဲ့သည်။ (ကိုယ်တော် ဝုဿွူပြုသည့်အခါ) ကျွန်တော်သည် ကိုယ်တော်၏ (သားရေ)ခြေအိတ်နှစ်ဖက်ကို ချွတ်ပေးရန် လက်လှမ်းလိုက်ရာ ကိုယ်တော်က ထို(ခြေအိတ်)နှစ်ခုကို ထားလိုက်ပါ။ ဧကန်အမှန်ပင် ငါကိုယ်တော်သည် ၎င်းခြေအိတ်နှစ်ခုကို (ဝုဿွူပြု၍) သန့်စင်နေသည့် အခြေအနေမျိုးတွင် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ၎င်းနောက် ကိုယ်တော်သည် ထိုခြေအိတ်နှစ်ဖက်ပေါ် မစဟ်ပြု ပွတ်သပ်ခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 206]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ခရီးစဥ်တစ်ခုတွင်ရှိနေခဲ့သည်။ ကိုယ်တော်သည် ဝုဿွူပြုတော်မူခဲ့ပြီး ခြေထောက်နှစ်ဖက်အား ဆေးကြောရန် ရောက်လာသည့်အခါ မုဂီရဟ်ဗင်န် ရှုအ်ဗဟ် (ရဿွိယလ္လာဟုအန်ဟု)က ကိုယ်တော်၏ ခြေထောက်နှစ်ဖက်ကို ဆေးကြောရန်အတွက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ခြေထောက်နှစ်ဖက်တွင် ဝတ်ဆင်ထားသည့် ခြေအိတ်နှစ်ဖက်ကို ချွတ်ရန် လက်ဆန့်လိုက်ရာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ထို(ခြေအိတ်)နှစ်ခုကို ထားလိုက်ပါ။ မချွတ်လေနှင့်။ ဧကန်အမှန်ပင် ငါကိုယ်တော်သည် (ဝုဿွူပြု၍) သန့်စင်ထားသည့် အခြေအနေမျိုးတွင် ၎င်းခြေအိတ်နှစ်ခုကို ငါကိုယ်တော်၏ ခြေထောက်တွင် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ၎င်းနောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ခြေထောက်နှစ်ဖက်ကို ဆေးကြောမည့်အစား ထိုခြေအိတ်နှစ်ဖက်ပါ်တွင် မစဟ်ပြု ပွတ်သပ်ခဲ့သည်။