عن عائشة رضي الله عنها قالت: قال النبي صلى الله عليه وسلم:
«لَا تَسُبُّوا الْأَمْوَاتَ، فَإِنَّهُمْ قَدْ أَفْضَوْا إِلَى مَا قَدَّمُوا».

[صحيح] - [رواه البخاري] - [صحيح البخاري: 1393]
المزيــد ...

အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။
အသင်တို့သည် ကွယ်လွန်သူများကို ဆဲဆိုမကောင်းပြောခြင်း မပြုကြလေနှင့်။ ဧကန်အမှန်ပင် ၎င်းတို့သည် သူတို့ကြိုတင်ပို့ထားသည့် အရာများဆီသို့ ရောက်သွားကြပြီဖြစ်သည်။

[صحيح] - [رواه البخاري] - [صحيح البخاري - 1393]

ရှင်းလင်းချက်

ကွယ်လွန်သူများကို ဆဲဆိုမကောင်းပြောဆိုခြင်း၊ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိပါးစော်ကားခြင်းတို့ကို တားမြစ်ထားကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထိုသို့ပြောဆိုခြင်းသည် မကောင်းသည့် ကိုယ်ကျင့်တရားပင်ဖြစ်သည်။ ထိုကွယ်လွန်သူများသည် ၎င်းတို့ကြိုတင်ပို့ထားသည့် ကောင်းမြတ်သည့် အမလ်လုပ်ရပ်များဆီသို့ဖြစ်စေ သို့မဟုတ် မကောင်းသည့် အမလ်လုပ်ရပ်များဆီသို့ဖြစ်စေ ရောက်သွားကြပြီဖြစ်သည်။ သို့ဖြစ်၍ ထိုသို့ဆဲဆိုမကောင်းပြောဆိုခြင်းသည် ၎င်းကွယ်လွန်သူများထံ မရောက်ရှိဘဲ ရှင်နေသူများကိုသာ ထိခိုက်နာကျင်စေသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကွယ်လွန်သူများကို ဆဲဆိုမကောင်းပြောဆိုခြင်းအား တားမြစ်ထားကြောင်း ဟဒီးဆ်တော်က ညွှန်ပြထားသည်။
  2. ကွယ်လွန်သူများကို ဆဲဆိုမကောင်းပြောဆိုခြင်းကို တားမြစ်ထားခြင်းသည် အသက်ရှင်နေသူများ၏အကျိုးကို ငဲ့ညာခြင်း၊ လူအဖွဲ့အစည်းအတွင်း၌ ရန်လိုမှု၊ မုန်းတီမှုများ မဖြစ်ပါ်စေရန်အတွက်ဖြစ်သည်။
  3. ‌ကွယ်လွန်သူများကို ဆဲဆိုမကောင်းပြောခြင်းကို တားမြစ်ရသည့် ဟိက်မသ် အမြော်အမြင်တစ်ခုမှာ ၎င်းတို့သည် သူတို့ကြိုတင်ပို့ထားသည့် အကောင်း သို့မဟုတ် အဆိုး ဆီသို့ရောက်ရှိသွားပြီဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့အား ဆဲဆိုမကောင်းပြောခြင်းသည် မည်သို့မျှအကျိုးမရှိပေ။ ထို့ပြင် ဤသို့ပြောဆိုခြင်းသည် ကွယ်လွန်သူ၏ အသက်ရှင်ကျန်ရစ်သော ဆွေမျိုးသားချင်းတို့ကိုသာ ထိခိုက်နာကျင်စေသည်။
  4. လူသည် အကျိုးမရှိသော စကားမျိုးကိုမပြောဆိုသင့်ပေ။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (68)
ထပ်၍