عن عائشة رضي الله عنها مرفوعاً: «لا تسبوا الأموات؛ فإنهم قد أفضوا إلى ما قدموا».
[صحيح] - [رواه البخاري]
المزيــد ...
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ အသင်တို့သည် ကွယ်လွန်သူများကို ဆဲဆိုမကောင်းပြောခြင်း မပြုကြလေနှင့်။ ဧကန်အမှန်ပင် ၎င်းတို့သည် သူတို့ကြိုတင်ပို့ထားသည့် အရာများဆီသို့ ရောက်သွားကြပြီဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်း။
ကွယ်လွန်သူများကို ဆဲဆိုမကောင်းပြောဆိုခြင်း၊ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိပါးစော်ကားခြင်းတို့ကို တားမြစ်ထားကြောင်း ဟဒီးဆ်တော်က ညွှန်ပြထားသည်။ ထိုသို့သောလုပ်ရပ်မျိုးကို မကောင်းသည့် ကိုယ်ကျင့်တရားအဖြစ် သတ်မှတ်ထားသည်။ ထိုသို့ တားမြစ်ရသည့် ဟိက်မသ် အမြော်မြင်အား ဟဒီးဆ်တော်၏နောက်ပိုင်းတွင် လာရှိထားသည်မှာ - “ဧကန်အမှန်ပင် ၎င်းတို့သည် သူတို့ကြိုတင်ပို့ထားသည့် အရာများဆီသို့ ရောက်သွားကြပြီဖြစ်သည်။” ဆိုလိုသည်မှာ ၎င်းတို့သည် သူတို့ကြိုတင် ပို့ထားကြသည့် ကောင်းမြတ်သည့် အမလ်လုပ်ရပ်များဆီသို့ဖြစ်စေ သို့မဟုတ် မကောင်းသည့် အမလ်လုပ်ရပ်များဆီသို့ဖြစ်စေ ရောက်သွားကြပြီဖြစ်သည်။ သို့ဖြစ်၍ ထိုသို့ဆဲဆိုမကောင်းပြောဆိုခြင်းသည် ၎င်းကွယ်လွန်သူများထံ မရောက်ရှိဘဲ ရှင်နေသူများကိုသာ ထိခိုက်နာကျင်စေသည်။