عن عائشة رضي الله عنها عن النبي صلى الله عليه وسلم قال:
«إِنَّ أَبْغَضَ الرِّجَالِ إِلَى اللهِ الْأَلَدُّ الْخَصِمُ».

[صحيح] - [متفق عليه] - [صحيح البخاري: 2457]
المزيــد ...

အာအိရှာဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ် အရွံမုန်းဆုံးသူမှာ အလွန်ပြဿနာရှာတတ်သူပင်ဖြစ်သည်။

[صحيح] - [متفق عليه] - [صحيح البخاري - 2457]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် အလွန်ပြဿနာလုပ်သူကို မုန်းတီးတော်မူသည်။ ထိုသူသည် အမှန်တရားကို ကျေနပ်လက်ခံခြင်းမရှိဘဲ အငြင်းအခုံပြုကာ အမှန်တရားကိုပယ်ချရန် ကြိုးစားသည်။ သို့မဟုတ် အမှန်တရားဖြင့်သာ ငြင်းခုံသော်လည်း တရားမျှတမှုဘောင်ကိုကျာ်ကာ အလွန်အကျွံ ငြင်းခုံမှုပြုသည်။ အသိပညာမရှိဘဲ ငြင်းခုံမှုပြုသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မတရားပြုခံရသူသည် မိမိရပိုင်ခွင့်ကို ရှရီအဟ် တရားဥပဒေနည်းလမ်းအတိုင်း စည်းမျဉ်းများနှင့်အညီ တောင်းဆိုခြင်းသည် ပြစ်တင်ရှုံ့ချထားသည့် ငြင်းခုံမှု၌ မပါဝင်ပေ။
  2. ငြင်းခုံခြင်း၊ ပြသနာလုပ်ခြင်းသည် နှုတ်လျှာ၏ ဆိုးကျိုးများထဲတွင်ပါဝင်ပြီး မွတ်စလင်မ်များအကြား အုပ်စုကွဲခြင်း၊ မုန်းတီးခြင်းတို့ကိုဖြစ်ပေါ်စေသည့် အကြောင်းခံတစ်ရပ်ဖြစ်သည်။
  3. အမှန်တရားနှင့်တကွ ကောင်းမွန်သည့် နည်းလမ်းများဖြင့် ငြင်းခုံခြင်းသည် ချီးမွှမ်းထိုက်သည့် ငြင်းခုံမှုဖြစ်ပြီး အမှန်တရားကို ငြင်းပယ်ခြင်း၊ အမှားကို အတည်ပြုခြင်း၊ အထောက်အထားမဲ့ ငြင်းခုံခြင်းတို့သည် ပြစ်တင်ရှုတ်ချထိုက်သည့် ငြင်းခုံမှုသာဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (67)
ထပ်၍