ဟဒီးဆ်တော်များစာရင်း

ငါကိုယ်တော်သည် အသင်တို့အား အလွန်ကြီးလေးသော ပြစ်မှုကြီးများနှင့် ပတ်သက်ပြီး သတင်းမပေးရဘူးလား။
عربي အင်္ဂလိပ် အုရ်ဒူ
အကယ်၍ လူတစ်ဦးသည် မိမိ၏ ညီနောင်အား ချစ်ခင်ပါက ၎င်းအား ချစ်ခင်ကြောင်း အသိပေးပါ။
عربي အင်္ဂလိပ် အုရ်ဒူ
အသင်တို့သည် ပျက်စီးဆုံးရှုံးစေမည့် အပြစ်ခုနှစ်မျိုးမှ ရှောင်ကြဉ်ကြပါ။ သာဝကကြီးများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ထိုအပြစ်များသည် အဘယ်အရာများပါနည်းဟု မေးလျှောက်ခဲ့ကြသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဥ်တွဲကိုးကွယ်ခြင်း၊ စုန်းပယောဂဖြင့်ပြုစားခြင်း၊ အသက်တစ်ချောင်းအား မတရားသဖြင့်သတ်ဖြတ်ခြင်း၊ အတိုးစားခြင်း၊ အဖမဲ့ကလေး၏ ပစ္စည်းဥစ္စာကို စားခြင်း၊ စစ်မြေပြင်မှ ထွက်ပြေးခြင်းနှင့် (မကောင်းမှုအပေါ်)အာရုံမထားသော အပြစ်ကင်းစင်သည့် မုအ်မင်န်အမျိုးသမီးများအား (တရားမဝင်ကာမကျူးလွန်သည်ဟု) စွပ်စွဲခြင်းတို့ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
ရောင်းသည့်အခါ၊ ဝယ်သည့်အခါနှင့် မိမိ၏ ရပိုင်ခွင့်ကို တောင်းဆိုသည့်အခါ သက်ညှာထောက်ထားသူကို အလ္လာဟ်အရှင်မြတ် ကရုဏာသက်တော်မူပါစေ။
عربي အင်္ဂလိပ် အုရ်ဒူ
ပုဂ္ဂိုလ်တစ်ဦးသည် လူတို့အား အကြွေးပေးလေ့ရှိသည်။ ၎င်းက မိမိ၏ အခိုင်းအစေအား သင်သည် ကျပ်တည်းသူဆီသို့ အကြွေးသွားတောင်းလျှင် စောင့်ဆိုင်းပေးပြီး နူးညံ့စွာဆက်ဆံပါ။ အလ္လာဟ်အရှင်မြတ်ကလည်း ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန် မျှော်လင့်ရသည်ဟု အမြဲပြောလေ့ရှိသည်။ သို့ဖြစ်၍ ထိုသူသည် (ကွယ်လွန်ပြီးနောက်) အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံခဲ့ရာ အရှင်မြတ်က သူ့အား ခွင့်လွှတ်တော်မူခဲ့သည်။
عربي အင်္ဂလိပ် အုရ်ဒူ
ပုဂ္ဂိုလ်တစ်ဦးက တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကျွန်တော်မျိုးအား ဆုံးမတော်မူပါဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က အသင် ဒေါသမထားနှင့်ဟု မိန့်တော်မူသည်။ ထိုပုဂ္ဂိုလ်က အကြိမ်ကြိမ်လျှောက်ထားခဲ့ရာ ကိုယ်တော်က (အကြိမ်တိုင်းတွင်) အသင်ဒေါသမထားနှင့်ဟုသာ မိန့်တော်မူခဲ့သည်။
عربي အင်္ဂလိပ် အုရ်ဒူ
ဧကန်မုချ တရားမျှတသူများသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် နူရ်အလင်းရောင်နှင့်အတိဖြစ်သော ပလ္လင်များထက်ဝယ်ရှိကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ အမိန့်ဆုံးဖြတ်ချက်၌လည်းကောင်း၊ မိမိတို့၏ မိသားစုများတွင်လည်းကောင်း၊ မိမိတို့ တာဝန်ယူရသည့် ကိစ္စတို့၌လည်းကောင်း တရားမျှတမှုရှိကြသည်။
عربي အင်္ဂလိပ် အုရ်ဒူ
အသင်တို့(မကောင်း) ထင်မြင်ခြင်းမှ ရှောင်ကြဥ်ကြကုန်။ အဘယ်ကြောင့်ဆိုသော (မကောင်း) ထင်မြင်ခြင်းသည် အလိမ်လည်ဆုံးစကားပင်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
သင်၏ညီနောင်အား ပြုံးရွှင်ချိုသာသော မျက်နှာဖြင့် တွေ့ဆုံလိုက်ခြင်းပင်ဖြစ်စေ မည်သည့်ကောင်းမှုကိုမျှ သင်အထင်မသေးလေနှင့်။
عربي အင်္ဂလိပ် အုရ်ဒူ
သူတစ်ပါးကို လှဲချနိုင်သူသည် အားအင်ရှိသူ မဟုတ်ပေ။ အားအင်ရှိသူဆိုသည်မှာ ဒေါသထွက်သည့်အခါ မိမိစိတ်ကို ထိန်းနိုင်သူပင်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
ကောင်းမှုအား ညွှန်ပြပေးသူသည် ထိုကောင်းမှုအား ပြုလုပ်သူကဲ့သို့ပင် အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
ကုန်းချောသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်မဟုတ်ပေ။
عربي အင်္ဂလိပ် အုရ်ဒူ
မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် ကောင်းသည့်စကားကိုသာ ပြောဆိုပါ၊ သို့မဟုတ် ဆိတ်ဆိတ်နေပါ။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် မိမိအိမ်နီးချင်းအား ဂုဏ်ပေးပါ။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် မိမိ၏ဧည့်သည်အား ဂုဏ်ပေးလေးစားပါ။
عربي အင်္ဂလိပ် အုရ်ဒူ
လူသားတို့အား သနားကြင်နာမှု မရှိသူကို အလ္လာဟ်အရှင်မြတ်ကလည်း သနားကြင်နာတော်မူမည် မဟုတ်ပေ။
عربي အင်္ဂလိပ် အုရ်ဒူ
အလ္လာဟ်အရှင်မြတ် အရွံမုန်းဆုံးသူမှာ အလွန်ပြဿနာရှာတတ်သူပင်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့် အရာမှာ (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး အပြစ်အကုသိုလ်မှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားတို့ ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
အရှက်တရားသည် အီမာန်သက်ဝင်ယုံကြည်မှုအနက်မှ ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
အကြင်သူသည် မိမိညီနောင်၏ ဂုဏ်သိက္ခာကို (၎င်းသူကွယ်ရာ၌) ကာကွယ်ပေးခဲ့လျှင် ကိယာမသ် တရားစီရင်မည့်နေ့၌ အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ မျက်နှာအား ဂျဟန္နမ်ငရဲမီးမှ ကာကွယ်ပေးတော်မူမည်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
သက္ကဝါတရားရှိပြီး လူတို့ထံမှ လိုလားတောင့်တမှုကင်းကာ ထင်ပေါ်ခြင်း မရှိသည့် ကျေးကျွန်အား အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန်ပင် ချစ်မြတ်နိုးတော်မူ၏။
عربي အင်္ဂလိပ် အုရ်ဒူ
မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အီမာန် ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။ သင်တို့အနက် အကောင်းဆုံးသူမှာ မိမိဇနီးမယားအပေါ် အကောင်းဆုံးသူပင် ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှုရှိပါက ထိုအရာကို လှပတင့်တယ်စေပြီး၊ မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှုကို ဖယ်ထုတ်လိုက်ပါက ထိုအရာကို ချို့ယွင်းမှု ဖြစ်စေသည်။
عربي အင်္ဂလိပ် အုရ်ဒူ
ဧကန်အမှန်ပင် မုအ်မင်န် တစ်ဦးသည် ၎င်း၏ ကောင်းမြတ်သည့်ကိုယ်ကျင့်တရားကြောင့် ဆွိယာမ် ဥပုသ်စောင့်ထိန်းသူ၊ (ညတွင်ထ၍) ဆွလာသ် ဆောက်တည်သူ၏ အဆင့်အတန်းကို ရရှိသွားသည်။
عربي အင်္ဂလိပ် အုရ်ဒူ
ဧကန်အမှန်ပင် အသင်တို့အနက် အကောင်းဆုံးသူသည် ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မတရားပြုသူအား အချိန်ဆိုင်းငံ့ခွင့် ပေးထားတော်မူသည်။ အရှင်မြတ်က ၎င်းအား အရေးယူသည့်အခါ လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။
عربي အင်္ဂလိပ် အုရ်ဒူ
အသင်တို့သည် (လူတို့၏ အရေးကိစ္စများကို) လွယ်ကူအောင်ပြုပေးကြပါ၊ ခက်ခဲအောင် မပြုကြနှင့်။ သတင်းကောင်းပေးကြပါ၊(ကောင်းမြတ်သည့် ကိစ္စများမှာ) ဝေးကွာအောင် မလုပ်ကြနှင့်။
عربي အင်္ဂလိပ် အုရ်ဒူ
အကြင်နာတရားရှိသူတို့အား “ရဟ်မာန်” မဟာကရုဏာတော်ရှင်က သနားကြင်နာတော်မူမည်ဖြစ်သည်။ မြေပထဝီပေါ်ရှိ သတ္တဝါအပေါင်းအား သနားကြင်နာကြလေကုန်၊ မိုးကောင်းကင်ပေါ်တွင်ရှိတော်မူသော အရှင်မြတ်က အသင်တို့အား သနားကြင်နာတော်မူပေမည်။
عربي အင်္ဂလိပ် အုရ်ဒူ
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က (ကဇအ်) ဆံပင်တချို့ကိုရိတ်ပြီး တချို့ကိုမရိတ်ဘဲ ထားခြင်းကို တားမြစ်တော်မူခဲ့သည်။
عربي အင်္ဂလိပ် အုရ်ဒူ
ကျွန်ုပ်တို့သည် ဟန်ဆောင်မှုပြုခြင်းမှ တားမြစ်ခြင်းခံရသည်။
عربي အင်္ဂလိပ် အုရ်ဒူ
အကြင်သူသည် ငါကိုယ်တော်နှင့်ပတ်သက်၍ တမင်သိလျက်နှင့် မဟုတ်မမှန် မုသားပြောဆိုခဲ့လျှင်ထိုသူသည် မိမိ၏နေရာဌာနကို ငရဲမီးတွင်ပြုလုပ်ထားပါ။
عربي အင်္ဂလိပ် အုရ်ဒူ