ဟဒီးဆ်တော်များစာရင်း

မိမိအတွက်နှစ်သက်သည့်အရာကို မိမိညီနောင်မွတ်စ်လင်မ်အတွက် မနှစ်သက်သမျှကာလပတ်လုံး အသင်တို့အနက်မည်သူတစ်ဦးတစ်ယောက်မျှ စစ်မှန်သည့် မုအ်မင်န်မဖြစ်နိုင်ပေ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် ကိစ္စရပ်တိုင်းတွင် ကောင်းမွန်စွာကျင့်မူရန်သတ်မှတ်ပြဌာန်းထားသည်။
عربي الإنجليزية الأوردية
လူတစ်ဦးသည် မိမိ၏ညီနောင်အား ချစ်ခင်ပါက ၎င်းအားချစ်ခင်ကြောင်းအသိပေးပါ။
عربي الإنجليزية الأوردية
ရောင်းသည့်အခါ၊ ဝယ်သည့်အခါနှင့် မိမိ၏ ရပိုင်ခွင့်ကို တောင်းဆိုသည့်အခါ သက်ညှာထောက်ထားသူကို အလ္လာဟ်အရှင်မြတ် ကရုဏာသက်တော်မူပါစေ။
عربي الإنجليزية الأوردية
ပုဂ္ဂိုလ်တစ်ဦးသည် လူတို့အား အကြွေးပေးလေ့ရှိသည်။ ၎င်းက မိမိ၏ အခိုင်းအစေအား သင်သည် ကျပ်တည်းသူဆီသို့ အကြွေးသွားတောင်းလျှင် စောင့်ဆိုင်းပေးပြီး နူးညံ့စွာဆက်ဆံပါ။ အလ္လာဟ်အရှင်မြတ်ကလည်း ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန် မျှော်လင့်ရသည်ဟု အမြဲပြောလေ့ရှိသည်။
عربي الإنجليزية الأوردية
အသင် မည်သည့်အရပ်ဒေသ၌ ရှိသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ပါ။ မကောင်းမှုကျူးလွန်မိပါက တစ်ဆက်တည်း (ထိုအပြစ်ကို)ပယ်ဖျက်ပေးမည့် ကောင်းမှုကုသိုလ်ကို ပြုလုပ်ပါ။ လူတို့အား ကောင်းမွန်သောကိုယ်ကျင့်တရားဖြင့် ပြုမူဆက်ဆံပါ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် ကိစ္စရပ်တိုင်းတွင် ကောင်းမွန်စွာကျင့်မူရန် သတ်မှတ်ပြဌာန်းထားတော်မူသည်။
عربي الإنجليزية الأوردية
အသင်ဒေါသမထားနှင့်ဟု
عربي الإنجليزية الأوردية
ဧကန်မုချ တရားမျှတသူများသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် ကြီးကျယ် မြင့်မြတ်တော်မူသော မဟာကရုဏာတော်ရှင်၏ လက်ယာဘက်တွင် နူရ်အလင်းရောင်နှင့်အတိပြီးသော ပလ္လင်များထက်ဝယ်ရှိကြလိမ့်မည်။
عربي الإنجليزية الأوردية
နူးညံ့သိမ်မွေ့မှုမရှိသူသည် ကောင်းခြင်းဟူသ၍တို့မှလက်မဲ့ဖြစ်သွားပေသည်။
عربي الإنجليزية الأوردية
သင်၏ညီနောင်အား ပြုံးရွှင်ချိုသာသော မျက်နှာဖြင့် တွေ့ဆုံလိုက်ခြင်းပင်ဖြစ်စေ မည်သည့်ကောင်းမှုကိုမျှ သင်အထင်မသေးလေနှင့်။
عربي الإنجليزية الأوردية
သူတစ်ပါးကို လှဲချနိုင်သူသည် အားအင်ရှိသူမဟုတ်ပေ။ အားအင်ရှိသူဆိုသည်မှာ ဒေါသထွက်သည့်အခါ မိမိစိတ်ကို ထိန်းနိုင်သူပင်ဖြစ်သည်။
عربي الإنجليزية الأوردية
ကောင်းမှုအား ညွှန်ပြပေးသူသည် ထိုကောင်းမှုအား ပြုလုပ်သူကဲ့သို့ပင် အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်
عربي الإنجليزية الأوردية
မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို အီမာန်သက်ဝင်ယုံကြည်လျှင် ကောင်းသည့်စကားကိုသာ ပြောဆိုပါ၊ သို့မဟုတ် ဆိတ်ဆိတ်နေပါ။
عربي الإنجليزية الأوردية
လူသားတို့အား သနားကြင်နာမှု မရှိသူကို အလ္လာဟ်အရှင်မြတ်ကလည်း သနားကြင်နာတော်မူမည် မဟုတ်ပေ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး အပြစ်အကုသိုလ်မှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
အရှက်တရားသည် အီမာန်သက်ဝင်ယုံကြည်မှုအနက်မှဖြစ်သည်။
عربي الإنجليزية الأوردية
မှန်‌သောစကားကိုသာ‌ ပြောဆိုခြင်းအား လက်ကိုင်ထားရန်အသင်တို့အ‌ပေါ်၌တာဝန်ရှိသည်။ မှန်‌သောစကားကိုသာ‌ပြောဆိုခြင်းက ကောင်းမှုဘက်သို့ လမ်းပြ‌ပေးသည်။ ကောင်းမှုသည် ဂျန္နသ်ဘက်သို့ လမ်းပြ‌ပေးသည်။
عربي الإنجليزية الأوردية
အကြင်သူသည် မိမိညီနောင်၏ ဂုဏ်သိက္ခာကို (၎င်းသူကွယ်ရာ၌) ကာကွယ်ပေးခဲ့လျှင် ကိယာမသ် တရားစီရင်မည့်နေ့၌ အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ မျက်နှာအား ဂျဟန္နမ်ငရဲမီးမှ ကာကွယ်ပေးတော်မူမည်ဖြစ်သည်။
عربي الإنجليزية الأوردية
သက္ကဝါတရားရှိပြီး လူတို့ထံမှ လိုလားတောင့်တမှုကင်းကာ ထင်ပေါ်ခြင်းမရှိသည့် ကျေးကျွန်အား အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန်ပင် ချစ်မြတ်နိုးတော်မူ၏။
عربي الإنجليزية الأوردية
မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အီမာန် ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။ သင်တို့အနက် အကောင်းဆုံးသူမှာ အသင်တို့၏ အမျိုးသမီးများအပေါ် အကောင်းဆုံးသူပင် ဖြစ်သည်။
عربي الإنجليزية الأوردية
မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှု ရှိပါက ထိုအရာကို လှပတင့်တယ်စေပြီး၊ မည်သည့် အရာတွင်မဆို နူးညံ့သိမ်မွေ့မှုကို ဖယ်ထုတ်လိုက်ပါက ထိုအရာကို ချို့ယွင်းမှု ဖြစ်စေသည်။
عربي الإنجليزية الأوردية
ဧကန်အမှန်ပင် မုအ်မင်န် တစ်ဦးသည် ၎င်း၏ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားကြောင့် ဆွိယာမ် ဥပုသ်စောင့်ထိန်းသူ၊ (ညတွင်ထ၍) ဆွလာသ် ဆောက်တည်သူ၏ အဆင့်အတန်းကို ရရှိသွားသည်။
عربي الإنجليزية الأوردية
ဧကန်အမှန်ပင် အသင်တို့အနက် အကောင်းဆုံးသူသည် ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။
عربي الإنجليزية الأوردية
အသင်တို့သည် (လူတို့၏ အရေးကိစ္စများကို) လွယ်ကူအောင်ပြုပေးကြပါ၊ ခက်ခဲအောင် မပြုကြနှင့်။ သတင်းကောင်းပေးကြပါ၊(ကောင်းမြတ်သည့် ကိစ္စများမှ) ဝေးကွာအောင် မလုပ်ကြနှင့်။
عربي الإنجليزية الأوردية
အကြင်နာတရားရှိသူတို့အား “ရဟ်မာန်” မဟာကရုဏာတော်ရှင်က သနားကြင်နာတော်မူမည်ဖြစ်သည်။ အသင်တို့သည် မြေပထဝီပေါ်ရှိ သတ္တဝါအပေါင်းအား သနားကြင်နာကြလေကုန်၊ မိုးကောင်းကင်ပေါ်တွင်ရှိတော်မူသော အရှင်မြတ်က အသင်တို့အား သနားကြင်နာတော်မူပေမည်။
عربي الإنجليزية الأوردية
လူတစ်ဦးသည် ဤလောက၌ အခြားသူတစ်ဦး၏ အပြစ်များကို ဖုံးကွယ်ပေးလျှင်၊ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့တွင် ထိုသူ၏ အပြစ်များကို ဖုံးကွယ်ပေးတော်မူမည်။
عربي الإنجليزية الأوردية
မိမိအတွက်နှစ်သက်သည့်အရာကို မိမိညီနောင်မွတ်စ်လင်မ်အတွက် မနှစ်သက်သမျှကာလပတ်လုံး အသင်တို့အနက်မည်သူတစ်ဦးတစ်ယောက်မျှ စစ်မှန်သည့် မုအ်မင်န်မဖြစ်နိုင်ပေ။
عربي الإنجليزية الأوردية
ကိယာမသ် ရှင်ပြန်ထမည့်နေ့တွင် မုအ်မင်န် သက်ဝင်ယုံကြည်သူတစ်ဦး၏ မီဇာန်ချိန်ခွင်၌ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားထက် အလေးချိန်ပိုစီးသည့် အရာဟူ၍မရှိပါ။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သော ညစ်ညမ်းသောအရာကို မုန်းတီးတော်မူသည်။
عربي الإنجليزية الأوردية
မွတ်စ်လင်မ်ဆိုသည်မှာ အခြားမွတ်စ်လင်မ်များအား မိမိ၏နှုတ်လျှာနှင့် လက်၏အန္တရာယ်မှကင်းစေသူဖြစ်သည်။ မုဟုဂျိရ်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ရှောင်ကြဉ်သူဖြစ်သည်။
عربي الإنجليزية الأوردية
မုအ်မင်န်သည် လူတို့အား အလွန်ပင်အပြစ်ရှာသူ၊ အလွန်ပင်ကျိန်ဆဲသူ၊ ညစ်ညမ်းသောစကား၊ အရှက်တရားကင်းမဲ့သည့် လုပ်ရပ်တို့ကို ကျူးလွန်သူ မဟုတ်ပေ။
عربي الإنجليزية الأوردية
မည်သူမဆို ဒီသမီးမိန်းကလေးတွေ ကြောင့် စမ်းသပ်မှု ( ဘေးဒုက္ခ ) တစ်စုံတစ်ရာ ကြုံတွေ့ခဲ့လျှင် ၎င်းအဖို့ ထိုသမီးမိန်းကလေးများသည် ဂျဟန္နမ်ငရဲမီးမှ ( ကာကွယ်ပေးမည့် ) အကာအကွယ်ဖြစ်သွားပေလိမ့်မည်။
عربي الإنجليزية الأوردية
“မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော်ထံသို့ ဝဟီအမိန့်တော်ချမှတ်တော်မူခဲ့သည်။ (အမိန့်တော်မှာ) သင်တို့သည် နှိမ့်ချယို့ကျိုးကြလော့။ ထိုသို့အားဖြင့် တစ်ဦးကိုတစ်ဦး မောက်မာခြင်း၊ ထောင်လွှားခြင်း မရှိစေရ။ ထို့ပြင် တစ်ဦးကိုတစ်ဦး မတရားကျူးလွန်ခြင်းလည်း မရှိစေရ။
عربي الإنجليزية الأوردية
အို- အာအိရှာဟ် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်နူးညံ့သိမ်မွေ့တော်မူသော အရှင်ဖြစ်တော်မူ၍ နူးညံ့သိမ့်မွေ့မှုကို နှစ်သက်တော်မူသည်။ နူးညံ့သိမ်မွေ့မှုအပေါ်ချီးမြှင့်ထားသည့် အကျိုးကုသိုလ်အား ခက်ထန်ကြမ်းတမ်းမှုနှင့် အခြားမည်သည့်အရာအတွက်မျှ ထိုကဲ့သို့ချီးမြှင့်ထားခြင်မျိုး မရှိပေ။
عربي الإنجليزية الأوردية
(အို အရှဂ်ျ ) "ဧကန်အမှန် သင့်၌ အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသော ဂုဏ်အရည်အချင်း နှစ်ခုရှိ၏။ သည်းခံခြင်း (ဒေါသကို ထိန်းချုပ်ခြင်း) နှင့် တည်ငြိမ်သိမ်မွေ့ခြင်း (အလျင်စလို မလုပ်ခြင်း) တို့ဖြစ်သည်။
عربي الإنجليزية الأوردية
အသင်တို့အနက်ငါကိုယ်တော် အနှစ်သက်ဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့် အနီးဆုံးနေရာတွင်ရှိမည့်သူသည် သင်တို့ထဲတွင် ကိုယ်ကျင့် တရားအကောင်းဆုံးသူဖြစ်သည်
عربي الإنجليزية الأوردية
“အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရုန့်ရင်း ကြမ်းတမ်းသူလည်း မဟုတ်၊ ရုန့်ရင်း ကြမ်းတမ်းသည့် အပြုအမူကို တမင်ပြုလုပ်သူလည်း မဟုတ်၊ ဈေးများ၌ အော်ဟစ်ကျယ်လောင်စွာပြောဆိုတတ်သူလည်း မဟုတ်ပါ။ မကောင်းမှုကို မကောင်းမှုဖြင့် မတုန့်ပြန်ဘဲ၊ ခွင့်လွှတ်တော်မူပြီး သည်းခံတော်မူ၏။
عربي الإنجليزية الأوردية
ဧကန်စင်စစ်၊ ငါကိုယ်တော်သည် မြင့်မြတ်သည့်ကိုယ်ကျင့်တရားများကို ပြည့်စုံစေရန်အတွက်သာ စေလွှတ်ခြင်းခံရတော်မူသည်။
عربي الإنجليزية الأوردية