عن عبد الله بن عمرو بن العاص - رضي الله عنهما- قال رسول الله صلى الله عليه وسلم : «إن المُقْسِطين عند الله على منابر من نور: الذين يعدلون في حكمهم وأهليهم وما ولَوُاْ».
[صحيح] - [رواه مسلم. ملحوظة: في صحيح مسلم زيادة على ما في رياض الصالحين: قال رسول الله صلى الله عليه وسلم: «إن المقسطين عند الله على منابر من نور، عن يمين الرحمن -عز وجل-، وكلتا يديه يمين»]
المزيــد ...

အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ် ဗင်န် အားစ်ွ (ရဿွိယလ္လာဟုအန်ဟုမာ)ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ဧကန်မုချ တရားမျှတသူများသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် နူရ်အလင်းရောင်နှင့်အတိဖြစ်သော ပလ္လင်များထက်ဝယ်ရှိကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ အမိန့်ဆုံးဖြတ်ချက်၌လည်းကောင်း၊ မိမိတို့၏ မိသားစုများတွင်လည်းကောင်း၊ မိမိတို့ တာဝန်ယူရသည့် ကိစ္စတို့၌လည်းကောင်း တရားမျှတမှုရှိကြသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

ဟဒီးဆ်တော်တွင် မိမိတို့၏ လက်အောက်ခံများ၊ အုပ်ချုပ်ခံများနှင့် ပတ်သက်၍ မှန်ကန်၊တရားမျှတစွာ အုပ်ချုပ်ကြသူများအတွက် သတင်းကောင်းပါရှိသည်။၎င်းတို့သည် ဂုဏ်ပြုခံရသည့်အနေဖြင့် ကိယာမသ်နေ့၌ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အမှန်တကယ်နူးရ် အတိပြီးသော ပလ္လင်များပေါ်တွင် ရှိနေကြမည်ဖြစ်သည်။ ထိုပလ္လင်များသည် မဟာကရုဏာတော်ရှင်၏ လက်ယာဘက်တွင်ရှိမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၌ လက်ယာဘက်နှင့် လက်တော်ရှိသည်ဟုဆိုရာတွင် "c2">“သအ်သွီးလ်” အရှင်မြတ်၏ ဆွိဖာသ် ဂုဏ်တော်များကို ငြင်းပယ်ခြင်းမျိုး၊ "c2">“သက္ကယီးဖ်" အရှင်မြတ်၏ ဆွိဖာသ် ဂုဏ်တော်များကို မည်သို့မည်ပုံဖြစ်သည်ဟု ပုံသဏ္ဍာန်သတ်မှတ်ဖေါ်ပြခြင်းမျိုး၊ “သရှ်ဗီးဟ်" အရှင်မြတ်၏ ဆွိဖာသ် ဂုဏ်တော်များကို အဖန်ဆင်းခံတို့၏ ဂုဏ်အရည်အချင်းများဖြင့် နှိုင်းယှဉ်ဖေါ်ပြခြင်းမျိုးနှင့် “သဟ်ရီးဖ်”အရှင်မြတ်၏ ဆွိဖာသ် ဂုဏ်တော်များကို အဓိပ္ပါယ်ပြောင်းလဲ သတ်မှတ်ခြင်းမျိုးမဟုတ်ဘဲ ချို့တဲ့မှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူသောအရှင်မြတ်၌ လက်ယာဘက်နှင့် လက်တော်ရှိကြောင်း အတည်ပြုထားသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တရားမျှတမှု၏ အကျိုးကျေးဇူးကို တင်ပြထားပြီး တရားမျှတမှုရှိရန် တိုက်တွန်းထားသည်။
  2. ကိယာမသ်နေ့တွင် တရားမျှတသူတို့၏ အဆင့်တန်းကို တင်ပြထားသည်။
  3. ကိယာမသ်နေ့တွင် အီမာန်ရှင်များသည် မိမိတို့၏ အမလ်ကျင့်ဆောင်မှုအလိုက် အဆင့်အတန်းများ ကွာခြားသွားမည်။
  4. လိုလားနှစ်သက်မှုရှိလာအောင် တိုက်တွန်းခြင်းသည် ဖိတ်ခေါ်ခံရသူအား နာခံမှုရှိလာစေရန် ပြုလုပ်ပေးသည့် ဒအ်ဝဟ် ဖိတ်ခေါ်မှု၏ နည်းလမ်းများအနက်မှတစ်ခုဖြစ်သည်။
  5. အလ္လာဟ်အရှင်မြတ်၌ လက်တော်နှင့် လက်ယာဘက်ရှိသည်ဟုဆိုရာတွင် “သအ်သွီးလ်” အရှင်မြတ်၏ ဆွိဖာသ် ဂုဏ်တော်များကို ငြင်းပယ်ခြင်းမျိုး၊ “သက္ကယီးဖ်" အရှင်မြတ်၏ ဆွိဖာသ် ဂုဏ်တော်များကို မည်သို့မည်ပုံဖြစ်သည်ဟု ပုံသဏ္ဍာန်သတ်မှတ်ဖေါ်ပြခြင်းမျိုး၊ “သရှ်ဗီးဟ်" အရှင်မြတ်၏ ဆွိဖာသ် ဂုဏ်တော်များကို အဖန်ဆင်းခံတို့၏ ဂုဏ်အရည်အချင်းများဖြင့် နှိုင်းယှဉ်ဖေါ်ပြခြင်းမျိုးနှင့် “သဟ်ရီးဖ်”အရှင်မြတ်၏ ဆွိဖာသ် ဂုဏ်တော်များကို အဓိပ္ပါယ်ပြောင်းလဲ သတ်မှတ်ခြင်းမျိုးမဟုတ်ဘဲ ချို့တဲ့မှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူသောအရှင်မြတ်၌ လက်တော်နှင့် လက်ယာဘက်ရှိကြောင်း အတည်ပြုထားသည်။
ထပ်၍