عن أبي هريرة رضي الله عنه مرفوعاً: «كان رجل يُدَايِنُ الناس، وكان يقول لفَتَاه: إذا أَتَيْتَ مُعْسِرًا فَتَجَاوَزْ عنه، لعَلَّ الله أن يَتَجَاوَزَ عنَّا، فَلَقِيَ الله فتَجَاوز عنه».
[صحيح] - [متفق عليه]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် လူတို့အား အကြွေးပေးလေ့ရှိသည်။ ၎င်းက မိမိ၏ အခိုင်းအစေအား သင်သည် ကျပ်တည်းသူဆီသို့ အကြွေးသွားတောင်းလျှင် စောင့်ဆိုင်းပေးပြီး နူးညံ့စွာဆက်ဆံပါ။ အလ္လာဟ်အရှင်မြတ်ကလည်း ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန် မျှော်လင့်ရသည်ဟု အမြဲပြောလေ့ရှိသည်။ သို့ဖြစ်၍ ထိုသူသည် (ကွယ်လွန်ပြီးနောက်) အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံခဲ့ရာ အရှင်မြတ်က သူ့အား ခွင့်လွှတ်တော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။
“ပုဂ္ဂိုလ်တစ်ဦးသည် လူတို့အား အကြွေးပေးလေ့ရှိသည်။” ၏ အလိုသဘောမှာ လူတစ်ဦးသည် လူတို့အား အကြွေးပေးခြင်း၊ အရစ်ကျရောင်းပေးခြင်း တို့ကိုပြုလုပ်လေ့ရှိသည်။ ထို့ပြင် သူသည် လူတို့ထံမှ အကြွေးလိုက်ကောက်သည့် မိမိ၏ အခိုင်းအစေအား အမြဲပြောလေ့ရှိသည်မှာ သင်သည် မတတ်စွမ်းနိုင်သဖြင့် အကြွေးမဆပ်နိုင်သူထံ အကြွေးတောင်းရန် ရောက်သွားလျှင် နူးညံ့စွာဆက်ဆံပါ။ သူ့ထံမှ အတင်းအကျပ်တောင်းဆိုခြင်းမပြုဘဲ နောက်ဆိုင်းပေးလိုက်ပါ သို့မဟုတ် သူ့ထံမှအနည်းငယ်လျော့၍ ရသည်ဖြစ်စေ ၎င်းအားလက်ခံရယူလိုက်ပါ။ “အလ္လာဟ်အရှင်မြတ်ကလည်း ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန် မျှော်လင့်ရသည်”၏ အလိုသဘောမှာ၊ အလ္လာဟ်အရှင်မြတ်၏ကျွန်များအားခွင့်လွှတ်ပေးခြင်း၊ ၎င်းတို့အားလွယ်ကူစေခြင်းနှင့် ဒုက္ခအခက်ခဲများမှလွတ်မြောက်စေခြင်းတို့ကြောင့် အရှင်မြတ်ကလည်း ကျွန်ုပ်တို့အား ခွင့်လွှတ်တော်မူလိမ့်မည်။ ၎င်းက ဤသို့ ပြောဆိုခြင်းမှာ၊ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျွန်များကို ကောင်းကျိုးပြုသော ကျွန်တို့အား ၎င်းတို့ ပြုလုပ်လိုက်သည့် ကောင်းမှုနှင့်အညီ အကျိုးကုသိုလ် ချီးမြှင့်မည်ကို လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် အကျင့်သီလကောင်းမြတ်သောသူ၏ အကျိုးကုသိုလ်ကို ဆုံးရှုံးစေတော်မူမည် မဟုတ်ကြောင်း သိထားသည့် အတွက်ဖြစ်သည်။ “သို့ဖြစ်၍ ထိုသူသည် (ကွယ်လွန်ပြီးနောက်) အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံခဲ့ရာ အရှင်မြတ်က သူ့အား ခွင့်လွှတ်တော်မူခဲ့သည်။” ၏ အလိုသဘောမှာ ထိုသူသည် မည်သည့်ကောင်းမှုမျှ မပြုလုပ်ခဲ့သော်လည်း လူတို့အား ကရုဏာထားခြင်း၊ ကြင်နာစွာဆက်ဆံခြင်းနှင့် လွယ်ကူအောင် ပြုလုပ်ပေးခြင်းတို့ကြောင့် အကျိုးကုသိုလ်ချီးမြှင့်ကာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ထိုကဲ့သို့ပင် နစာအီကျမ်းနှင့် အိဗ်နုဟိဗ္ဗာန်းကျမ်း၏ ဆင့်ပြန်ချက်တွင် လာရှိသည်မှာ (ဧကန်အမှန် ပုဂ္ဂိုလ်တစ်ဦးသည် မည်သည့်အခါတွင်မျှ ကောင်းမှုပြုခြင်းမရှိပေ။ သူသည် လူတို့အား အကြွေးပေးလေ့ရှိသည်။ သို့ဖြစ်၍ ၎င်းက မိမိ၏ ကိုယ်စားလှယ်အား ပြောသည်မှာ သူတို့လွယ်ကူစွာ ပေးနိုင်သမျှကို ယူပြီး သူတို့ ပေးဆပ်ဖို့ခက်ခဲနေသည့်အရာကို ချန်ထားလိုက်ပါ။ ခွင့်လွှတ်လိုက်ပါ။ အလ္လာဟ်အရှင်မြတ်ကလည်း ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန် မျှော်လင့်ရသည်။) ၎င်းသည် အလ္လာဟ်အရှင်မြတ်အပေါ် ကောင်းမွန်သည့် အထင်အမြင်ထားရှိပြီး အလ္လာဟ်အရှင်မြတ်၏ ကျွန်များကို ကောင်းကျိုးပြုသောကြောင့်၊ အလ္လာဟ်အရှင်မြတ်ကလည်း သူ၏ အပြစ်များကို ခွင့်လွှတ်တော်မူလိုက်သည်။ လုပ်ရပ်အတိုင်း အစားရရှိခြင်းဖြစ်သည်။