عن جابر رضي الله عنه أن رسول الله صلى الله عليه وسلم قال:
«رَحِمَ اللهُ رَجُلًا سَمْحًا إِذَا بَاعَ، وَإِذَا اشْتَرَى، وَإِذَا اقْتَضَى».

[صحيح] - [رواه البخاري] - [صحيح البخاري: 2076]
المزيــد ...

ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ရောင်းသည့်အခါ၊ ဝယ်သည့်အခါနှင့် မိမိ၏ ရပိုင်ခွင့်ကို တောင်းဆိုသည့်အခါ သက်ညှာထောက်ထားသူကို အလ္လာဟ်အရှင်မြတ် ကရုဏာသက်တော်မူပါစေ။

[صحيح] - [رواه البخاري] - [صحيح البخاري - 2076]

ရှင်းလင်းချက်

ရောင်းချရာတွင် ဝယ်သူအပေါ် ပစ္စည်းဈေးနှုန်း အခက်မတွေ့စေဘဲ သက်ညှာသူ၊ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြင့် ဆက်ဆံသူ၊ ဝယ်ယူရာတွင်လည်း မတရားရယူခြင်း၊ ပစ္စည်းကို မရမကဈေးဆစ်ခြင်းတို့မပြုဘဲ ညှာတာထောက်ထားသူ၊ ဆင်းရဲသားများ၊ မပြည့်စုံသူများထံမှ မိမိအကြွေးကို တောင်းသည့်အခါ အတင်းဓမ္မရယူခြင်းမပြုဘဲ ညှာတာထောက်ထားသူ၊ အခက်အခဲရှိနေသူများကို စောင့်ဆိုင်းပေးသူတို့အား အလ္လာဟ်အရှင်မြတ်က ကရုဏာထားတော်မူရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဒုအာပြုတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ရှရီအဟ်တရားတော်၏ ရည်ရွယ်ချက်များတွင် လူတို့ကြား၌ ကောင်းမွန်သည့်ဆက်ဆံရေးကို ထိန်းသိမ်းခြင်းလည်း ပါဝင်သည်။
  2. ရောင်းခြင်း၊ဝယ်ခြင်းနှင့် အခြားကိစ္စများတွင် လူတို့နှင့်ဆက်ဆံရာ၌ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြင့် ဆက်ဆံရန် တိုက်တွန်းထားသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (67)
ထပ်၍