عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«رَغِمَ أَنْفُ، ثُمَّ رَغِمَ أَنْفُ، ثُمَّ رَغِمَ أَنْفُ»، قِيلَ: مَنْ؟ يَا رَسُولَ اللهِ قَالَ: «مَنْ أَدْرَكَ أَبَوَيْهِ عِنْدَ الْكِبَرِ، أَحَدَهُمَا أَوْ كِلَيْهِمَا فَلَمْ يَدْخُلِ الْجَنَّةَ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2551]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“ (မည်သူမည်ဝါရဲ့) နှာခေါင်းမြေကြီးနှင့် လူးထိပါစေ၊ (မည်သူမည်ဝါရဲ့)
နှာခေါင်း မြေကြီးနှင့် လူးထိပါစေ၊ (မည်သူမည်ဝါရဲ့) နှာခေါင်း မြေကြီးနှင့် လူးထိပါစေ။” စွဟာဗီတစ်ပါးက“အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မည်သူ့အား (ကိုယ် တော် ဘဒ်ဒုအာပြု နေပါသနည်း)” ဟု မေးမြန်းလျှောက်ထားရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က-
“မိမိ၏မိဘနှစ်ပါး(သို့မဟုတ်)နှစ်ပါးအနက် တစ်ပါးပါးအား အိုမင်းရင့်ရော်စဉ် တွေ့ကြုံခဲ့ရပြီး (၎င်းတို့အား ကျေးဇူးပြုခြင်းဖြင့်) ဂျန္နတ်သို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့သူဖြစ်သည်” ဟု မိန့်ကြားတော်မူခဲ့သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2551]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (တစ်စုံတစ်ဦးအား) ထိုသူ၏ နှာခေါင်းသည် မြေကြီးထဲတွင် နစ်မြုပ်သွားသကဲ့သို့ ဖြစ်သွားသည်အထိ နှိမ့်ကျသေးသိမ်ရန်နှင့် အရှက်တကွဲအကျိုးနည်းဖြစ်ရန် ဘဒ်ဒုအာပြုလုပ်ခဲ့၏။ ထိုစကားကို (၃)ကြိမ်တိုင်တိုင် ပြန်လည်၍ မိန့်ကြားတော်မူခဲ့သည်။ ( စွဟာဗီတစ်ပါးက တမန်တော်မြတ်အား ) “အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ မည်သူ့အား ကိုယ်တော် ဘဒ်ဒုအာပြုခဲ့ပါသနည်း ” ဟု မေးမြန်းခဲ့သည်။
တမန်တော်မြတ်
(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က- မိမိ၏ မိဘနှစ်ပါးလုံး (သို့မဟုတ်) နှစ်ပါးအနက် တစ်ပါးပါးအား အိုမင်းရင့်ရော်စဉ် တွေ့ကြုံခဲ့ရပါလျက် ထိုမိဘနှစ်ပါးသည် ၎င်းအား ဂျန္နသ်သို့ ဝင်ရောက်နိုင်ရန် အကြောင်းခံမဖြစ်စေခဲ့သူ ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ၎င်းသည် ထိုမိဘနှစ်ပါးအား ကောင်းမွန်စွာ ပြုမူဆက်ဆံခြင်း မရှိခဲ့သကဲ့သို့ ၎င်းတို့၏ အမိန့်ကိုဖီဆန်ခဲ့ခြင်းကြောင့်ဖြစ်သည်” ဟု မိန့်ကြားတော်မူခဲ့သည်။