عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ:
كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَسِيرُ فِي طَرِيقِ مَكَّةَ، فَمَرَّ عَلَى جَبَلٍ يُقَالُ لَهُ جُمْدَانُ، فَقَالَ: «سِيرُوا هَذَا جُمْدَانُ، سَبَقَ الْمُفَرِّدُونَ» قَالُوا: وَمَا الْمُفَرِّدُونَ يَا رَسُولَ اللهِ؟ قَالَ: «الذَّاكِرُونَ اللهَ كَثِيرًا وَالذَّاكِرَاتُ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2676]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မက္ကာမြို့၏ လမ်းတစ်ခုတွင် ခရီးသွားလျက်ရှိစဉ် ဂျွမ်ဒါးန်ဟုခေါ်သော တောင်အနီးမှ ဖြတ်သန်းသွားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ "ဆက်လက်ခရီးနှင်ကြလော့။ ဤသည် ဂျွမ်ဒါးန်တောင်ဖြစ်သည်။'မုဖရ်ရီဒူးန်' များသည် (အခြားသူများထက်) သာလွန်သွားကြပြီ" ဟု မိန့်ကြားတော်မူသည်။ ထိုအခါ စွဟာဗဟ်တို့က "အို- အလ္လာဟ်အရှင်င်မြတ်၏ ရစူလ်တမန်တော်၊ 'မုဖရ်ရီဒူးန်' ဆိုသူများသည် အဘယ်သူများနည်း" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "အလ္လာဟ်အရှင်မြတ်အား အလွန်ဇိကိရ်ပြု ( သတိရတသ)သော ယောက်ျားများနှင့် အလွန်ဇိကိရ်ပြု ( သတိရတသ)သော မိန်းမများပင် ဖြစ်ကြသည်" ဟု မိန့်ကြားတော်မူသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2676]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်အား အလွန်အမင်း ဇိကိရ် သတိရတသ သူများ၏ အဆင့်အတန်းကို မိန့်ကြားတော်မူပြီး ထိုသူတို့သည် အခြားသူများထက် သာလွန်၍ ဂျန္နတ်သုခဘုံတွင် မြင့်မားသော အဆင့်အတန်းများကို ရရှိအောင်မြင်သွားကြသည်ကို မိန့်ကြားတော်မူခဲ့သည်။ ကိုယ်တော်က ထိုသူတို့အား ဂျွမ်ဒါးန်တောင်နှင့် နှိုင်းယှဉ်မိန့်ကြားတော်မူခဲ့သည်။ ထိုတောင်သည် အခြားသောတောင်များမှ သီးခြားခွဲထွက်တည်ရှိနေသောတောင် ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. များစွာ ဇိကိရ်ပြုလုပ်ခြင်းနှင့် ၎င်းတွင် မွေ့လျော်နေခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နောင်တမလွန်ဘဝတွင် (ဂျန္နတ်သုခဘုံသို့) ဦးစွာရောက်ရှိခြင်းသည် (ဤ လောကီဘဝ၌) များစွာ ကိုးကွယ်ဆည်းကပ်ခြင်းနှင့် ခဝပ်ကိုးကွယ်မှုများတွင် အိခ်လားစ်ွ (စိတ်ရင်းစင်ကြယ်မှု)ပေါ်တွင် မူတည်လိမ့်မည် ဖြစ်သောကြောင့်တည်း။
  2. အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရခြင်းသည် နှုတ်လျှာတစ်ခုတည်းဖြင့်သာပြုလုပ်နိုင်သကဲ့သို့၊ စိတ်နှလုံးတစ်ခုတည်းဖြင့်လည်း ပြုလုပ်နိုင်သည်။ သို့တည်းမဟုတ် နှုတ်လျှာနှင့် စိတ်နှလုံးနှစ်ခုစလုံးဖြင့်လည်း ပြုလုပ်နိုင်သည်။ ဤနည်းလမ်းသည် ဇိကိရ်သတိရတသခြင်း၏ အမြင့်မြတ်ဆုံးသော အဆင့်ဖြစ်သည်။
  3. ဇိကိရ်၏ အမျိုးအစားများအနက်တစ်ခုမှာ တရားတော်လာ အချိန်သတ်မှတ်ထားသော ဇိကိရ်များဖြစ်သည်။ ဥပမာ- နံနက်နှင့် ညနေခင်းတွင် ဖတ်ရသော ဇိကိရ်များနှင့် ဖရဿ်ွဆွလာသ်များပြီးနောက် ဖတ်ရသော ဇိကိရ်များ စသည်တို့ဖြစ်သည်။
  4. အိမာမ် နဝဝီက မိန့်ဆိုခဲ့သည်- သိရှိထားရမည်မှာ ဇိကိရ်ပြု ( သတိရတသ )ခြင်း၏ အကျိုး
  5. ကျေးဇူးသည် "စူဗ်ဟာနလ္လာဟ်"၊ "လာ အိလာဟ အိလ္လလ္လာဟ်"၊ "အလ်ဟမ်ဒုလိလ္လာဟ်"၊ "အလ္လာဟုအက္ကဗရ်" အစရှိသည့် ဇိကိရ်‌များကို ဖတ်ခြင်းဖြင့်သာ ကန့်သတ်ထားသည်မဟုတ်ပေ။ ထိုမျှသာမက အလ္လာဟ်အရှင်မြတ်အတွက် အမိန့်နာခံခြင်းအားဖြင့် အမလ်ကောင်းမှုပြုလုပ်သူတိုင်းသည် အလ္လာဟ်အရှင်မြတ်အား သတိရတသနေသူပင်ဖြစ်သည်။
  6. အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းသည် (ရန်သူနှင့် ရင်ဆိုင်ရသည့်အခါတွင် ) ကြံ့ကြံ့ခံရပ်တည်နိုင်ခြင်း၏ အကြီးမားဆုံးသော အကြောင်းရင်းများထဲမှတစ်ခုဖြစ်သည်။ အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ - " အို- အီမာန်သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် အုပ်စု တစ်စုစုနှင့် (ရင်ဆိုင်) တွေ့ဆုံကြသောအခါ ကြံ့ကြံ့ခံ ရပ်တည်ကြလေကုန်။ ၎င်းပြင် အသင်တို့ အောင်မြင်ရန် အတွက် အလ္လာဟ်အရှင်မြတ်ကို များစွာသတိရ တသကြလေကုန်။" [ စူရဟ် အန်ဖာလ်း ၄၅ ]
  7. အလ္လာဟ်အရှင်မြတ်အား ဇိကိရ်ပြု(သတိရတသ) သူများနှင့် 'ဂျွမ်ဒါးန်တောင်' တို့ကြားတွင် နှိုင်းယှဉ်ရခြင်း၏ရည်ရွယ်ချက်မှာ တစ်ကိုယ်
  8. တည်း ဖြစ်ခြင်းနှင့် သီးခြားခွဲခွာနေထိုင်ခြင်းပင်ဖြစ်သည်။ ဂျွမ်ဒါးန်တောင်သည် အခြားတောင်များမှ သီးခြားခွဲထွက်တည်ရှိနေသကဲ့သို့၊ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်ပြု(သတိရတသ)သူများသည်လည်း ထိုနည်းတူစွာပင် ဖြစ်သည်။ အမှန်စင်စစ် 'တစ်ကိုယ်တည်းဖြစ်သူ' ဆိုသည်မှာ လူအများကြားတွင် ရှိနေစေကာမူ ၎င်း၏စိတ်နှလုံးနှင့်နှုတ်လျှာသည် မိမိ၏အရှင်အား သတိရတသခြင်းဖြင့် နေရာယူထားသူပင်ဖြစ်သည်။ ထို့ပြင် တစ်ကိုယ်တည်းနေရသည့် အချိန်များကို နှစ်သက်မြတ်နိုးပြီး လူအများနှင့် အလွန်အမင်းရောနှောဆက်ဆံခြင်းမှ မနှစ်မြို့ဘဲကင်းကင်းနေသူဖြစ်သည်။ ဤနှိုင်းယဉ်မှု၏ အခြားရည်ရွယ်ချက်တစ်ခုမှာ 'ဇိကရ်' (အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း) သည် ဒီန်သာသနာပေါ်၌ ခိုင်မြဲစွာရပ်တည်နိုင်ရန် အကြောင်းခံတစ်ခုဖြစ်သကဲ့သို့၊ တောင်များသည်လည်း ကမ္ဘာမြေကြီး၏ တည်ငြိမ်ခိုင်မြဲမှုအတွက် အကြောင်းခံတစ်ခုဖြစ်နိုင်သည်။ သို့မဟုတ် လောကီနှင့် နောင်တမလွန်ဘဝတို့တွင် ကောင်းကျိုးချမ်းသာများဆီသို့ ဦးစွာရောက်ရှိခြင်းလည်း ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် မဒီနာမြို့မှ မက္ကာမြို့သို့ ခရီးသွားတစ်ဦးသည် ဂျွမ်ဒါးန်တောင်သို့ ရောက်ရှိပါက ၎င်းသည် မက္ကာမြို့သို့ ရောက်ရှိကြောင်း၏ အမှတ်အသားလက္ခဏာတစ်ခုဖြစ်ပြီး၊ ဂျွမ်ဒါးန်တောင်သို့ ရောက်ရှိသူသည် (ခရီးပန်းတိုင်သို့) ဦးစွာရောက်ရှိသူအဖြစ် သတ်မှတ်ခြင်းခံရသကဲ့သို့၊ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်ပြု (သတိရတသ)သူသည်လည်း အလွန်အမင်း ဇိကိရ် (သတိရတသမှု) ကြောင့် အခြားသူများထက် ဦးစွာရောက်ရှိသူအဖြစ် သတ်မှတ်ခြင်းခံရသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (54)
ထပ်၍