عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«يَعْقِدُ الشَّيْطَانُ عَلَى قَافِيَةِ رَأْسِ أَحَدِكُمْ إِذَا هُوَ نَامَ ثَلاَثَ عُقَدٍ يَضْرِبُ كُلَّ عُقْدَةٍ عَلَيْكَ لَيْلٌ طَوِيلٌ، فَارْقُدْ، فَإِنِ اسْتَيْقَظَ فَذَكَرَ اللَّهَ، انْحَلَّتْ عُقْدَةٌ، فَإِنْ تَوَضَّأَ انْحَلَّتْ عُقْدَةٌ، فَإِنْ صَلَّى انْحَلَّتْ عُقْدَةٌ، فَأَصْبَحَ نَشِيطًا طَيِّبَ النَّفْسِ، وَإِلَّا أَصْبَحَ خَبِيثَ النَّفْسِ كَسْلاَنَ».
المزيد
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် အိပ်သော်အခါ ရှိုင်သွာန်သည် ၎င်းရဲ့ ဦးခေါင်းနောက်စေ့တွင်အထုံးသုံးထုံး ထုံးလေသည်။ အထုံးတိုင်းတွင် အသင့်အတွက် ညသည် အရှည်ကြီး ကျန်သေးသည်။ ထို့ကြောင့် အသင်ဆက်အိပ်ပါ ဟု မန်းမှုတ်လေသည်။ အကယ်၍ (အိပ်နေ )သူသည် အိပ်ယာမှနိုးထပြီး အလ္လာဟ်အရှင်မြတ်အား သတိရတသခဲ့လျှင် အထုံးတစ်ထုံး ပြေသွားလေသည်။ အကယ်၍ ၎င်းသည် ဝူဿွူပြုလုပ်ခဲ့လျှင် နောက်ထပ်တစ်ထုံးပြေသွားလေသည်။ အကယ်၍ ဆွလာသ် ဝတ်ပြုခဲ့လျှင် (နောက်ဆုံးကျန်နေသည့်)တစ်ထုံးပါ ပြေသွားလေသည်။ ထိုအခါ ၎င်းသည် လန်းဆန်းစွာ၊ စိတ်ချမ်းသာစွာဖြင့် မနက်ခင်းအခါကို ရောက်ရှိလေသည်။ ထိုသို့မဟုတ်ပါက ၎င်းသည် စိတ်ညစ်ငြူးပျင်းရိလျက် မနက်ခင်းအခါကို ရှောက်ရှိရလေသည်။