အမျိုးအစားခွဲများ

ဟဒီးဆ်တော်များစာရင်း

သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ်နှင့် အလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။
عربي الإنجليزية الأوردية
အမွန်မြတ်ဆုံး ဇိက်ရ်တော်မှာ ‘လာအိလာဟ အိလ္လလ္လာဟ်’ ဖြစ်ပြီး အမွန်မြတ်ဆုံး ဒုအာဆုမွန်မှာ ‘အလ်ဟမ်ဒု လိလ္လာဟ်’ ဖြစ်သည်။
عربي الإنجليزية الأوردية
ကျွန်တစ်ဦးသည် မိမိအရှင်မြတ်နှင့် အနီးကပ်ဆုံးအချိန်မှာ စဂ်ျဒဟ် ဦးချနေချိန်ဖြစ်သည်။ထို့ကြောင့် အသင်တို့သည် (ထိုအချိန်၌) ဒုအာအမြောက်အမြား တောင်းခံကြပါ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံး စကားရပ်လေးခုရှိသည်။ ၎င်းတို့မှာ စွဗ်ဟာနလ္လာဟ်၊ အလ်ဟမ်ဒုလိလ္လာဟ်၊ လာအိလာဟ အိလ္လလ္လာဟ်၊ အလ္လာဟု အက္ကဗရ် ဖြစ်သည်။ ၎င်းတို့အနက် မည်သည့်စကားရပ်ဖြင့် စတင်သည်ဖြစ်စေ သင့်အားဆိုးကျိုးဖြစ်စေမည် မဟုတ်ပေ။
عربي الإنجليزية الأوردية
ကလိမဟ်တော် နှစ်ခုသည် နှုတ်လျှာပေါ်တွင် (ရွတ်ဆိုရာ၌) လွယ်ကူ ပေါ့ပါးပြီး (မီဇာန်) ချိန်ခွင်၌ အချိန်စီးသည်။ အနန္တကရုဏာရှင်ထံတော်၌လည်း နှစ်သက်ဖွယ်ရာဖြစ်သည်။
عربي الإنجليزية الأوردية
မည်သူမဆို နေရာတစ်ခု၌ စခန်းချသည့်အခါ “أَعُوْذُ بِكَلِمَاتِ اللّٰهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ” (အလ္လာဟ်အရှင်မြတ်၏ ပြည့်စုံတော်မူသော ကလိမဟ်တော်များအားဖြင့် (အလ္လာဟ်အရှင်မြတ်) ဖန်ဆင်းထားတော်မူသော အဖန်ဆင်းခံ ခပ်သိမ်းတို့၏ ဘေးအန္တရာယ်မှ အရှင်မြတ်ထံ ကျွန်တော်မျိုး ခိုလှုံခွင့် တောင်းခံပါ၏။) ကိုရွတ်ဆိုပါက ၎င်းသူထိုနေရာမှ မထွက်ခွါသေးသ၍ မည်သည့်အရာကမျှ သူ့အား ဆိုးကျိုးတစ်စုံတစ်ရာ ပေးနိုင်မည်မဟုတ်ပေ။
عربي الإنجليزية الأوردية
“စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ် ဝလာအိလာဟ အိလ္လလ္လာဟ် ဝလ္လာဟုအက္ကဗရ်” (အဓိပ္ပါယ်- အလ္လာဟ်အရှင်မြတ်သည် ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသည်။ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်တော်မူသောအရှင်ဟူ၍ အလျှင်းမရှိ။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူသည်။) ဟု မြွက်ဆိုရခြင်းကို ငါကိုယ်တော်သည် နေထွက်ပေါ်သည့် အရာဟူသမျှထက် (လောကရှိအရာခပ်သိမ်းထက်)ပို၍ နှစ်သက်တော်မူသည်။
عربي الإنجليزية الأوردية
မည်သူမဆို စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ည၌ရွတ်ဖတ်လျှင် ၎င်းသူအတွက် လုံလောက်သွားပြီဖြစ်သည်။
عربي الإنجليزية الأوردية
သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။
عربي الإنجليزية الأوردية
အို- အဗ္ဗာစ်၊ အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၏ ဦးလေး၊ အလ္လာဟ်အရှင်မြတ်ထံ ဒွန်ယာနှင့် အာခိရသ်နှစ်ဌာနစလုံး၌ (အာဖီယသ်) ကိုယ်စိတ်နှစ်ဖျာကျန်းမာ၊ချမ်းသာမှုကို တောင်းခံပါ"ဟု မိန့်ကြား‌တော်မူခဲ့သည်။
عربي الإنجليزية الأوردية
လူတစ်ဦးသည် မိမိ၏အိမ်သို့ဝင်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ နာမတော်အား သူဝင်ရောက်သည့်အချိန်နှင့် ထမင်းစားသည့်အချိန်တွင် တသ ပါက ရှိုင်သွာန်က (သူ၏အဖေါ်များအား) သင်တို့အတွက် ညအိပ်မည့်နေရာလည်းမရှိသလို၊
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မကြာခဏ ဤဒုအာကို ရွတ်ဆိုတော်မူလေ့ရှိသည် - "အို-စိတ်နှလုံးများကို လှည့်ပြောင်းတော်မူသောအရှင်၊ ကျွန်တော်မျိုး၏ စိတ်နှလုံးသားကို အရှင်မြတ်၏ဒီန်သာသနာပေါ်၌ ခိုင်မြဲစွာထားတော်မူပါ
عربي الإنجليزية الأوردية
မွေးမြူဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် လူသားနှင့်အနီးကပ်ဆုံးအချိန်မှာ ည၏နောက်ဆုံးပိုင်းဖြစ်ပြီး
عربي الإنجليزية الأوردية
ငါကိုယ်တော်သည် စကားရပ်တစ်ခုကို သိရှိတော်မူသည်။ အကယ်၍ ထိုဒေါသထွက်နေသူသည် ထိုစကားရပ်ကို ရွတ်ဆိုလိုက်လျှင် သူကြုံတွေ့နေရ သော အမျက်ဒေါသပြေပျောက်သွားလိမ့်မည်" ဟုမိန့်တော်မူပြီး "အကယ်၍ ထိုသူသည် 'أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ' ကိုသာ ရွတ်ဆိုလိုက်လျှင် သူကြုံတွေ့နေရသော အမျက်ဒေါသပြေပျောက်သွားလိမ့်မည်
عربي الإنجليزية الأوردية
ငါအရှင်မြတ်သည် ငါအရှင့်ကျေးကျွန်၏ အထင်အမြင်နှင့်အတူရှိတော်မူ၏။ သူသည် ငါအရှင့်အား သတိရသည့်အခါ ငါအရှင်သည် သူနှင့်အတူရှိတော်မူ၏
عربي الإنجليزية الأوردية
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် အိပ်သော်အခါ ရှိုင်သွာန်သည် ၎င်းရဲ့ ဦးခေါင်းနောက်စေ့တွင်အထုံးသုံးထုံး ထုံးလေသည်။ အထုံးတိုင်းတွင် အသင့်အတွက် ညသည် အရှည်ကြီး ကျန်သေးသည်။ ထို့ကြောင့် အသင်ဆက်အိပ်ပါ ဟု မန်းမှုတ်လေသည်
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်အား သတိရတသသူနှင့် သတိရတသမှုမရှိသူတို့၏ ပမာမှာ ရှင်သူနှင့်သေသူတို့၏ ပမာအတိုင်းပင် ဖြစ်သည်
عربي الإنجليزية الأوردية
အကြင်သူ၏ ထံတွင် ငါကိုယ်တော် (၏အမည်အား) ဖော်ပြခံရသော်လည်း ငါကိုယ်တော့်အပေါ်၌ ဆွလာသ် (ဒရူးဒ် ) မပို့သူသည် အလွန် စေနည်းတွန့်တိုသူဖြစ်သည်။
عربي الإنجليزية الأوردية
အကြင်သူသည် အစားအသောက်စားပြီးနောက် ဤဒုအာကို ရွတ်ဆိုမည်။ الحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلاَ قُوَّةٍ အဓိပ္ပာယ်။ ။ကျွန်တော်မျိုး၏အစွမ်းအစမပါရှိဘဲ ဤအစားအသောက်အား ကျွန်တော်မျိုးအား ကျွေးမွေး‌တော်မူခဲ့သည့် အလ္လာဟ်အရှင်မြတ်အား ကျွန်တော်မျိုးချီးမွမ်းထောမနာပြုအပ်ပါသည်။ ဤတောင်းဆုကို ရွတ်ဆိုသူသည် ယခင်က ကျူးလွန်ခဲ့သော အကုသိုလ်များအားလုံး ခွင့်လွတ်ခြင်းခံရပေမည်။
عربي الإنجليزية الأوردية
အဇာန်နှင့် အိကာမသ်၏ ကြားတွင် တောင်းခံသော ဒုအာသည် ပယ်ချခြင်းမခံရ‌ပေ။
عربي الإنجليزية الأوردية
အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အကာ အကွယ် မှီခိုအားထားရာဖြစ်သည့် ဒီးန်သာသနာကို ကျွန်တော်မျိုးအတွက် တည့်မှတ်မှန်ကန် အောင်ပြု လုပ်ပေးတော်မူပါ
عربي الإنجليزية الأوردية
رَبِّ اغْفِرْ لِي خَطِيئَتِي وَجَهْلِي، وَإِسْرَافِي فِي أَمْرِي كُلِّهِ، وَمَا أَنْتَ أَعْلَمُ بِهِ مِنِّي، اللَّهُمَّ اغْفِرْ لِي خَطَايَايَ، وَعَمْدِي وَجَهْلِي وَهَزْلِي، وَكُلُّ ذَلِكَ عِنْدِي، اللَّهُمَّ اغْفِرْ لِي مَا قَدَّمْتُ وَمَا أَخَّرْتُ، وَمَا أَسْرَرْتُ وَمَا أَعْلَنْتُ، أَنْتَ المُقَدِّمُ وَأَنْتَ المُؤَخِّرُ، وَأَنْتَ عَلَى كُلِّ شَيْءٍ قَدِيرٌ». အို - အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးရဲ့ မှားယွင်းချွတ်ချော်မှု၊ မသိနားမလည်မှု၊ ကျွန်တော်မျိုးရဲ့အရေးကိစ္စဟူသမျှတွင် ကျွန်တော်မျိုး၏ လွန်ကျူးမှုနှင့်၊ ကျွန်တော်မျိုးထက် အရှင်မြတ်ပို သိတော်မူသော အရာတို့တွင် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ။ အို- အလ္လာအရှင်မြတ် ကျွန်တော်မျိုး၏ အမှားများ၊ တမင်ပြောဆိုမှု၊ မေ့မှား‌မှု၊ နောက်ပြောင် ကျီစယ်မှုတို့ကို ခွင့်လွှတ်တော်မူပါ။ ထိုအချက်များ အားလုံးသည် ကျွန်တော်မျိုးထံတွင် ရှိနေပါ၏။ အို- အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး ယခင်က ပြုခဲ့မိသည့် အပြစ်ဂုနဟ်မျာ၊ နောင်အခါတွင် ပြုလုပ်မည့် အပြစ်ဂုနဟ်များ၊ လျှို့ဝှက်ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ ထင်ရှားစွာ ကျူးလွန်မိခဲ့သော အပြစ်ဂုနဟ်များ၊ လွန်လွန်ကျူးကျူးပြုခဲ့မိသော အရာများ၊ ကျွန်တော်မျိုးထက် အရှင်မြတ် ပိုသိတော်မူသော အပြစ်ဂုနဟ်များကို ခွင့်လွှတ်တော်မူပါ။ အရှင်မြတ်သည်သာလျှင် ရှေ့သို့တွန်းပို့တော်မူသူ၊ အရှင်မြတ်သည်သာလျှင် နောက်သို့ရွှေ့ဆိုင်းတော်မူသောအရှင် ဖြစ်တော်မူပါသည်။ အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်သည်။
عربي الإنجليزية الأوردية
اللَّهُمَّ إِنِّي أَسْأَلُكَ الْعَافِيَةَ فِي الدُّنْيَا وَالْآخِرَةِ
عربي الإنجليزية الأوردية
အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ချက်ချင်းလက်ငင်းဖြစ်စေ၊ နောက်ဆိုင်း၍ဖြစ်စေရရှိမည့် ( ဒွန်ယာ၊ အာခိရသ်နှစ်ဌာနစလုံး၏ ကောင်းမှုများ )၊ ထိုကောင်းမှုများမှ ကျွန်တော်မျိုးသိသည့် ကောင်းမှုများ‌ကော၊ မသိသည့် ကောင်းမှုများကိုပါ အရှင်မြတ်ထံ တောင်းခံပန်ကြားပါ၏။ ထို့ပြင် ချက်ချင်းလက်ငင်းဖြစ်စေ၊ နောက်ဆိုင်း၍ဖြစ်စေ ကြုံတွေ့ရမည့် ( ဒွန်ယာ၊ အာခိရသ်နှစ်ဌာနစလုံး၏ ) မကောင်းမှုများ၊ ထိုမကောင်းမှုများမှ ကျွန်တော်မျိုးသိသည့် မကောင်းမှုများ‌ကော၊ မသိသည့် မကောင်းမှုများမှပါ အရှင်မြတ်ထံ ခိုလှုံပါ၏
عربي الإنجليزية الأوردية
အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်ချီးမြှင့်‌တော်မူထားသည့် နိအ်မသ်တော်များ ဆုံးရှုံးကွယ်ပျောက်ခြင်း၊ အရှင်မြတ်ချီးမြှင့်တော်မူထားသည့် ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာမှု ပြောင်းလွဲသွားခြင်း၊ အရှင်မြတ်၏ ရုတ်တရက် ဖမ်းဆီးအရေးယူဒဏ်ခတ်ခြင်းနှင့် အရှင်မြတ်၏ ခပ်သိမ်းကုန်သောအမျက်ဒါသမှ အရှင်မြတ်ထံ ခိုလှုံမှုပြုပါ၏။
عربي الإنجليزية الأوردية
အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တာ်မျိုး ကြွေးမြီ၏ ဝန်ပိခြင်း၊ ရန်သူ၏ လွှမ်းမိုးခံရခြင်းနှင့် ရန်သူတို့၏ အားရဝမ်းသာဖြစ်မှုတို့မှ အရှင်မြတ်ထံ ခိုလှုံပါ၏။
عربي الإنجليزية الأوردية
اللهُمَّ بِكَ أَصْبَحْنَا، وَبِكَ أَمْسَيْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ النُّشُورُ
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အများဆုံး တောင်း‌ခဲ့သော ဒုအာမှာ ဤဒုအာပင် ဖြစ်သည်။ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» အဓိပ္ပါယ် - (အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား လောက၌ ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းနောက် တမလွန်ဘဝ၌လည်း ကောင်းကျိုး ချမ်းသာများကို ပေးသနားတော်မူပါ။ ၎င်းပြင် ကျွန်တော်မျိုးတို့အား ငရဲမီး၏ အပြစ်ဒဏ်မှလည်း ကယ်တင်တော်မူပါ။)
عربي الإنجليزية الأوردية
စိုင်ရိဒ္ဒုလ် အိစ်သိဂ်ဖာရ်
عربي الإنجليزية الأوردية
( အို အလီ ) အသင် ဤသို့ ပြောဆိုပါလေ။ အို - အလ္လာဟ် အရှင်မြတ်၊ ကျွန်တော်မျိုးအား တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူပါ။ မှန်ကန် တည့်မှတ်စေတော်မူပါ။ ထို့နောက် အသင်သည် "အလ်ဟုဒါ" ဟူသော စကားလုံးကို ရွတ်ဆိုသောအခါ လမ်းမှန်ကိုညွှန်ပြခြင်းဖြစ်ကြောင်းကို သတိရလော့။ "အတ်စ်စဒါဒ်" ဟူသော စကားလုံးကို ရွတ်ဆိုသောအခါ မြားတံအား ပစ်လွှတ်ရာတွင်ပစ်မှတ်ကို ဖြောင့်မတ်စွာ ပစ်ခွင်နိုင်ခြင်းကို သတိရလော့။
عربي الإنجليزية الأوردية
အသင်တို့နှစ်ဦးတောင်းဆိုနေသည့်အရာထက်ပိုကောင်းသောအရာကို အသင်တို့ကို မသင်ပေးရဘူးလား။ အသင်တို့နှစ်ယောက် အိပ်ရာဝင်သောအခါ စွဗ်ဟာနလ္လာဟ် ၃၃ ကြိမ်၊ အလ်ဟမ်ဒုလိလ္လာဟ် ၃၃ကြိမ်၊ အလ္လာဟုအက္ကဗရ်၃၄ကြိမ်၊ ကို ဖတ်ရွတ်ပါလေ။ ဤသည် အသင်တို့နှစ်ယောက်အတွက် အိမ်ဖော်(ရရှိခြင်း)ထက် ပိုကောင်းပေသည်။
عربي الإنجليزية الأوردية
။ ထိုအခါ ကိုယ်တော်က "ကုလ်ဟုဝလ္လာဟုအဟဒ် (စူရဟ် အိခ်လာစ်) နှင့် အလ်မုအောဝ်ဝိဇသိုင်န် (စူရဟ်ဖလက်နှင့် စူရဟ်နားစ်) တို့ကို နံနက်နှင့် ညနေအချိန်တွင် သုံးကြိမ်စီ ရွတ်ဖတ်လော့။ ဤစူရဟ်များသည် သင့်အဖို့ အရာရာတိုင်းမှ လုံလောက်ပေသည်" ဟု မိန့်တော်မူခဲ့သည်။
عربي الإنجليزية الأوردية
မည်သူမဆို(ညအချိန်၌) ဤဒုအာ «بِسْمِ اللَّهِ الَّذِي لَا يَضُرُّ مَعَ اسْمِهِ شَيْءٌ، فِي الْأَرْضِ، وَلَا فِي السَّمَاءِ، وَهُوَ السَّمِيعُ الْعَلِيمُ» ကို သုံးကြိမ်ရွတ်ဆိုပါက မနက်ခင်းအထိ ရုတ်တရက် ဘေးအန္တရာယ်တစ်စုံတစ်ရာကြုံတွေ့ရမည်မဟုတ်ပေ
عربي الإنجليزية الأوردية
သင်ဤသို့ ရွတ်ဖတ်လော့ - «لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، اللهُ أَكْبَرُ كَبِيرًا، وَالْحَمْدُ لِلَّهِ كَثِيرًا، سُبْحَانَ اللهِ رَبِّ الْعَالَمِينَ، لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللهِ الْعَزِيزِ الْحَكِيمِ» (အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိ၊ ထိုအရှင်မြတ်သည် တစ်ပါးတည်းသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၌ တွဲဖက်ယှဉ်တွဲကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ ချီးမွမ်းခြင်းအားလုံးသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်၏။ စကြဝဠာခပ်သိမ်းရှိ သတ္တဝါအားလုံးကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်သန့်ရှင်းတော်မူ၏။ လွန်စွာတန်ခိုးအာနုဘော်ကြီးမားတော်မူ၍ ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်၏ ကူညီမှုမပါဘဲ မကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်၍ ကောင်းမှုကုသိုလ်ပြုနိုင်သည့် စွမ်းအင်ဟူ၍ အလျှင်းမရှိပေ။)
عربي الإنجليزية الأوردية
ဤသည် ဖရ်ဿ်ွဆွလာသ်တိုင်း၏နောက်တွင်ရွတ်ဖတ်ရသော ဇိက်ရ်တော်များဖြစ်ပြီး ယင်းဇိက်ရ်တော်များအား ဖရ်ဿ်ွဆွလာသ်တိုင်း၏နောက်တွင် ရွတ်ဖတ်သူသည် ဆုံးရှုံးမည်မဟုတ်။ ယင်းဇိက်ရ်တော်မှာ စွဗ်ဟာနလ္လာဟ် ၃၃ကြိမ်၊ အလ်ဟမ်ဒုလိလ္လာဟ် ၃၃ကြိမ်၊ အလ္လာဟ်အက္ကဗရ် ၃၄ကြိမ်တို့ဖြစ်သည်။
عربي الإنجليزية الأوردية
ဗလီသို့ဝင်သောအခါ ရွတ်ဆိုသည်မှာ ”أَعُوذُ بِاللَّهِ الْعَظِيمِ، وَبِوَجْهِهِ الْكَرِيمِ، وَسُلْطَانِهِ الْقَدِيمِ، مِنَ الشَّيْطَانِ الرَّجِيمِ“
عربي الإنجليزية الأوردية
အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ရှိုင်သွာန်ကလာရောက်၍ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းရင်း နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းလိမ့်မည်။ အကယ်၍ ထိုအဆင့်ထိ ရောက်လာခဲ့လျှင် أَعُوذُ بِاللَّهِ (အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင်ခိုလှုံပါ၏ဟု) ရွတ်ဆိုကာ ထိုမကောင်းသည့်အတွေးကို စွန့်လိုက်ပါ။
عربي الإنجليزية الأوردية
အသင်တို့အနက်တစ်ဦးတစ်ယောက်သည် ဗလီဝတ်ကျောင်းတော်သို့ ဝင်သည့်အခါ ( اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكٓ ) “အလ္လာဟုမ္မဖ်သဟ်လီ အဗ်ဝါဗရဟ်မသိက်” (အို - အလ္လာဟ်အရှင်မြတ် အသင်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတံခါးများကို ကျွန်တော်မျိုးအား ဖွင့်ပေးသနားတော်မူပါ။) ဟုရွတ်ဆိုပါ။ ပြန်ထွက်သည့်အခါ (اَللّٰهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ) “အလ္လာဟုမ္မ အင်န္နီအတ်စ်အလုက မင်န်ဖဿွ်လိက်” (အို - အလ္လာဟ်အရှင်မြတ် ဧကန်မုချ ကျွန်တော်မျိုးသည် အရှင်မြတ်၏ ကျေးဇူးတော်များကို အရှင်မြတ်ထံတော်မှတောင်းခံပါ၏။) ဟုရွတ်ဆိုပါ။
عربي الإنجليزية الأوردية
ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်းရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။ သင်၏ဘယ်ဘက်သို့ တံတွေး သုံးကြိမ်ထွေးလိုက်ပါ။
عربي الإنجليزية الأوردية
မည်သူမဆို တစ်ရက်တွင် لاَ إِلَهَ إِلَّا اللَّه،) وَحْدَهُ لاَ شَرِيكَ لَهُ، لَهُ المُلْكُ وَلَهُ الحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ) အကြိမ်တစ်ရာ ရွတ်ဖတ်ပါက
عربي الإنجليزية الإندونيسية
- "အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် နေ့စဥ် ကောင်းမှုကုသိုလ် တစ်ထောင်ကို ရယူနိုင်ဖို့ မတတ်စွမ်းနိုင်ဘူးလား
عربي الإنجليزية الأوردية
အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် မကောင်း‌ေသာကိုယ်ကျင့်တရားများ၊ လုပ်ရပ်များနှင့် အလိုဆန္ဒများမှ အရှင်မြတ်ထံ ခိုလှုံပါ၏။
عربي الإنجليزية الأوردية
အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် မစွမ်းဆောင် နိုင်ခြင်း၊ ပျင်းရိခြင်း၊ သူရဲဘော ကြောင်ခြင်း၊ စေးနှဲတွန့်တိုခြင်း၊ အိုမင်းရင့်‌ရော်ခြင်းနှင့် ကဗရ် ရဲ့အဇာဗ်ပြစ်ဒဏ်တို့မှ အရှင်မြတ်ထံခိုလှုံပါ၏။အို အလ္လာဟ်အရှင်မြတ်၊ ကျွန်‌တော်မျိုး၏ စိတ်ဝိညာဉ်အား ၎င်းတွင်ရှိရမည့် သက္ကဝါအ‌ကြောက်တရားကို ပေးသနားတော်မူပါ။ ထို့ပြင် ထိုစိတ်ဝိညာဉ်အား သန့်ရှင်းစင်ကြယ်စေတော်မူပါ။ အရှင်မြတ်သည် ထိုစိတ်ဝိညာဉ်ကိုအကောင်းဆုံး သန့်ရှင်းစင်ကြယ်စေတော်မူသောအရှင်ဖြစ်ပါသည်။ အရှင်မြတ်သည်သာ ထိုစိတ်ဝိညာဉ်ကို အုပ်ထိန်း‌တော်မူသည့်အရှင်၊ ကာကွယ်ပေးတာ်မူသည့် အရှင်ဖြစ်ပါသည်။အို အလ္လာဟ်အရှင်မြတ် ကျွန်တာ်မျိုးသည် အကျိုးမပြုသော ပညာ၊ ကြောက်ရွံ့မှုမရှိ‌သော နှလုံးသား၊ ( ရလေလိုလေ ) ပြည့်ဝခြင်းမရှိသော စိတ်နှင့် လက်ခံခြင်းမခံရသော တောင်းဆုဒုအာတို့မှ အရှင်မြတ်ထံခိုလှုံမှုပြုပါ၏။
عربي الإنجليزية الأوردية
اللَّهُمَّ اكْفِنِي بِحَلاَلِكَ عَنْ حَرَامِكَ، وَأَغْنِنِي بِفَضْلِكَ عَمَّنْ سِوَاكَ (အဓိပ္ပာယ်) "အို- အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ် ခွင့်ပြုတော်မူအပ်သောအရာ(ဟလာလ်)ဖြင့် အရှင်မြတ် တားမြစ်တော်မူအပ်သောအရာ(ဟရာမ်)မှ ကျွန်တော်မျိုးကို လုံလောက်စေတော်မူပါ၊ အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် အရှင်မြတ်မှတစ်ပါး အခြားသူများထံမှ ကင်းလွတ်၍ ကြွယ်ဝချမ်းသာစေတော်မူပါ”။
عربي الإنجليزية الأوردية
အို အလ္လာဟ်အရှင်မြတ် ကျွန်တာ်မျိုးသည် အရှင်မြတ်အား နာခံခဲ့ပါ၏။ အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ခဲ့ပါ၏။ အရှင်မြတ်အပေါ် သဝတ်ကွလ် ယုံပုံအားထားခဲ့ပါ၏။ အရှင်မြတ်ဘက်သို့ ပြန်လှည့်ခဲ့ပါ၏။ အရှင်မြတ်၏ ကူညီစောင်မမှုဖြင့် ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ပါ၏။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် အရှင်မြတ်၏ တန်ခိုးဂုဏ်တော်အားဖြင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား လမ်းမှားရောက်စေခြင်းမှ အရှင့်ထံခိုလှုံခွင့်တောင်းခံပါ၏။ အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သူဟူ၍မရှိပါ။ အရှင်မြတ်သည် အမြဲရှင်သန်တည်ရှိနေတော်မူပြီး ကွယ် လွန်သေဆုံးမည်မဟုတ်ပါ။ ဂျင်န်နှင့် လူသားတို့သာ ကွယ်လွန်သေဆုံးကြရမည့်သူများဖြစ်ပါသည်။
عربي الإنجليزية الأوردية
အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် လမ်းမှန်တရားကိုလည်းကောင်း၊ သက္ကဝါအမိန့်နာခံပြီး အပြစ်ရှောင်ကြည်နိုင်စွမ်းကိုလည်း ကောင်း၊ မကောင်းမှုမှစင်ကြယ်သန့်ရှင်းမှုကိုလည်းကောင်း၊ (အဖန်ဆင်းခံများထံမှ)လိုလားတောင့် တမှုကင်းခြင်းကို လည်းကောင်း အရှင်မြတ်ထံ တောင်းခံပါ ၏။
عربي الإنجليزية الأوردية
အကြင်သူသည် «سُبْحَانَ اللهِ العَظِيمِ وَبِحَمْدِهِ» (အလ္လာဟ်အရှင်မြတ်၏ သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို အရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်း ဖြင့် ကျွန်တော်မျိုးမြွက်ဆိုပါသည်)ဟု ရွတ်ဆိုခဲ့သော်၊ ထိုသူ့အတွက် ဂျန္နသ်သုခဘုံတွင် စွန်ပလွံပင်တစ်ပင်ကို စိုက်ပျိုးပေးခြင်းခံရ၏။
عربي الإنجليزية الأوردية
အို- လူသားအပေါင်းတို့ အသင်တို အလ္လာဟ်အရှင်မြတ်ထံ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) ပြုကြလေကုန်။ ဧကန်စင်စစ် ငါကိုယ်တော်သည် တစ်ရက်တွင် အကြိမ်တစ်ရာမျှ အရှင်မြတ်ထံ သောင်ဗဟ်ပြုတော် မူ၏။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - "မည်သည့် မွတ်စ်လင်မ်မဆို အပြစ်အကုသိုလ်နှင့် သွေးသားတော်စပ်သူအား ဆက်ဆံရေးဖြတ်တောက်ခြင်းမပါဝင်သော မည်သည့် ဒုအာဆုတောင်းမှုကိုမဆို ပြုလုပ်ပါက၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား (အောက်ပါ) သုံးမျိုးအနက်မှ တစ်မျိုးကို ဧကန်အမှန် ပေးသနားတော်မူမည်။ ထိုသူ၏ ဒုအာကို ဤလောက၌ပင် ချက်ချင်း လက်ခံတော်မူခြင်း၊ သို့မဟုတ် ထိုသူအတွက် နောင်တမလွန်ဘဝ၌ အကျိုးပေးရန် သိုလှောင်ထားတော်မူခြင်း၊ သို့မဟုတ် ထိုဒုအာဆုတောင်းခြင်းနှင့် ညီမျှသော မကောင်းမှုဒုက္ခကို ထိုသူ့ထံမှ ဖယ်ရှား ပေးသနားတော်မူခြင်း ဖြစ်သည်။" ထိုအခါ ဆွဟာဗဟ်သာဝကများက "သို့ဖြစ်လျှင် ကျွန်တော်မျိုးတို့သည် ဒုအာဆုတောင်းခြင်းကို များစွာပြုလုပ်ကြပါမည်" ဟု လျှောက်ထားကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - "အလ္လာဟ်အရှင်မြတ်သည် (သင်တို့တောင်းသမျှထက်) ပို၍ ရက်ရောတော်မူသောအရှင် ဖြစ်သည်။
عربي الإنجليزية الأوردية
တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် စိုးရိမ်ပူပန်မှု ကြီးကြီးမားမား ကျရောက်လာသောအခါတွင် ဤဒုအာကို ရွတ်ဆိုတော်မူလေ့ရှိသည် - «لَا إِلَهَ إِلَّا اللهُ الْعَظِيمُ الْحَلِيمُ، لَا إِلَهَ إِلَّا اللهُ رَبُّ الْعَرْشِ الْعَظِيمِ، لَا إِلَهَ إِلَّا اللهُ رَبُّ السَّمَاوَاتِ وَرَبُّ الْأَرْضِ وَرَبُّ الْعَرْشِ الْكَرِيمِ» (ကြီးကျယ်မြင့်မြတ်တော်မူပြီး၊ အလွန်သည်းခံခွင့်လွှတ်တော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ။ ကြီးကျယ်မြင့်မြတ်သည့် အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ။ မိုးကောင်းကင်များကို ဖန်ဆင်းတော်မူသောအရှင်၊ မြေပထဝီကို ဖန်ဆင်းတော်မူသောအရှင်၊ ဂုဏ်သရေနှင့်ပြည့်စုံသော အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့်ကိုးကွယ်ရာအရှင်ဟူ၍ မရှိ)။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ စဂျ်ဒဟ်ထဲတွင် ဤဒုအာကို ရွတ်ဆိုလေ့ရှိသည်- «اللهُمَّ اغْفِرْ لِي ذَنْبِي كُلَّهُ دِقَّهُ، وَجِلَّهُ، وَأَوَّلَهُ وَآخِرَهُ وَعَلَانِيَتَهُ وَسِرَّهُ». ( အို- အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ ကြီးသောအပြစ်၊ သေးသောအပြစ်၊ ရှေ့တွင်ဖြစ်ခဲ့သောအပြစ်နှင့်၊ နောက်တွင်ဖြစ်လာမည့်အပြစ်၊ လူသိရှင်ကြားပြုမိသောအပြစ်နှင့် လျှို့ဝှက်စွာပြုမိ သောအပြစ် စသည့်အပြစ်ဂုနဟ်များအားလုံးကို ခွင့်လွှတ်တော်မူပါ"။)
عربي الإنجليزية الأوردية
ဧကန်စင်စစ် သင်တို့၏ အရှင်သခင်သည် အလွန်ရှက်ရွံ့‌ တော်မူ‌သော၊ အလွန်ရက်ရောတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်သည် မိမိ၏ ကျေးကျွန်က လက်နှစ်ဖက်မြှောက်၍ ဒုအာဆုတောင်းသော အခါ ၎င်းအား လက်မဲ့ပြန်လွှတ်ရန် ရှက်တော်မူ၏။
عربي الإنجليزية الأوردية
“အသင်မနှင့် ခွဲခွာသွားပြီးနောက် ငါကိုယ်တော်သည် ကလိမဟ်(စကားလုံး)လေးခုကို သုံးကြိမ် ရွတ်ဆိုတော်မူခဲ့သည်။ ယင်းတို့သည် ဒီ‌နေ့တမနက်လုံး အသင်မရွတ်ဆိုခဲ့သမျှအရာများဖြင့် ချိန်ဆပါက ထိုကလိမဟ်တော်လေးခုသည် ယင်းတို့ထက် အလေးချိန်အားဖြင့် သာပေမည်
عربي الإنجليزية الأوردية
မည်သည့်လူတစ်စုမဆို မဂ်ျလိစ်(ထိုင်ဝိုင်း)တစ်ခုတွင် ထိုင်ကြပြီး၊ ထိုထိုင်ဝိုင်း၌ အလ္လာဟ်အရှင်မြတ်အား ဇိကိရ်သတိရတသခြင်းလည်းမပြု၊ မိမိတို့၏ နဗီတမန်တော်မြတ်အပေါ် ဆွလာသ်ပို့သခြင်းလည်း မပြုကြဘူးဆိုရင်၊ ထိုထိုင်ဝိုင်းသည် ၎င်းတို့အတွက် ဆုံးရှုံးမှုကို ဖြစ်စေတဲ့အရာ ဖြစ်လိမ့်မယ်။ အကယ်၍ (အလ္လာဟ်အရှင်မြတ်က) အလိုရှိတော်မူလျှင် သူတို့ကို အပြစ်ဒဏ်ပေးတော်မူမည်။ အကယ်၍ အလိုရှိတော်မူလျှင်လည်း ခွင့်လွှတ်တော်မူမည်။
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် တောင်းဆုဒုအာများအနက် ဂျဝါမိအ်(စကားလုံးတိုတောင်း၍ အဓိပ္ပါယ်ကျယ်ဝန်းပြည့်ဆုံသော) တောင်းဆုဒုအာများကို နှစ်သက်တော်မူပြီး ယင်းမှအပ အခြားသော တောင်းဆုဒုအာများကို စွန့်လွှတ်တော်မူခဲ့သည်။
عربي الإنجليزية الأوردية
အသင်တို့ ”လေ” ကို မ‌ကောင်းမပြောကြလေနှင့်။ သင်တို့ မနှစ်သက်သောအရာကို တွေ့မြင်သောအခါ ဤဒုအာကို ဖတ်လော့။ «اللَّهُمَّ إِنَّا نَسْأَلُكَ مِنْ خَيْرِ هَذِهِ الرِّيحِ وَخَيْرِ مَا فِيهَا وَخَيْرِ مَا أُمِرَتْ بِهِ، وَنَعُوذُ بِكَ مِنْ شَرِّ هَذِهِ الرِّيحِ وَشَرِّ مَا فِيهَا وَشَرِّ مَا أُمِرَتْ بِهِ». (“အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးတို့သည် ဤလေ၏ကောင်းကျိုး၊ ၎င်းလေအတွင်း၌ရှိသော ကောင်းကျိုးနှင့် ၎င်းအား (ဆောင်ကြဉ်းရန်) အမိန့်ပေးထားသည့်အရာ၏ ကောင်းကျိုးကို အရှင်မြတ်ထံတော်မှ တောင်းခံပန်ကြားပါ၏။ ထို့ပြင် ကျွန်‌တော်မျိုးတို့သည် ဤလေ၏ ဆိုးကျိုး၊ ၎င်းလေအတွင်း၌ရှိသော ဆိုးကျိုးနှင့် ၎င်းအား (ဆောင်ကြဉ်းရန်) အမိန့်ပေးထားသည့်အရာ၏ ဆိုးကျိုးမှ အရှင်မြတ်ထံတော်၌ ခိုလှုံပါ၏။)
عربي الإنجليزية الأوردية
သင်တို့အနက် မည်သူမျှ (ဤသို့)ဒုအာဆုတောင်းခြင်း မပြုကြနှင့်၊ 'အိုအလ္လာဟ်အရှင်မြတ် အရှင်မြတ်အလိုတော်ရှိလျှင် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ အရှင်မြတ်အလိုတော်ရှိလျှင် ကျွန်တော်မျိုးအား သနားကြင်နာတော်မူပါ၊ အရှင်မြတ်အလိုတော်ရှိလျှင် ကျွန်တော်မျိုးအား ရိုဇီရိက္ခာ ပေးသနားတော်မူပါ'။ သို့သော် မိမိ၏ဆုတောင်းချက်ကို ပြတ်ပြတ်သားသား (ယုံကြည်စိတ်ချစွာ) တောင်းဆိုကြလေကုန်။ အကြောင်းမှာ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် မိမိ အလိုရှိရာကိုသာ ပြုလုပ်တော်မူပြီး၊ အရှင့်အား အတင်းအကြပ် ပြုလုပ်နိုင်သူ (မည်သူမျှ) မရှိပေ။
عربي الإنجليزية الأوردية
အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် ၎င်း၏ ရှေ့မှောက်တွင် ငါကိုယ်တော့်အား ဖော်ပြခံရသော်လည်း ငါကိုယ်‌တော့်အပေါ် ဆွလာသ် မပို့သခဲ့ ပေ။ အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် လမြတ်ရမဿွာန်နှင့် ကြုံကြိုက်ပါလျက် ခွင့်လွှတ်ခြင်းမခံရခင်အလျှင် ထိုလမြတ်သည် ကုန်လွန်သွားခဲ့သည်။ အကြင်သူ၏ နှာခေါင်းသည် မြေမှုန့်တို့ဖြင့် လူးထိနေပါစေ( ပျက်စီးပါစေ)၊ ထိုသူသည် မိမိ၏ မိဘနှစ်ပါးကို အိုမင်းမစွမ်း အရွယ်တွင် တွေ့ကြုံရပါလျက် ထိုမိဘနှစ်ပါးသည် ၎င်းအား ဂျန္နသ်သုခဘုံသို့ မဝင်ရောက်စေနိုင်ခဲ့ပေ။
عربي الإنجليزية الأوردية
လူသားတို့၏ စိတ်နှလုံးသားများအားလုံးသည် ကရုဏာတော်ရှင်(အလ္လာဟ်အရှင်မြတ်)၏ လက်ချောင်းများအနက်မှ လက်ချောင်းတော်နှစ်ချောင်းကြားတွင် စိတ်နှလုံးသားတစ်ခုတည်းကဲ့သို့ တည်ရှိသည်။ အရှင်မြတ်သည် အလိုတော်ရှိသည့်အတိုင်း ၎င်းအား လှည့်ပြောင်းတော်မူ၏
عربي الإنجليزية الأوردية
။ ထို့ကြောင့် သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတောင်းခံသောအခါ ဖိရ်ဒေါင်စ်ကို တောင်းခံကြလော့။
عربي الإنجليزية الإندونيسية
“မည်သူမဆို ‘رَضِيتُ بِاللَّهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ رَّسُولًا’ (အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းမွေးမြူတော်မူသော်အရှင် အဖြစ်လည်းကောင်း၊ အစ္စလာမ်ကို သာသနာအဖြစ်လည်း‌ ကောင်း၊ မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကို ရစူလ်တမန်တော်အဖြစ်လည်းကောင်း ကျွန်တော်မျိုး ကျေနပ်နှစ်သက်လက်ခံပါပြီ) ဟု ရွတ်ဆိုခဲ့လျှင် ထိုသူအတွက် ဂျန္နတ်သုခဘုံ ဝင်ခွင့် သေချာသွားပေသည်။”
عربي الإنجليزية الإندونيسية
“ခုနစ်ဦးသောသူတို့အား အရှင်မြတ်၏ အရိပ်ကလွဲလို့ အခြားအရိပ်မရှိသောနေ့တွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အရိပ်တော်အောက်၌ ခိုလှုံခွင့်ပေးတော်မူမည်
عربي الإنجليزية الإندونيسية