عَنْ عُبَادَةَ بْنِ الصَّامِتِ رَضيَ اللهُ عنهُ أَنَّ رَسُولَ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالَ:
«فِي الجَنَّةِ مِائَةُ دَرَجَةٍ مَا بَيْنَ كُلِّ دَرَجَتَيْنِ كَمَا بَيْنَ السَّمَاءِ وَالأَرْضِ، وَالْفِرْدَوْسُ أَعْلاَهَا دَرَجَةً وَمِنْهَا تُفَجَّرُ أَنْهَارُ الجَنَّةِ الأَرْبَعَةُ، وَمِنْ فَوْقِهَا يَكُونُ العَرْشُ، فَإِذَا سَأَلْتُمُ اللَّهَ فَسَلُوهُ الفِرْدَوْسَ».
[صحيح] - [رواه الترمذي] - [سنن الترمذي: 2531]
المزيــد ...
အုဗာဒဟ် ဗင်န် ဆွာမိသ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"ဧကန်စင်စစ်၊ ဂျန္နသ်သုခဘုံ၌ အဆင့်ပေါင်း တစ်ရာရှိ၏။ အဆင့်တစ်ခုနှင့်တစ်ခုကြားသည် မိုးနှင့်မြေကြားအကွာအဝေးကဲ့သို့ ဖြစ်၏။ ဖိရ်ဒေါင်စ်သည် ၎င်းတို့အနက်မှ အမြင့်ဆုံးအဆင့်ဖြစ်၏။ ထိုအဆင့်မှပင် ဂျန္နသ်သုခဘုံ၏ စမ်းချောင်းလေးခုမှာစီးဆင်းသည်။ ၎င်း(ဖိရ်ဒေါင်စ်)၏အပေါ်တွင် အရ်ရှ်ပလ္လင်တော်တည်ရှိသည်။ ထို့ကြောင့် သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတောင်းခံသောအခါ ဖိရ်ဒေါင်စ်ကို တောင်းခံကြလော့။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [သိရ်မိဇီကျမ်း။] - [سنن الترمذي - 2531]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နောင်တမလွန်ဘဝ၏ဂျန္နသ်သုခဘုံတွင် အဆင့်ပေါင်း တစ်ရာရှိကြောင်း၊ အဆင့်တစ်ခုနှင့်တစ်ခုကြား အကွာအဝေးသည် မိုးနှင့်မြေကြား အကွာအဝေးကဲ့သို့ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။ ထိုဂျန္နသ်သုခဘုံ(၏အဆင့်)အားလုံးတို့တွင် အမြင့်ဆုံးအဆင့်မှာ ဂျန္နသ်သုလ် "ဖိရ်ဒေါင်စ်" ဖြစ်သည်။ ထိုအဆင့်မှပင် ဂျန္နသ်သုခဘုံ၏စမ်း ချောင်းလေးခုမှာစီးဆင်းသည်။ ၎င်း(ဖိရ်ဒေါင်စ်)၏အပေါ်တွင် အရ်ရှ်ပလ္လင်တော် တည်ရှိသည်။ ထို့ကြောင့် သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတောင်းခံသောအခါ ဖိရ်ဒေါင်စ်ကို တောင်းခံကြလော့။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အခြားသော ဂျန္နသ်သုခဘုံ(၏အဆင့်)အားလုံး၏ အထက် တွင် ရှိသောကြောင့်ဖြစ်သည်။