عَنْ عَبْدِ اللهِ بْنِ عَمْرِو بْنِ العَاصِ قَالَ: قَالَ رَسُولُ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: (إِنَّ اللَّهَ سَيُخَلِّصُ رَجُلاً مِنْ أُمَّتِي عَلَى رُءُوسِ الخَلاَئِقِ يَوْمَ القِيَامَةِ فَيَنْشُرُ عَلَيْهِ تِسْعَةً وَتِسْعِينَ سِجِلًّا كُلُّ سِجِلٍّ مِثْلُ مَدِّ البَصَرِ، ثُمَّ يَقُولُ: أَتُنْكِرُ مِنْ هَذَا شَيْئًا؟ أَظَلَمَكَ كَتَبَتِي الحَافِظُونَ؟ فَيَقُولُ: لاَ يَا رَبِّ، فَيَقُولُ: أَفَلَكَ عُذْرٌ؟ فَيَقُولُ: لاَ يَا رَبِّ، فَيَقُولُ: بَلَى إِنَّ لَكَ عِنْدَنَا حَسَنَةً، فَإِنَّهُ لاَ ظُلْمَ عَلَيْكَ اليَوْمَ، فَتَخْرُجُ بِطَاقَةٌ فِيهَا: أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ اللَّهُ وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، فَيَقُولُ: احْضُرْ وَزْنَكَ، فَيَقُولُ: يَا رَبِّ مَا هَذِهِ البِطَاقَةُ مَعَ هَذِهِ السِّجِلاَّتِ، فَقَالَ: إِنَّكَ لاَ تُظْلَمُ، قَالَ: فَتُوضَعُ السِّجِلاَّتُ فِي كَفَّةٍ وَالبِطَاقَةُ فِي كَفَّةٍ، فَطَاشَتِ السِّجِلاَّتُ وَثَقُلَتِ البِطَاقَةُ، فَلاَ يَثْقُلُ مَعَ اسْمِ اللهِ شَيْءٌ).
[صحيح] - [رواه الترمذي وابن ماجه]
المزيــد ...

အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်ဗင်န် အားဆွ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ မုချဧကန် အလ္လာဟ်ရှင်မြတ်သည် ကိယာမသ်နေ့တွင် ကျွန်ုပ်၏အွမ္မသ်သားများအနက်မှ တစ်ဦးကို လူသားများအားလုံးရှေ့၌ ရွေးချယ်တော်မူပြီး ၎င်းအား အမလ်ဆောင်ရွက်မှုများ ရေးမှတ်ထားသည့် မှတ်တမ်းစာအုပ် ကိုးဆယ့်ကိုးအုပ်ကို ဖွင့်ပြတော်မူမည်။ စာအုပ်တိုင်းသည် မျက်စိတစ်ဆုံးရှိပေမည်။ ထို့နောက် ၎င်းအား ဤမှတ်တမ်းများအနက်မှ တစ်စုံတစ်ရာကို အသင်ငြင်းပယ်လိုသလော။ ငါအရှင်မြတ် တာဝန်ပေးထားသည့် မှတ်တမ်းရေးသားသူ(မလာအိကဟ်)များက အသင့်အား မတရားပြုခဲ့သလောဟု မေးမြန်းတော်မူမည်။ ထိုအခါ ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် မတရားမပြုခဲ့ကြပါဟု ဖြေကြားလိမ့်မည်။ ထိုအခါ အရှင်မြတ်က အသင့်ထံ၌ (ထိုအပြစ်များနှင့် ပတ်သက်၍ အငြင်းဝင်ရန်) အကြောင်းပြချက် ရှိပါသလောဟု မေးမြန်းတော်မူမည်။ ထိုအခါ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် အကြောင်းပြချက် တင်ပြရန်လည်း မရှိပါဟု ဖြေကြားမည်။ ထိုအခါအရှင်မြတ်က ကောင်းပြီ အသင်၏ ကောင်းမှုတစ်ခု ငါအရှင်မြတ်ထံတော်တွင် ရှိနေသည်။ ယနေ့ အသင်မတရားပြုခြင်းခံရမည်မဟုတ်ဟု မိန့်ကြားတော်မူမည်။ ထို့နောက် စက္ကူငယ်လေးတစ်ခုထုတ်ပေးတော်မူပြီး ယင်း၌ (أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ اللَّهُ وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ) ‘အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင် မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုး သက်သေခံပါသည်။’ဟူ၍ ပါရှိသည်။ ထို့နောက်အရှင်မြတ်က ဤစက္ကူစကို သွားရောက်ချိန်စက်လော့ဟု မိန့်ကြားတော်မည်။ ထိုအခါ ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် ဤမှတ်တမ်းစာအုပ်ကြီးများနှင့် ဤစက္ကူငယ်မှာ မည်သို့ယှဥ်နိုင်ပါမည်နည်းဟု လျှောက်ထားမည်။ ထိုအခါအရှင်မြတ်က အသင့်အဖို့ မတရားမှုဟူ၍ မရှိစေရဟု မိန့်ကြားတော်မူပြီး ချိန်ခွင်ခွက်တစ်ခုတွင် မှတ်တမ်းစာအုပ်ကြီးများထည့်၍ အခြားတစ်ဖက်တွင် ကလိမဟ်တော်ရေးသားထားသည့် စက္ကူငယ်ကိုထည့်လိုက်ရာ မှတ်တမ်းစာအုပ်ကြီးများသည် အလေးချိန်ပေါ့သွားပြီး စက္ကူငယ်သည် အလေးချိန်စီးသွားမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ နာမတော်ထက်ပို၍ မည်သည့်အရာကမျှ အလေးချိန်စီးနိုင်မည် မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - သိရ်မိဇီကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အသိပေးမိန့်ကြားထားသည်မှာ မုချဧကန် အလ္လာဟ်ရှင်မြတ်သည် အဖန်ဆင်းခံများအနက်မှ လူတစ်ဦးအား သီးသန့်ရွေးချယ်တော်မူပြီး ၎င်းအား အမလ်ဆောင်ရွက်မှုများ ရေးမှတ်ထားသည့် မှတ်တမ်းစာအုပ်ကြီး ကိုးဆယ့်ကိုးအုပ်ကို ဖွင့်ပြတော်မူမည်။ စာအုပ်တိုင်း၏ အလျား၊အနံသည် လူ၏မျက်စိတစ်ဆုံးခန့်ရှိမည်ဖြစ်သည်။ ၎င်းနောက် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ၎င်းအား ဤမှတ်တမ်းများတွင် ရေးမှတ်ထားသည့် အရာများအနက်မှ တစ်စုံတစ်ရာကို အသင်ငြင်းပယ်လိုသလော။ ငါအရှင်မြတ် တာဝန်ပေးထားသည့် မှတ်တမ်းရေးသားသူ မလာအိကဟ်များက သင်၏အမလ်ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ မတရားပြုခဲ့သလောဟု မေးမြန်းတော်မူမည်။ ထိုအခါ ၎င်းက အို မွေးမြူဖန်ဆင်းတော်မူသောအရှင် မတရားမပြုခဲ့ကြပါဟု ဖြေကြားလိမ့်မည်။ ထိုအခါ အရှင်မြတ်က ၎င်းအား သင့်ထံ၌ အကြောင်းပြချက် ရှိပါသလော ဆိုလိုသည်မှာ အသင်ပြုခဲ့သည့် အပြစ်များသည် မေ့မှား၍ဖြစ်စေ၊ မေ့လျော့၍ဖြစ်စေ၊ မသိအတွက်ကြောင့်ဖြစ်စေ သို့မဟုတ် အလားတူကိစ္စရပ်များကြောင့်ဖြစ်စေ ပြုမိခဲ့ပါသည်ဟု အကြောင်းပြချက်တစ်စုံတစ်ရာ ရှိပါလေသလောဟု မေးမြန်းတော်မူမည်။ ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် အကြောင်းပြချက် တင်ပြရန်လည်း မရှိပါဟု ဖြေကြားမည်။ထိုအခါ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ကောင်းပြီ သင့်အဖို့အကြောင်းပြချက်ပေးနိုင်မည့် အရာတစ်ခု ငါအရှင်မြတ်ထံ၌ရှိသည်။ အသင့်အဖို့ ငါအရှင်မြတ်ထံတော်၌ လက်ခံသဘောတူပြီးဖြစ်သောကြီးကျယ်လှသည့် ကောင်းမှုတစ်ခုရှိသည်။ ယနေ့ အသင်မတရားပြုခြင်းခံရမည်မဟုတ်ဟု မိန့်ကြားတော်မူမည်။ ထို့နောက် (أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ اللَّهُ وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ) ရေးသားထားသည့် စက္ကူငယ်လေးတစ်ခုထုတ်ပေးတော်မူပြီး ဤစက္ကူငယ်ကို သွားရောက်ချိန်စက်လော့ဟု မိန့်ကြားတော်မည်။ ဆိုလိုသည်မှာ မီဇာန်ချိန်ခွင်တွင် ချိန်စက်လော့ သို့မဟုတ် သင့်အတွက် ချိန်တွယ်ပေးမည့်အရာ သို့မဟုတ် သင့်အမလ်များကို ချိန်တွယ်ပေးမည့်အရာတွင် ချိန်ဆက်လော့။ သို့မှသာ အသင့်အဖို့ မတရားမှု လုံးဝကင်းရှင်းပြီး တရားမျှတမှုရှိကြောင်း ပေါ်လွင်ထင်ရှားစေကာ ကျေးဇူးတော်ကိုလည်း သိသာထင်ရှားစေမည်ဖြစ်သည်။ ထိုအခါ ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် ဤများပြားလှသည့် မှတ်တမ်းစာအုပ်ကြီးများနှင့် ဤစက္ကူငယ်တစ်ခုမှာ မည်သို့ယှဥ်နိုင်ပါမည်နည်းဟု လျှောက်ထားမည်။ ထိုအခါ ၎င်းအားအသင့်အဖို့ မတရားမှုဟူ၍ မရှိစေရဟု မိန့်ကြားတော်မူမည်။ သို့ဖြစ်၍ သင့်ပေါ်တွင် မတရားမှု မပြုကြောင်း ပေါ်လွင်စေရန်အတွက် မဖြစ်မနေ ချိန်စက်ရမည်ဖြစ်သည်။ သို့ဖြစ်၍ သွားရောက်ချိန်စက်လော့ဟု မိန့်ကြားတော်မူမည်။ ထိုသူသည် ယင်းမှတ်တမ်းစာအုပ်ကြီးများကိုသေးငယ်လှသော စက္ကူငယ်ဖြင့် ချိန်စက်ရန်ငြင်းဆန်လိုသည့် သဘောရှိသည်။ ထို့ကြောင့် ၎င်းအားအမလ်ကောင်းမှုသည် တစ်ခုတည်းရှိနေလျှင်လည်း သင်မတရားပြုခြင်းခံရမည်မဟုတ်ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အသင်ဤစက္ကူငယ်ကိုအထင်မသေးလေနှင့်။၎င်းသည် ချို့ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသောအရှင်မြတ်ထံတော်၌ အလွန်ပင်ကြီးကျယ်လှ၏။ အလ္လာဟ်အရှင်မြတ်၏ နာမတော်ထက်ပို၍ မည်သည့်အရာကမျှ အလေးစီးနိုင်မည် မဟုတ်ပေ။ ထို့နောက်ချိန်ခွင်ခွက်နှစ်ခုအနက် တစ်ခုတွင် မှတ်တမ်းစာအုပ်ကြီးများကိုထည့်ပြီး အခြားတစ်ဖက်တွင် စက္ကူငယ်အားထည့်လိုက်ရာ မှတ်တမ်းစာအုပ်ကြီးများသည် ပေါ့သွားပြီး စက္ကူငယ်သည် ချိန်ခွင်၌ အလေးသာ၍ အချိန်စီးသွားမည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်၏ နာမတော်ထက်ပို၍ မည်သည့်အရာကမျှ အလေးချိန်စီးနိုင်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ မည်သည့်မကောင်းမှုအကုသိုလ်မှ အလ္လာဟ်အရှင်မြတ်၏နာမတော်ကို လွှမ်းမိုးနိုင်မည်မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်၏နာမတော်သာလျှင် အကုသိုလ်အားလုံးပေါ် အလေးသာပြီး လွှမ်းမိုးသွားမည်ဖြစ်သည်။ ဤဟဒီးဆ်တော်တွင် အမလ်ပြုမှုဆောင်ရွက်ချက်များ ရေးသားထားသော မှတ်တမ်းစာအုပ်များ ချိန်တွယ်ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အခြားဆင့်ပြန်ချက်တွင် အမလ်ကျင့်ဆောင်သူအား ချိန်တွယ်မည်ဖြစ်ကြောင်းလာရှိပြီး ၎င်း၏အလေးချိန်သည် ၎င်း၏အီမာန်နှင့်အမလ်ကောင်းမှုများ၏ အလေးချိန်တိုင်းရှိမည်ဖြစ်သည်။ ဤဟဒီးဆ်တော်၌လာရှိသော အခွင့်အရေးသည် လူတိုင်းအတွက် သတ်မှတ်ထားခြင်းမျိုးမဟုတ်ပေ။ ဤသည် အလ္လာဟ်အရှင်မြတ်က မိမိ၏အသနားတော်ဖြင့် ကောင်းကျိုးပြုလိုက်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့်သာသက်ဆိုင်သည့် အကြောင်းအရာဖြစ်သည်။ သို့ဖြစ်၍ လူတစ်ဦးသည် မိမိအစ္စလာမ်သာသနာဝင် ဖြစ်ခြင်းအပေါ် အားကိုး၍ မကောင်းမှုများ ကျူးလွန်ခြင်းမျိုး မပြုသင့်ပေ။ အခြားဩဝါဒတော်များတွင် သောင်ဝ်ဟီးဒ် တရားတော်ကြောင့် အပြစ်အကုသိုလ်များပလပ်ပေးခြင်းခံရမည်ဟု ယေဘုယျသဘောမျိုးဖြင့် လာရှိထားသော်လည်း အချို့ဩဝါဒတော်များတွင် သောင်ဝ်ဟီးဒ်တရားကို လက်ခံကြသူများအနက်မှ အကုသိုလ်ကျူးလွန်သူအချို့သည် မိမိတို့၏ အကုသိုလ်များ စင်ကြယ်သွားသည်အထိ ဂျဟန္နမ်ငရဲမီးသို့ ဝင်ရောက်ရမည်။ ထို့နောက်ဂျဟန္နမ်မှထွက်၍ ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်ဟု လာရှိထားသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ‘ရှဟာဒသ်’ သက်သေခံခြင်းနှစ်ခု၏ ကြီးကျယ်မှုနှင့် ၎င်းတို့သည် မီဇာန်ချိန်ခွင်၌ အလေးစီးကြောင်းသိရှိရသည်။
  2. ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အား ဇိက်ရ် သတိရတသခြင်း၏ အရေးပါမှုကို ဖော်ပြထားသည်။
  3. ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ တရားမျှတမှုနှင့် အရှင်မြတ်သည်မိမိ၏ကျေးကျွန်တို့အား မတရားမပြုကြောင်းသိရှိရသည်။
  4. အရှင်မြတ်သည် မိမိ၏ကျေးကျွန်တို့အား သနားကြင်နာတော်မူသည်။
ထပ်၍