عَنْ أَبِي ذَرٍّ قَالَ: قُلْتُ: يَا رَسُولَ اللهِ مَا آنِيَةُ الْحَوْضِ قَالَ: «وَالَّذِي نَفْسُ مُحَمَّدٍ بِيَدِهِ لَآنِيَتُهُ أَكْثَرُ مِنْ عَدَدِ نُجُومِ السَّمَاءِ وَكَوَاكِبِهَا، أَلَا فِي اللَّيْلَةِ الْمُظْلِمَةِ الْمُصْحِيَةِ، آنِيَةُ الْجَنَّةِ مَنْ شَرِبَ مِنْهَا لَمْ يَظْمَأْ آخِرَ مَا عَلَيْهِ، يَشْخَبُ فِيهِ مِيزَابَانِ مِنَ الْجَنَّةِ، مَنْ شَرِبَ مِنْهُ لَمْ يَظْمَأْ، عَرْضُهُ مِثْلُ طُولِهِ، مَا بَيْنَ عَمَّانَ إِلَى أَيْلَةَ، مَاؤُهُ أَشَدُّ بَيَاضًا مِنَ اللَّبَنِ، وَأَحْلَى مِنَ الْعَسَلِ».
[صحيح] - [رواه مسلم]
المزيــد ...

အဗူဇရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်က အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကောင်ဆရ်ရေကန်၏ ရေခွက်များမှာအဘယ်သို့ပါနည်းဟု လျှောက်ထားခဲ့သည်။ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အကြင်အရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏ ဝိညာဥ်ရှိသည့် ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဧကန်အမှန် ၎င်းရေကန်၏ရေခွက်များသည် မှောင်မိုက်၍ တိမ်ကင်းစင်သည့် ည၌ မိုးကောင်းကင်ရှိ ကြယ်များ၊ ဂြိုဟ်များထက်ပင် ပို၍များပြားသည်။ ထိုရေခွက်များသည် ဂျန္နသ်သုခဘုံ၏ ရေခွက်များဖြစ်ကြပြီး ထိုခွက်မှသောက်သုံးလိုက်သူသည် မည်သည့်အခါတွင်မျှ ရေငတ်တော့မည်မဟုတ်ပေ။ ထိုရေကန်ထဲသို့ ဂျန္နသ်သုခဘုံမှ ရေတံလျှောက်နှစ်ခု စီးဝင်လျက်ရှိသည်။ ၎င်းရေကန်မှရေကို သောက်လိုက်သူသည် ရေငတ်မည်မဟုတ်တော့ပေ။၎င်း၏ အလျားနှင့်အနံသည် တူညီပြီး အမ္မာန်မှ အိုင်လဟ်ဒေသနှစ်ခုကြား အကွာအဝေးမျှ ကျယ်ဝန်းသည်။ ၎င်း၏ရေသည် နို့ထက်ပို၍ဖြူပြီး ပျားရည်ထက်ပို၍ချိုမြသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

အဗူဇရ်(ရဿွိယလ္လာဟုအန်ဟု)သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ကောင်ဆရ်ရေကန်၏ ရေခွက်အရေအတွက်နှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။ ထိုကန်သည်ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရေကန်တော်ဖြစ်ပြီး ကိယာမသ်နေ့ ဟရှရ်ကွင်းပြင်၌ မုအ်မင်န်တို့သည် ထိုရေကန်မှ သောက်သုံးကြမည်ဖြစ်သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းရေကန်ရှိ ရေခွက်များ၏အရေအတွက်သည် လမိုက်ညတွင် ထွက်ပေါ်နေသည့်မိုးကောင်းကင်ရှိကြယ်များ၊ ဂြိုဟ်များ၏ အရေအတွက်ထက်ပင် ပိုများကြောင်း ကျိန်ဆို၍ ဖြေကြားတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လသာသောညတွင် ကြယ်များသည် လ၏အလင်းရောင်ကြောင့် ဖုံးကွယ်လျက်ရှိပြီး ရှင်းလင်းထင်ရှားစွာ မမြင်ရပေ။ ထို့အပြင် သြဝါဒတော်၌ ထိုညကို တိမ်ကင်းစင်သောညဟူ၍ မိန့်ကြားထားသည်။ အဘယ်ကြောင့်ဆိုသော် တိမ်ရှိလျှင် ကြယ်များကို မြင်တွေ့နိုင်ရန်အတားအဆီး ဖြစ်သောကြောင့်ဖြစ်သည်။ ထိုရေခွက်သည် ဂျန္နသ်သုခဘုံ၏ ရေခွက်ဖြစ်ပြီး ထိုခွက်ထဲမှရေကို သောက်သုံးလိုက်သူသည် မည်သည့်အခါမျှ ရေငတ်တော့မည်မဟုတ်ပေ။ထိုရေကို မသောက်မီအလျင်က ခံစားခဲ့ရသောရေငတ်ခြင်းသည် နောက်ဆုံးရေငတ်ခြင်းပင်ဖြစ်သည်။ ထိုရေကန်ထဲသို့ ဂျန္နသ်သုခဘုံမှ ရေတံလျှောက်နှစ်ခု စီးဝင်လျက်ရှိသည်။ ၎င်းရေကန်မှရေကို သောက်လိုက်သူသည် ရေငတ်တော့မည်မဟုတ်ပေ။ ထိုရေကန်၏ အနံနှင့် အလျားသည် တူညီသည်။ ဤသည်ရေကန်၏ထောင့်များ အကွာအဝေးတူညီကြောင်း ရှင်းလင်းစွာ မိန့်ကြားထားခြင်းဖြစ်သည်ဟု အချို့ပညာရှင်များက ဖွင့်ဆိုကြသည်။ ရေကန်၏အလျားသည် ရှားမ်နိုင်ငံ ဗလ်ကာအ်တွင်ရှိသည့် အမ္မာန်မြို့နှင့် ရှားမ်၏ အစွန်အဖျား ပင်လယ်ကမ်းခြေရှိ ကျော်ကြားလှသည့်မြို့ဖြစ်သည့် အိုင်လဟ်ကြားအကွာအဝေးမျှ ကျယ်ဝန်းသည်။ ရေကန်၏ ရေသည်နို့ထက်ပို၍ဖြူပြီး ၎င်း၏အရသာသည် ပျားရည်ထက်ပို၍ ချိုမြသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်၌ အရှင်မြတ်၏ကြီးကျယ်မြင့်မြတ်မှုနှင့် သင့်လျော်သည့်အတိုင်း လက်ရှိတော်မူကြောင်း အတည်ပြုထားသည်။
  2. ရေကန်၏ပုံသဏ္ဍာန်နှင့် ထိုရေကန်ရှိ အမျိုးမျိုးသော နိအ်မသ် စည်းစိမ်များအကြောင်းကို ရှင်းပြထားသည်။
  3. ရေကန်၏ကြီးကျယ်မှုနှင့် ၎င်း၏အတိုင်းအတာကို ဖော်ပြထားသည်။
  4. ရေကန်၌ ရေခွက်အများအပြားရှိကြောင်း သိရသည်။
ထပ်၍