عَنْ أَسْمَاءَ بِنْتِ أَبِي بَكْرٍ رَضِيَ اللَّهُ عَنْهُمَا، قَالَتْ: قَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: "إِنِّي عَلَى الحَوْضِ حَتَّى أَنْظُرَ مَنْ يَرِدُ عَلَيَّ مِنْكُمْ، وَسَيُؤْخَذُ نَاسٌ دُونِي، فَأَقُولُ: يَا رَبِّ مِنِّي وَمِنْ أُمَّتِي، فَيُقَالُ: هَلْ شَعَرْتَ مَا عَمِلُوا بَعْدَكَ، وَاللَّهِ مَا بَرِحُوا يَرْجِعُونَ عَلَى أَعْقَابِهِمْ".
[صحيح] - [متفق عليه]
المزيــد ...

အတ်စ်မာအ်ဗင်သိအဗီဗက်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ငါကိုယ်တော်သည် ကောင်ဆရ်ရေကန်၌ ရှိနေမည်ဖြစ်ပြီး အသင်တို့အနက် မည်သူသည် ငါ့ထံလာရောက်မည်ကို ငါကိုယ်တော်ကြည့်ရှုမည်ဖြစ်သည်။ လူအချို့သည် ငါကိုယ်တော့်ထံမှ ဖယ်ရှားခြင်းခံရမည်။ ထိုကြောင့်ငါကိုယ်တော်က အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် ၎င်းတို့သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အွမ္မသ်သားတို့အနက်မှပင်ဖြစ်သည်ဟု လျှောက်ထားမည်။ ထိုအခါ ဖြေကြားခြင်းခံရမည်မှာ ၎င်းတို့သည် အသင်မရှိတော့သည့်နောက် မည်သို့ပြုမူဆောင်ရွက်ခဲ့ကြသည်ကို အသင်သိပါသလော။ အလ္လာဟ်အရှင်မြတ်အား ကျိန်ဆိုပါသည်။ ၎င်းတို့သည် မိမိတို့၏ခြေဖနှောင့်များဘက်သို့ ပြန်လှည့်သွားကြသည်။ (သာသနာမှ ကျောခိုင်းသွားကြသည်။)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အသိပေး မိန့်ကြားထားသည်မှာ မုချဧကန်ကိုယ်တော်မြတ်သည် ကိယာမသ်နေ့၌ ကောင်ဆရ်ရေကန်၌ ရှိနေမည်ဖြစ်ပြီး မိမိ၏အွမ္မသ်များအနက် မည်သည့်မွတ်စ်လင်မ်များသည် ကောင်ဆရ်ရေကန်သို့လာရောက်မည်ကို ကြည့်ရှု့တော်မည်ဖြစ်သည်။ လူအချို့သည်ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အနားမှဖယ်ရှားခြင်းခံရလိမ့်မည်။ ထိုအခါ ကိုယ်တော်မြတ်က အို မွေးမြူဖန်ဆင်းတော်မူသောအရှင် ၎င်းတို့သည်ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အွမ္မသ်သားတို့အနက်မှပင်ဖြစ်သည်ဟု အရှင်မြတ်အားလျှောက်ထားမည်ဖြစ်သည်။ ထိုအခါ ဖြေကြားခြင်းခံရမည်မှာ ၎င်းတို့သည် အသင်နှင့် ခွဲခွါပြီးသည့်နောက် မည်သို့ပြုမူဆောင်ရွက်ခဲ့ကြသည်ကို အသင်သိပါသလော။ အလ္လာဟ်အရှင်မြတ်အား ကျိန်ဆို၍ပြောမည်။ ၎င်းတို့သည် မိမိတို့၏ခြေဖနှောင့်များသို့ပြန်လှည့်သွားကြပြီး သာသနာတော်အား စွန့်ခွာခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အသင့်အနက်မှ မဟုတ်သလို အသင့်အွမ္မသ်သားများအနက်မှလည်းမဟုတ်ပေ။ဤသည် ကိုယ်တော်မြတ် သက်ရှိထင်ရှားရှိနေစဉ် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသော သူတို့အနက် အုပ်စုငယ်တစ်ခု၌ဖြစ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ထဲတွင် မုရ်သဒ် သာသနာတော်ကို စွန့်လွှတ်ခဲ့ကြသူတို့အား စစ်တိုက်ခဲ့ကြသော ကျော်ကြားသည့် ဆွဟာဗဟ်သာဝကကြီးများ မပါဝင်ချေ။ထိုသာဝကကြီးများသည် အစ္စလာမ်သာသနာတော်ပေါ်တွင် ကြံ့ကြံ့ခံရပ်တည်ခဲ့ကြပြီး အစ္စလာမ်သာသနာ အပေါ်၌ပင်ကွယ်လွန်ခဲ့ကြသည်။အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ကျေနပ်နှစ်သက်တော်မူခဲ့သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အွမ္မသ်သားတို့အပေါ်ထားရှိသော တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ကရုဏာတော်နှင့် ၎င်းတို့၏ကောင်းကျိုးနှင့်ပတ်သက်၍ အလိုဆန္ဒပြင်းပြမှုတို့ကို ဖော်ပြထားသည်။
  2. အစ္စလာမ်သာသနာတော်မှ စွန့်ခွာသွားခြင်း၊ ကျောခိုင်းသွားခြင်း၏ အန္တရာယ်ကို ဖော်ပြထားသည်။
ထပ်၍