عَنْ أَسْمَاءَ بِنْتِ أَبِي بَكْرٍ رَضِيَ اللَّهُ عَنْهُمَا، قَالَتْ: قَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِنِّي عَلَى الحَوْضِ حَتَّى أَنْظُرَ مَنْ يَرِدُ عَلَيَّ مِنْكُمْ، وَسَيُؤْخَذُ نَاسٌ دُونِي، فَأَقُولُ: يَا رَبِّ مِنِّي وَمِنْ أُمَّتِي، فَيُقَالُ: هَلْ شَعَرْتَ مَا عَمِلُوا بَعْدَكَ، وَاللَّهِ مَا بَرِحُوا يَرْجِعُونَ عَلَى أَعْقَابِهِمْ».

[صحيح] - [متفق عليه] - [صحيح البخاري: 6593]
المزيــد ...

အတ်စ်မာအ်ဗင်သိ အဗီဗက်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
ငါကိုယ်တော်သည် ကောင်ဆရ်ရေကန်၌ ရှိနေမည်ဖြစ်ပြီး အသင်တို့အနက် မည်သူသည် ငါ့ထံလာရောက်မည်ကို ငါကိုယ်တော်ကြည့်ရှုမည်ဖြစ်သည်။ လူအချို့သည် ငါကိုယ်တော့်ထံမှ ဖယ်ရှားခြင်းခံရမည်။ ထိုကြောင့်ငါကိုယ်တော်က အို မွေးမြူဖန်ဆင်းတော်မူသောအရှင် ၎င်းတို့သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အွမ္မသ်သားတို့အနက်မှပင်ဖြစ်သည်ဟု လျှောက်ထားမည်။ ထိုအခါ ဖြေကြားခြင်းခံရမည်မှာ ၎င်းတို့သည် အသင်မရှိတော့သည့်နောက် မည်သို့ပြုမူဆောင်ရွက်ခဲ့ကြသည်ကို အသင်သိပါသလော။ အလ္လာဟ်အရှင်မြတ်အား ကျိန်ဆိုပါသည်။ ၎င်းတို့သည် မိမိတို့၏ခြေဖနှောင့်များဘက်သို့ ပြန်လှည့်သွားကြသည်။ (သာသနာမှ ကျောခိုင်းသွားကြသည်။)

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 6593]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ မုချဧကန်ကိုယ်တော်မြတ်သည် ကိယာမသ်နေ့၌ ကောင်ဆရ်ရေကန်၌ ရှိ‌နေမည်ဖြစ်ပြီး မိမိ၏အွမ္မသ်များအနက် မည်သူသည် ကောင်ဆရ်ရေကန်သို့လာရောက်မည်ကို ကြည့်ရှုတော်မူမည်ဖြစ်သည်။ လူအချို့သည် ကိုယ်‌တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အနားမှဖယ်ရှားခြင်းခံရမည်။ ထိုအခါ ကိုယ်တော်မြတ်က အို မွေးမြူဖန်ဆင်းတော်မူသောအရှင် ၎င်းတို့သည်ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အွမ္မသ်သားတို့အနက်မှပင်ဖြစ်သည်ဟု အရှင်မြတ်အား‌လျှောက်ထားမည်ဖြစ်သည်။ ထိုအခါ ဖြေကြားခြင်းခံရမည်မှာ ၎င်းတို့သည် အသင်နှင့် ခွဲခွါပြီးသည့်နောက် မည်သို့ပြုမူဆောင်ရွက်ခဲ့ကြသည်ကို အသင်သိပါသလော။ အလ္လာဟ်အရှင်မြတ်အား ကျိန်ဆို၍ပြောမည်။ ၎င်းတို့သည် မိမိတို့၏ခြေဖ‌နှောင့်များသို့ပြန်လှည့်သွားကြပြီး သာသနာတော်အား စွန့်ခွာခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အသင့်အနက်မှ မဟုတ်သလို အသင့်အွမ္မသ်သားများအနက်မှလည်းမဟုတ်ပေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မိမိအွမ္မသ်သားများအပေါ်ထားရှိသော တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကရုဏာတရားနှင့် ၎င်းတို့အပေါ်ထားရှိသည့် အလိုဆန္ဒများကို ဖော်ပြထားသည်။
  2. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) လျှောက်လှမ်းခဲ့သည့် လမ်းစဉ်အား ဆန့်ကျင်ခြင်း၏ ဆိုးကျိုးကို ဖော်ပြထားသည်။
  3. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ စွန္နသ်တော်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားရန် တိုက်တွန်းထားသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (65)
ထပ်၍