အမျိုးအစားခွဲများ

ဟဒီးဆ်တော်များစာရင်း

အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီးငါးခုပေါ်တွင် တည်ဆောက်ထားသည်
عربي الإنجليزية الأوردية
ဧကန်အမှန်အသင်တို့အနက် တစ်ဦးတစ်ယောက်သည်မိခင်၏ ဝမ်းဗိုက်ထဲ၌ ပေါင်းစည်းခံရပြီးနောက် စတင်သန္ဓေတည်သည့်အခါတွင်‘နုသ်ဖဟ်’ကာလရည်ကြည်အဖြစ်ရက် ပေါင်း(၄၀)ကြာမြင့်သည်။
عربي الإنجليزية الأوردية
မည်သူမဆို ကျွန်ုပ်တို့၏ ဤသာသနာတော်၌ မပါရှိသည့်အရာကို တီထွင်ဖန်တီးခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်
عربي الإنجليزية الأوردية
အို - ကလေးငယ် ငါတမန်တော် သင့်အား အချို့သောစကားရပ်များကို သင်ပေးတော်မူမည်။ သင်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အရှင်မြတ်သည် သင့်အားထိန်းသိမ်းစောင့်ရှောက်တော်မူမည်။ ထို့ပြင်အသင်အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အသင် အလ္လာဟ်အရှင်မြတ်ကို အသင့်ရှေ့‌တွင် တွေ့ရှိရပေမည်။ သင်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ သင်အကူအညီတောင်းမည်ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။
عربي الإنجليزية الأوردية
ကျွန်တော်မျိုးသည် ကိုယ်တော့်အပြင် အခြားမည်သူ့ထံမှ မေးမြန်းရန်မလိုအောင် အစ္စလာမ်နှင့်ပတ်သက်သည့် စကားရပ်တစ်ခုကို ကျွန်တော်မျိုးအား မိန့်ကြားတော်မူပါဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ကျွန်တော်မျိုး အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ပါသည်ဟု သင်ပြောကြားပါ။ ၎င်းနောက် ကြံ့ခိုင်စွာရပ်တည်ပါ။
عربي الإنجليزية الأوردية
ကိုယ်တော် ကျွန်တော့်အားပြောပြပါ။ အကယ်၍ ကျွန်တော်သည် ဖရ်ဿွ်ဆွလာသ်များကို ဆောက်တည်မည်။ ရမဿွာန်လတွင် ဥပုသ်စောင့်ထိန်းမည်။ ဟလာလ်ကို ဟလာလ်ဟုသတ်မှတ်ပြီး ဟရာမ်ကို ဟရာမ်ဟုသတ်မှတ်မည်။
عربي الإنجليزية الأوردية
“ငါသည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေစွာဖြင့် နေထိုင်ကြရန်နှင့်(အုပ်ချုပ်သူများ၏ အမိန့်ကို ) နာခံလိုက်နာကြရန် ဆုံးမညွှန်ကြားပါသည်။ ထိုအုပ်ချုပ်သူသည် ဟဗရှီကျွန်တစ်ဦးဖြစ်စေကာမူ (နာခံလိုက်နာကြလော့)။ ငါကိုယ်တော် ၏နောက်တွင် သင်တို့သည် အလွန်များပြားလှစွာသော ကွဲလွဲမှုဒွိဟများကို တွေ့မြင်ကြရလိမ့်မည်။ သို့ဖြစ်ရာ သင်တို့သည် ငါကိုယ်တော်၏ စွန္နသ်လမ်းစဉ်နှင့် ခုလဖာအိရာရှီဒီးန်(ဖြောင့်မတ်မှန်ကန်သော ခေါင်းဆောင်ခလီဖဟ်ကြီးများ)၏ စွန္နသ် ( စံနမူနာ )လမ်းစဉ်ကို ခိုင်မြဲစွာ ကိုင်စွဲထားကြလော့
عربي الإنجليزية الأوردية
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုများနဲ့ မကောင်းမှုများကို ရေးမှတ်တော်မူခဲ့တယ်။ ထို့နောက် ယင်းအား ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အသေးစိတ်ရှင်းပြတော်မူခဲ့သည်
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ- " မည်သူမဆို ငါအရှင်မြတ်ရဲ့ အချစ်တော် ဝလီတစ်ပါးပါးကို ရန်ငြိုးထားမယ်ဆိုရင် ငါအရှင်မြတ် ထိုသူ့အား စစ်ကြေငြာတော်မူမယ်။ ငါအရှင်မြတ်ရဲ့ကျေးကျွန်ဟာ ငါအရှင်မြတ် ၎င်းအပေါ် သတ်မှတ်ပြဌာန်းထားတယ့် ဖရဿ်ွတာဝန်များကို လုပ်ဆောင်တာထက် အခြားပိုနှစ်သက်စရာကောင်းတယ့် အရာနဲ့ ငါအရှင်မြတ်ထံ နီးကပ်မှု ရယူမည်မဟုတ်ပေ
عربي الإنجليزية الأوردية
သင်တို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ ၎င်း၏စိတ်ဆန္ဒသည် ငါကိုယ်‌တော် ယူဆောင်လာခဲ့သော (ဝဟီ) အမိန့်တော်များ၏ နောက်လိုက်မဖြစ်မချင်း ပြည့်ဝသောမုအ်မင်န်ယုံကြည်သူ ဖြစ်မည်မဟုတ်ပေ။
عربي الإنجليزية الأوردية
အကြင်အရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏ အသက်ဝိညာဥ်ရှိသည်။ ထိုအရှင်မြတ်ကို တိုင်တည်၍ ပြောမည်။ ဤအွမ္မသ်အနက်မှ ဂျူးဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ ငါကိုယ်တော်ကို ကြားသိပြီးနောက် ငါကိုယ်တော်နှင့်အတူ ချပေးခြင်းခံရသောအရာကို မယုံကြည်ဘဲ သေဆုံးခဲ့သော် ထိုသူသည် ငရဲသားများ အနက်မှပင်ဖြစ်သည်။
عربي الإنجليزية الأوردية
ယဟူဒီနှင့် နဆွ်ရာနီတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ (လအ်နသ်)ကရုဏာကင်းဝေးမှု ကျရောက်ပါစေ။ ၎င်းတို့သည် မိမိတို့တမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသည်။
عربي الإنجليزية الأوردية
အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ကဗရ်အား ကိုးကွယ်ရာအဖြစ် မပြုလုပ်လိုက်ပါနှင့်။
عربي الإنجليزية الأوردية
ကြီးမားလှသည့် ဒုက္ခစမ်းသပ်မှုနဲ့အတူ ကြီးကျယ်လှသည့် အကျိုးကုသိုလ်လည်း ရှိသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် လူအုပ်စုတစ်စုအားချစ်မြတ်နိုးတော်မူလျှင် ၎င်းတို့အား စမ်းသပ်တော်မူသည်။ အကြင်သူသည် ဤစမ်းသပ်မှုအပေါ် ကျေနပ်လျှင် ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရရှိမည်။ အကြင်သူသည် ဤစမ်းသပ်မှုအပေါ် ကျေနပ်မှုမရှိလျှင်၎င်းသည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်ကိုသာရရှိမည်။
عربي الإنجليزية الأوردية
ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။
عربي الإنجليزية الأوردية
ငါကိုယ်တော်သည် အသင်တို့အနက် တစ်ဦးတစ်ယောက်အား ငါကိုယ်တော်အတွက် အချစ်တော်၊အဆွေတော်အဖြစ် သတ်မှတ်ခြင်းမှ အလ္လာဟ်အရှင်မြတ်ထံတွင် ကင်းရှင်းတော်မူသည်။ အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်းဟိစ္စလာမ်)အား (ခလီလ်)အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်ခဲ့သလို ငါကိုယ်တော်အားလည်း အချစ်တော်၊ အဆွေတော်အဖြစ် သတ်မှတ်တော်မူခဲ့သည်။
عربي الإنجليزية الأوردية
ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် (အမျက်ဒေါသဖြင့်) မခံချင်စိတ် ဖြစ်တော်မူသည်။ မုအ်မင်န်သည်လည်း မခံချင်စိတ်ဖြစ်သည်။ အရှင်မြတ်၏ (အမျက်ဒေါသဖြင့်) မခံချင်စိတ်ဖြစ်ခြင်းသည် မုအ်မင်န်တစ်ဦးက အလ္လာဟ်အရှင်မြတ် တားမြစ်ထားသည့် အရာကိုကျူးလွန်သည့် အခါတွင်ဖြစ်သည်။
عربي الإنجليزية الأوردية
အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာဖြင့် ကစမ်ကျိန်ဆိုခဲ့လျှင် ထိုသူသည် (ကုဖ်ရ်) သွေဖည်ငြင်းပယ်မှု သို့မဟုတ် (ရှိရ်က်) ဖက်စပ်ယှဉ်တွဲမှု ပြုခြင်းဖြစ်သည်။
عربي الإنجليزية الأوردية
မုနာဖိက် (အရေခြုံမွတ်စလင်မ်) တို့အပေါ်တွင် အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်သည် အလေးလံဆုံး ဆွလာသ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုဆွလာသ်နှစ်ကြိမ်၏ အကျိုးကုသိုလ်အား သိရှိကြလျှင် (လမ်းမလျှောက်နိုင်သဖြင့်) လေးဖက်ထောက်လာရမည်ဆိုလျှင်လည်း မုချလာကြလိမ့်မည်။
عربي الإنجليزية الأوردية
ဧကန်အမှန်ပင် လူတို့အနက် အဆိုးဆုံးသူများသည် အသက်ရှင်လျက် ကိယာမသ်ကို ကြုံကြိုက်ရသူများနှင့် ကဗရ်သင်္ချိုင်းများကို ဦးချရာနေရာ (ဗလီဝတ်ကျောင်းတော်)များအဖြစ် ပြုလုပ်ကြသူများဖြစ်သည်။
عربي الإنجليزية الأوردية
ငါကိုယ်တော်သည် အသင်တို့အတွက် အစိုးရိမ်ဆုံးကိစ္စမှာ ရှိရ်က် အဆ်ွဂရ် (ရှိရ်က်အသေးစား) ပင်ဖြစ်သည်။ သာဝကကြီးများက အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ရှိရ်က် အဆ်ွဂရ် ဆိုသည်မှာ အဘယ်နည်းဟု လျှောက်ထားမေးမြန်းကြသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ပြစားမှု
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်က ဟလာလ် ဟူ၍ သတ်မှတ်ထားသည်တို့ကို ၎င်းတို့က ဟရာမ် ဟူ၍ သတ်မှတ်လိုက်သည့်အခါ အသင်တို့သည်လည်း ဟရာမ် ဟူ၍ပင် သတ်မှတ်ခဲ့ကြသည်မဟုတ်လော။ အလ္လာဟ်အရှင်မြတ်က ဟရာမ် ဟူ၍ သတ်မှတ်ထားသည်တို့ကို ၎င်းတို့က ဟလာလ် ဟူ၍ သတ်မှတ်လိုက်သည့်အခါ အသင်တို့သည်လည်း ဟလာလ် ဟူ၍ပင် သတ်မှတ်ခဲ့ကြသည်မဟုတ်လော။ ထိုအခါ ကျွန်တော်က ဟုတ်ပါသည်ဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က ဤသည်ပင် ၎င်းတို့အား ခဝပ်ကိုးကွယ်ခြင်းဖြစ်သည် ဟုမိန့်ကြားခဲ့သည်။
عربي الإنجليزية الأوردية
ဧကန်အမှန်အသင်သည် ကျမ်းရထားသူများထံ သွားရောက်နေသည်ဖြစ်ရာ အသင်သည် သူတို့ထံရောက်ရှိလျှင် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိကြောင်းနှင့် ဧကန်အမှန် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံရန် ပထမဦးဆုံးဖိတ်ခေါ်ပါလေ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နုရှ်ရဟ်(ဂျာဒူစုန်းပယောဂအား ဂျာဒူစုန်းပယောဂဖြင့် ဖြေပေးခြင်း)နှင့် ပတ်သက်၍ လျှောက်ထားမေးမြန်းခြင်းခံရသည့်အခါ ကိုယ်တော်က ဤသည် ရှိုင်သွာန်၏ လုပ်ရပ်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
နဆ်ွရာနီတို့သည် မရ်ယမ်၏ သားတော်(တမန်တော်အီစာ) (အလိုင်းဟိစ္စလာမ်)အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ကြသကဲ့သို့ အသင်တို့သည် ငါကိုယ်တော်အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ခြင်းမပြုကြနှင့်။ ငါကိုယ်တော်သည် အရှင်မြတ်၏ကျေးကျွန်သာဖြစ်သည်။ ထို့ကြောင့်ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်သည်ဟူ၍သာ သင်တို့ပြောကြလေကုန်။
عربي الإنجليزية الأوردية
ကိယာမသ် တရားစီရင်မည့်နေ့၌ ငါကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ မိမိနှလုံးသားတွင်း၌ အရှင်မြတ်အတွက်သာရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်)ကို ရွတ်ဆိုခဲ့သူဖြစ်သည်။
عربي الإنجليزية الأوردية
အကြင်သူသည် (အတိတ်နိမိတ်ဆိုးကောက်၍) ထိုနိမိတ်ဆိုးကောက်ခြင်းက သူရည်ရွယ်ထားသည့်ကိစ္စကို ရပ်ဆိုင်းစေခဲ့လျှင် ထိုသူသည် ရှိရ်က်အမှုကို ကျူးလွန်ခြင်းဖြစ်သည်။ သာဝကြီးများက ထိုပြစ်မှုအတွက် အပြစ်ပြေပျောက်စေမည့်အရာ (ကဖ္ဖာရဟ်) မှာအဘယ်အရာပါနည်း ဟု မေးလျှောက်ခဲ့ကြရာ ကိုယ်တော်က အောက်ပါအတိုင်း တောင်းဆုပြုရန် မိန့်ကြားတော်မူသည်။ ( အို အလ္လာဟ်အရှင်မြတ် အရှင်မြတ်ထံရှိသည့် ကောင်းချီးမင်္ဂလာမှအပ အခြားကောင်းချီးမင်္ဂလာဟူ၍ မရှိ၊ အရှင်မြတ်သတ်မှတ်ထားသည့် ပြစ်ဒဏ်၏ မကောင်းမှုမှအပ အခြားနိမိတ်ဆိုးဟူ၍မရှိ၊ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိ။)
عربي الإنجليزية الأوردية
၎င်း၏အမလ်ကျင့်ဆောင်မှုသည် မည်သို့ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် သူ့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူမည်။
عربي الإنجليزية الأوردية
အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကို ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုမပြုဘဲ အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုပြု၍ အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်။
عربي الإنجليزية الأوردية
အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့
عربي الإنجليزية الأوردية
အစွန်းရောက်သူများ ပျက်စီးပါစေ
عربي الإنجليزية الأوردية
အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ကုရ်အာန်ကျမ်းလာ အာယတ်တော်ဖြစ်သော (၎င်းပြင် ထို ကျွန်တော်မျိုး၏ အမျိုးသားတို့သည် (လက်အောက်ငယ်သားလူ့ဗာလတို့အား ဤသို့) ပြောဆိုခဲ့ကြပါသည်။ (အချင်းတို့၊) အသင်တို့သည် မိမိတို့၏ ကိုးကွယ်ရာများကို စွန့်ပယ်၍ အလျှင်း မထားကြကုန်လင့်။၎င်းပြင် အသင်တို့သည် “ဝဒ္ဒ်”ဆင်းတုကိုလည်း အလျှင်း မစွန့်ပယ်ကြကုန်လင့်၊ “ဆုဝါအ်”ဆင်းတုကိုလည်း စွန့်ပယ်ခြင်းမပြုကြကုန်လင့်၊ထိုမှတစ်ပါး“ယဂူဆ်”ဆင်းတုကိုလည်းကောင်း၊“ယအူက်”ဆင်းတုကိုလည်းကောင်း၊ “နတ်စ်ရ်”ဆင်းတုကိုလည်းကောင်း၊ စွန့်ပယ်ခြင်းကိုမပြုကြကုန်လင့်။) (ကုရ်အာန် ၇၁း၂၃) ဟူသော အာယတ်နှင့်ပတ်သက်၍ မိန့်ကြားသည်မှာ ဤသည် တမန်တော်နူးဟ် (အလိုင်ဟိစ္စလာမ်) ခေတ်၌ရှိသော သူတော်စင်ကြီးများ၏အမည်များ ဖြစ်ကြသည်။
عربي الإنجليزية الأوردية
အကြင်သူသည် အကြွေးဆပ်ရန် ခက်ခဲနေသူအား နောက်ဆိုင်းပေးထားမည် သို့မဟုတ် ကြွေးမြီတစ်စုံတစ်ရာကို လျှော့ပေးလိုက်မည်ဆိုလျှင် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား မိမိပလ္လင်တော်၏ အရိပ်အောက်၌ အရိပ်ပေးတော်မူမည်။ ထိုနေ့တွင် ၎င်း၏အရိပ်မှလွဲ၍ အခြားမည်သည့် အရိပ်အာဝါသမျှ ရှိမည်မဟုတ်ပေ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် တစ်ဦးတစ်ယောက်အား ကောင်းစေလိုလျှင် ထိုသူ့အား စမ်းသပ်ရန် အလို့ငှာ ဘေးဒုက္ခများ သက်ရောက်စေတော်မူသည်။
عربي الإنجليزية الأوردية
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုများနှင့် မကောင်းမှုများကို ရေးမှတ်တော်မူပြီးနောက် ၎င်းတို့အား အသေးစိတ်ရှင်းပြတော်မူခဲ့သည်။ ထို့ကြောင့် မည်သူမဆို ကောင်းမှုတစ်ခုကို ပြုလုပ်ရန်ရည်ရွယ်ပြီး မလုပ်ဖြစ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင်မြတ်သည် မိမိထံတော်တွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ယင်းကောင်းမှုကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့ပါက ၎င်းကို ထိုသူ့အတွက် အလ္လာဟ်အရှင်မြတ်က မိမိထံတော်တွင် ကောင်းမှု(၁၀)ဆမှ အဆ(၇၀၀) အထိ၊ ထိုမှ အဆပေါင်းမြောက်မြားစွာထိ ရေးမှတ်တော်မူမည်ဖြစ်သည်။ ၎င်းအပြင် အကြင်သူသည် မကောင်းမှုတစ်ခုကို ပြုလုပ်ရန် ရည်ရွယ်ပြီး မလုပ်ခဲ့လျှင် ၎င်းကို အလ္လာဟ်အရှင်မြတ်သည် မိမိထံတွင် ပြည့်စုံသည့် ကောင်းမှုတစ်ခုအဖြစ် ရေးမှတ်တော်မူသည်။ အကယ်၍ ထိုသူသည် ၎င်းကိုပြုလုပ်ရန် ရည်ရွယ်ပြီးနောက် လက်တွေ့ပြုလုပ်ခဲ့လျှင် ၎င်းကို သူ့အတွက် အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုတစ်ခုအဖြစ်သာ ရေးမှတ်တော်မူမည်။
عربي الإنجليزية الأوردية
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ခန္ဓာကိုယ်များနှင့် ရုပ်ရည်များကို ကြည့်တော်မူမည်မဟုတ်၊ သို့သော် သင်တို့၏ နှလုံးသားများနှင့် လုပ်ရပ်များကိုသာ ကြည့်တော်မူမည်ဖြစ်သည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သည့်အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်း၊ ဆွလာသ်ဆောက်တည်ခြင်း၊ ဇကာသ်ပေးခြင်း၊ ရမဿွာန်လတွင် ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်းနှင့် (မက္ကဟ်မြို့သို့) သွားရောက်နိုင်စွမ်းရှိသူအတွက် ကအ်ဗဟ်ကျောင်းတော်သို့ သွားရောက် ဟဂျ် ပြုခြင်းတို့ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။
عربي الإنجليزية الأوردية
မည်သူမဆို ကျွန်ုပ်တို့၏ ဤသာသနာတော်၌ မပါရှိသည့်အရာကို တီထွင်ဖန်တီးခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်။
عربي الإنجليزية الأوردية
အို - ငါအရှင်၏ကျွန်အပေါင်းတို့ ငါအရှင်မြတ်သည် မတရားမှုကို မိမိအပေါ်တွင် ဟရာမ် အဖြစ်သတ်မှတ်ထားတော်မူသည်။ ထို့အတူ အသင်တို့ ကြား၌လည်း ၎င်းအား ဟရာမ်အဖြစ် သတ်မှတ်တော်မူလိုက်သည်။ သို့ရှိရာ အသင်တို့အချင်းချင်း မတရားမှုမပြုကြလေနှင့်။
عربي الإنجليزية الأوردية
အို - ကောင်လေး ငါကိုယ်တော် သင့်အား အချို့သောစကားရပ်များကို သင်ကြားပေးတော်မူမည်။ သင်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အရှင်မြတ်သည် သင့်အား ထိန်းသိမ်းစောင့်ရှောက်တော်မူမည်။ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အလ္လာဟ်အရှင်မြတ်သည် သင့်အရှေ့မှ ကူညီတော်မူလိမ့်မည်။ သင်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းခံပါ။ သင်အကူအညီတောင်းမည် ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကူအညီတောင်းခံပါ။
عربي الإنجليزية الأوردية
ငြင်းပယ်သူမှလွဲ၍ ငါကိုယ်တော် ၏ အွမ္မသ်သားအားလုံးသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ကြရမည်။
عربي الإنجليزية الأوردية
အကြင်သူသည် လူအုပ်စုတစ်စုဖြင့် တူဆင်အောင်ပြုလုပ်ခဲ့လျှင် ၎င်းသည် ထိုအုပ်စုအနက်မှပင်ဖြစ်သည်။
عربي الإنجليزية الأوردية
ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါသနည်းဟုမေးလျှောက်ခဲ့ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သည် သင့်အားဖန်ဆင်းတော်မူသည့် အရှင်ဖြစ်ပါလျက်
عربي الإنجليزية الأوردية
မွတ်စ်လင်မ်တစ်ဦးသည် မိမိညီနောင်အား သုံးရက်ထက်ပို၍ မခေါ်မပြောဘဲ နေပိုင်ခွင့်မရှိပေ။ ၎င်းတို့နှစ်ဦးဆုံတွေ့သည့်အခါ တစ်ဦးနှင့် တစ်ဦးကျောခိုင်းကြသည်။ ၎င်းတို့နှစ်ဦးအနက် အကောင်းဆုံးသူမှာ စလာမ် စပေးသူပင်ဖြစ်သည်။
عربي الإنجليزية الأوردية
မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ထိခိုက်နစ်နာအောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိခိုက်နစ်နာစေလိမ့်မည်။ မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ခက်ခဲဒုက္ခရောက်အောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ခက်ခဲဒုက္ခရောက်စေလိမ့်မည်။
عربي الإنجليزية الأوردية
ဧကန်မုချ အသင်တို့သည် ဤလပြည့်ဝန်းကို တွေ့မြင်ကြရသကဲ့သို့ အသင်တို့၏အရှင်မြတ်အား ဖူးမြင်ကြရမည်ဖြစ်သည်။ ထိုအရှင်မြတ်ကို ဖူးမြင်ရာတွင် အသင်တို့သည် တိုးဝှေ့ကြရမည် မဟုတ်ပေ။
عربي الإنجليزية الأوردية
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် မတရားပြုသူအား အချိန်ဆိုင်းငံ့ခွင့် ပေးထားတော်မူသည်။ အရှင်မြတ်က ၎င်းအား အရေးယူသည့်အခါ လွတ်မြောက်ခွင့် ပေးမည်မဟုတ်ပေ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကျွန်ုပ်အား စေလွှတ်ခဲ့သည့်အတိုင်း ကျွန်ုပ်လည်း သင့်အားမစေလွှတ်ရဘူးလား။ ၎င်းမှာ မည်သည့်ရုပ်ပုံကိုမျှ မချန်ထားဘဲ ဖျက်ဆီးပစ်ရန်နှင့် မြင့်နေသည့် ကဗရ်သင်္ချိုင်းတိုင်းအား (မြေပြင်နှင့်) တပြေးတည်းဖြစ်အောင် ပြုလုပ်ရန်ဖြစ်သည်။
عربي الإنجليزية الأوردية
အတိတ်နိမိတ်ဆိုးကောက်သူ၊ အတိတ်နိမိတ်ဆိုးကောက်ပေးသူ၊ ဗေဒင်လက္ခဏာကြည့်သူ၊ ဗေဒင်လက္ခဏာကြည့်ပေးသူ၊ ဂျာဒူပယောဂပြုသူ၊ ဂျာဒူပယောဂပြုပေးသူ၊
عربي الإنجليزية الأوردية
မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ တစ်စုံတစ်ရာ မေးမြန်းပါက ရက်ပေါင်း လေးဆယ်တိုင် ထိုသူ၏ ဆွလာသ် လက်ခံခြင်းခံရမည် မဟုတ်ပေ။
عربي الإنجليزية الأوردية
မည်သူမဆို နက္ခတ်တာရာ ဂြိုလ်စီး၊ ဂြိုလ်နင်း ပညာရပ်များအနက် ကဏ္ဍတစ်ခုအား သင်ယူဆည်းပူးခဲ့ပါက အမှန်တကယ်ပင် ၎င်းသည် ဂျာဒူပယောဂ၏ ကဏ္ဍတစ်ခုကို သင်ယူခဲ့ခြင်းပင်ဖြစ်သည်။ (သင်ယူမှု)များလာသည်နှင့်အမျှ (ဂျာဒူပယောဂအတတ်လည်း) များလာမည်ဖြစ်သည်။
عربي الإنجليزية الأوردية
(ကဗီရဟ်)ကြီးလေးသော အပြစ်အကုသိုလ်များမှာ အလ္လာဟ်အရှင်မြတ်အား (ရှိရ်က်) ယှဉ်တွဲကိုးကွယ်မှုပြုခြင်း၊အလ္လာဟ်အရှင်မြတ်၏ အကြံအစည်တော်ကို စိုးရိမ်မှုမရှိဘဲ စိတ်ချနေခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မက်ဆန္ဒမထားခြင်းတို့ဖြစ်သည်။
عربي الإنجليزية الأوردية
အီမာန် သက်ဝင်ယုံကြည်မှု၌ အကိုင်းအလက် (အစိတ်အပိုင်း) ခုနစ်ဆယ်ကျော် သို့မဟုတ် ခြောက်ဆယ်ကျော် ရှိသည်။ ၎င်းတို့အနက် အမြင့်မြတ်ဆုံးမှာ “လာအိလာဟ အိလ္လလ္လာဟ်”ရွတ်ဆိုခြင်းဖြစ်ပြီး အနိမ့်ဆုံးမှာ လမ်းပေါ်မှ ဒုက္ခဖြစ်စေမည့် အရာကို ဖယ်ရှားပေးခြင်းဖြစ်သည်။
عربي الإنجليزية الأوردية
မျက်စိထိခြင်းမှ ကာကွယ်ရန်အတွက် ကုလားအုတ်လည်ပင်း၌ ချည်ထားသော မည်သည့်ခေါင်းလောင်းကြိုးနှင့် ခမည်းကြိုးကိုမဆို မချန်ထားဘဲ ဖြတ်တောက်ပစ်ရန် မှာကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
အကြင်သူသည် (အင်းအိုင်၊အဆောင်၊လက်ဖွဲ့၊ခမည်း)တစ်စုံတစ်ရာကို ချိတ်ဆွဲပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိုအရာဘက်သို့အပ်နှင်းတော်မူမည်ဖြစ်သည်။
عربي الإنجليزية الأوردية
အကြင်သူသည် ကလိမဟ်တော် “လာအိလာဟ အိလ္လလ္လာဟ်”အား ရွတ်ဆိုပြီး အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခံရသော အရာများကို ငြင်းပယ်ခဲ့ပါက ၎င်း၏ ပစ္စည်းဥစ္စာနှင့် အသက်သွေးတို့သည် (အခြားသူတစ်ဦးအတွက်) ဟရာမ်ဖြစ်သွားချေပြီ။ ၎င်းအား စာရင်းစစ်ဆေးခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်ပေသည်။
عربي الإنجليزية الأوردية
အကြင်နာတရားရှိသူတို့အား “ရဟ်မာန်” မဟာကရုဏာတော်ရှင်က သနားကြင်နာတော်မူမည်ဖြစ်သည်။ အသင်တို့သည် မြေပထဝီပေါ်ရှိ သတ္တဝါအပေါင်းအား သနားကြင်နာကြလေကုန်၊ မိုးကောင်းကင်ပေါ်တွင်ရှိတော်မူသော အရှင်မြတ်က အသင်တို့အား သနားကြင်နာတော်မူပေမည်။
عربي الإنجليزية الأوردية
ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ငရဲသားများအနက်မှ ပြစ်ဒဏ်အပေါ့ဆုံးသူကို ဤသိုမိန့်တော်မူမည်။ ကမ္ဘာပေါ်တွင်ရှိရှိသမျှအရာများအားလုံးကို အသင်ပိုင်ဆိုင်ပြီး ယင်းပိုင်ဆိုင်မှုအားလုံးနှင့်(ဤပြစ်ဒဏ်ကို လဲလှယ်၍)လျော်ကြေးပေးမည်‌လော။ ထိုအခါ ယင်းငရဲသားက လဲလှယ်ပါမည်ဟု ဖြေကြားလိမ့်မည်။
عربي الإنجليزية الأوردية
ထိုမှန်ကန်သည့်စကားသည် ဂျင်န်က (ကောင်းကင်တမန်များထံမှ) အလျင်အမြန်သုတ်ယူလာပြီး မိမိ၏မိတ်ဆွေ (နက္ခတ်ဗေဒင်အကြားအမြင်ဆရာ)၏နားထဲသို့ ကြက်မတစ်ကောင်၏အသံကဲ့သို့ ပြောကြားလိုက်သည့် စကားသာဖြစ်သည်။ ၎င်းနက္ခတ်ဗေဒင်အကြားအမြင်ဆရာများသည် ထိုစကားအား မုသားစကား တစ်ရာဖြင့် ရောထွေးလိုက်ကြသည်။
عربي الإنجليزية الأوردية
မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်း စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်ဖြစ်သည်။
عربي الإنجليزية الأوردية
ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်သည် ည၏နောက် ဆုံး သုံးပုံတစ်ပုံအချိန်တွင် မိုးကောင်းကင်အောက်ဆုံးထပ်သို့ ညစဉ် ဆင်းသက်တော်မူပြီး မိန့်ကြားတော်မူသည်မှာ -
عربي الإنجليزية الأوردية
အသင်တို့သည် ကဗရ်သင်္ချိုင်းများပေါ်တွင် မထိုင်ကြနှင့် ၎င်းတို့ဘက်သို့လှည့်၍ ဆွလာသ် မဆောက်တည်ကြနှင့်။
عربي الإنجليزية الأوردية
အကြင်သူတို့သည် ၎င်းတို့ထဲမှ သူတော်စင် ကျေးကျွန်တစ်ဦး သို့မဟုတ် သူတော်ကောင်းတစ်ဦး ကွယ်လွန်ခဲ့လျှင် ထိုသူ၏ ကဗရ်သင်္ချိုင်းပေါ်တွင် ဘုရားကျောင်းဆောက်လုပ်ခဲ့ကြပြီး
عربي الإنجليزية الأوردية
အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီးငါးခုပေါ်တွင် တည်ဆောက်ထားသည်
عربي الإنجليزية الأوردية
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မကောင်းမှုတစ်ခုခုကို မြင်တွေ့ခဲ့ပါက ၎င်းအား မိမိလက်ဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏နှုတ်လျှာဖြင့် တားမြစ်ပါ။ အကယ်၍ ထိုသို့မပြုလုပ်နိုင်လျှင် မိမိ၏စိတ်နှလုံးသားအတွင်းမှ ထိုအရာကိုမကောင်းမှုဟုမှတ်ယူပါ။ ဤသည် အီမာန်ယုံကြည်မှု၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။
عربي الإنجليزية الأوردية
-အကြင်သူသည် အစ္စလာမ်သာသနာတော်၌ (စွဲမြဲစွာ တည်ရှိပြီး)ကောင်းမွန်စွာ လိုက်နာကျင့်သုံးခဲ့လျှင် အမိုက်ခေတ်တွင် ထိုသူ ပြုလုပ်ခဲ့သော ပြစ်မှုများအတွက် အရေးယူခြင်းခံရမည်မဟုတ်ပေ။ အကြင်သူသည် အစ္စလာမ်ကိုလက်ခံပြီး(ဘာသာပျက်ကာ) မကောင်းမှုကျူးလွန်ခဲ့လျှင် ထိုသူ အစ္စလာမ်လက်မခံမီနှင့် အစ္စလာမ်လက်ခံပြီးနောက် ကျူးလွန်သမျှ အပြစ်တို့ကို အရေးယူခြင်းခံရမည်။
عربي الإنجليزية الأوردية
ကိုယ်တော် ကျွန်တော့်အားပြောပြပါ။ အကယ်၍ ကျွန်တော်သည် ဖရ်ဿွ်ဆွလာသ်များကို ဆောက်တည်မည်။ ရမဿွာန်လတွင် ဥပုသ်စောင့်ထိန်းမည်။ ဟလာလ်ကို ဟလာလ်ဟုသတ်မှတ်ပြီး ဟရာမ်ကို ဟရာမ်ဟုသတ်မှတ်မည်။
عربي الإنجليزية الأوردية
သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။
عربي الإنجليزية الأوردية
ကောင်းစွာမှတ်သားကြလေကုန်၊ ငါကိုယ်တော်၏ ဟဒီးဆ်တော်တစ်ပုဒ်သည် လူတစ်ဦးထံသို့ ရောက်ရှိသည့်အခါ ထိုသူသည် မိမိ၏သလွန်ပေါ်တွင် မှီလျက် အသင်တို့နှင့် ကျွန်ုပ်တို့ကြားတွင် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မြတ်ရှိသည်။
عربي الإنجليزية الأوردية
ဧကန်မုချ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူအား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။
عربي الإنجليزية الأوردية
မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းမပြုပဲ သေဆုံးခဲ့ပါက ဂျန္နသ် သုခဘုံသို့ဝင်ရောက်ရမည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်၍ သေဆုံးခဲ့ပါက ဂျဟန္နမ်ငရဲဘုံသို့ဝင် ရောက်ရမည်။
عربي الإنجليزية الأوردية
ကျွန်တော်မျိုးသည် ကိုယ်တော့်အပြင် အခြားမည်သူ့ထံမှ မေးမြန်းရန်မလိုအောင် အစ္စလာမ်နှင့်ပတ်သက်သည့် စကားရပ်တစ်ခုကို ကျွန်တော်မျိုးအား မိန့်ကြားတော်မူပါဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ကျွန်တော်မျိုး အလ္လာဟ်အရှင်မြတ်အား အီမာန်သက်ဝင်ယုံကြည်ပါသည်ဟု သင်ပြောကြားပါ။ ၎င်းနောက် ကြံ့ခိုင်စွာရပ်တည်ပါ။
عربي الإنجليزية الأوردية
မုချဧကန် အလ္လာဟ်ရှင်မြတ်သည် ကိယာမသ်နေ့တွင် ကျွန်ုပ်၏အွမ္မသ်သားများအနက်မှ တစ်ဦးကို လူသားများအားလုံးရှေ့၌ ရွေးချယ်တော်မူပြီး
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့်ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)အား ဂျန္နသ်သို့စေလွှတ်တော်မူခဲ့သည်။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအား မဖန်ဆင်းမီအလျင်နှစ်ပေါင်းငါးသောင်းကပင် အဖန်ဆင်းခံများ၏သက္ကဒီရ်သတ်မှတ်ချက်များကို ရေးဆွဲတော်မူခဲ့သည်။
عربي الإنجليزية الأوردية
ငါကိုယ်တော်သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်အပေါ် ‘သက္ကဝါ’ တရားထားရှိရန်နှင့် (အသင်တို့ အပေါ် ခန့်အပ်ခံရသည့် ခေါင်းဆောင်သည်) ဟဗ်ရှီလူမျိုး ကျွန်တစ်ဦးဖြစ်လျှင်လည်း ၎င်း၏အမိန့်ကိုနာခံကြရန် မှာတမ်းတော်မူသည်။ ဧကန်အမှန်ပင် အသင်တို့သည် ငါကိုယ်တော် မရှိသည့်နောက် မြောက်မြားစွာသော ကွဲလွဲမှုများကို မြင်တွေ့ရလိမ့်မည်။ ထိုအခါ အသင်တို့သည် ငါတမန်တော်၏စွန္နသ်လမ်းစဉ်နှင့် တရားလမ်းမှန်ချီးမြှင့်ခြင်းခံရသည့် ဖြောင့်မတ်မှန်ကန်သော ခလီဖဟ်ကိုယ်စားလှယ်များ၏ စွန္နသ်လမ်းစဉ်ကို အံသွားဖြင့်ကိုက်၍ လိုက်ကြလေကုန်။
عربي الإنجليزية الأوردية
ဧကန်မုချ လူတစ်ဦးနှင့် ရှိရ်က်၊ကုဖ်ရ်၏ အကြား၌ ဆွလာသ်စွန့်လွှတ်ခြင်းသာ ခြားနားသည်။
عربي الإنجليزية الأوردية
ဧကန်အမှန်ပင် ကျွန်ုပ်တို့(မွတ်စ်လင်မ်များ)နှင့် ၎င်း(မွတ်စ်လင်မ်မဟုတ်သူ)တို့ကြား၌ရှိသည့် ပဋိညာဉ်သည် ဆွလာသ်ပင်ဖြစ်သည်။ သို့ဖြစ်၍ အကြင်သူသည် ဆွလာသ်ဆောက်တည်ခြင်းကို စွန့်လွှတ်ပါက ထိုသူသည်အမှန်ပင် ကာဖိရ်ဖြစ်သွားမည်။
عربي الإنجليزية الأوردية
ဧကန်မုချ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့၏ ဘိုးဘွားများနှင့်ကျိန်ဆိုခြင်းမပြုရန် တားမြစ်ထားသည်။
عربي الإنجليزية الأوردية
ကိယာမသ်နေ့၌ လူသားတို့ကြားတွင် ပထမဦးဆုံး တရားစီရင်ဆုံးဖြစ်မည့်ကိစ္စမှာ လူသတ်မှုဖြစ်သည်။
عربي الإنجليزية الأوردية
ဧကန်မုချ ၎င်းတို့နှစ်ဦးသည် အပြစ်ပေးခြင်းခံရနေသည်။ ၎င်းတို့နှစ်ဦးသည် ကြီးကြီးမားမားကိစ္စအတွက် ပြစ်ဒဏ်ခံနေရခြင်းမဟုတ်ပေ၊ ၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ ကြင်ငယ်မှ‌ ရှောင်ကြဉ်ခြင်းမပြုသည့်အတွက်ဖြစ်သည်။ နောက်တစ်ဦးမှာ ကုန်းချောလေ့ရှိသည့်အတွက်ဖြစ်သည်။
عربي الإنجليزية الأوردية
လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကိယာမသ်နေ့နှင့်ပတ်သက်၍ လျှောက်ထားမေးမြန်းခဲ့သည်။ သူက "ကိယာမသ်နေ့သည် မည်သည့်အချိန်တွင် ဆိုက်ရောက်လာမည်နည်း"ဟု လျှောက်ထားမေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က "သင်သည် ယင်းအတွက် မည်သည့်ပြင်ဆင်မှုများ ပြုလုပ်ထားသနည်း
عربي الإنجليزية الأوردية
ငါကိုယ်တော်သည် ဒဂ်ျဂျာလ်နှင့် ပတ်သက်သည့် အချက်တစ်ခုကို အသင်တို့အား မပြောပြရဘူးလား။ ယင်းကို မည်သည့်နဗီတမန်တော်မျှ မိမိတို့၏ အမျိုးသားများကို မပြောပြဖူးပေ။ ဧကန်အမှန်ပင် ဒဂ်ျဂျာလ်သည် မျက်စိတစ်ဖက်ကန်းနေသူဖြစ်သည်။ ၎င်းသည်မိမိနှင့်အတူ ဂျန္နသ်သုခဘုံနှင့် ဂျဟန္နမ်ငရဲမီးကဲ့သို့သာ အရာမျိုးကို ယူဆောင်လာလိမ့်မည်
عربي الإنجليزية الأوردية
“လူတစ်ဦးသည် မိမိနှင့် ရင်းနှီးသောမိတ်ဆွေ၏ သာသနာပေါ်တွင်ရှိသည် (ဆိုလိုသည်မှာ၎င်း၏အမူအကျင့်များကို လိုက် နာတတ် သည်။) ထို့ကြောင့် အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် မည်သူ့နှင့် မိတ် ဆွေဖွဲ့နေသည်ကို ကြည့်ရှု‌ပါ။ ”
عربي الإنجليزية الأوردية
မှောင်မိုက်သော ညအစိတ်အပိုင်းကဲ့သို့ဖြစ်ပေါ်လာမည့် ဖိသ်နဟ်(စမ်းသပ်မှုများ) မတိုင်မီ အသင်တို့သည် ကောင်းမှုများကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြပါ
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာအရှင်မရှိပါ။ မကြာမီဖြစ်ပေါ်လတ္တံ့သော ဘေးဆိုးကြောင့် အာရဗ်တို့အတွက် ပျက်စီးခြင်း ဆိုက်ရောက်လာလိမ့်မည်။ ယနေ့ ယအ်ဂျူးဂျ်၊ မအ်ဂျူးဂျ် (တို့အား တားဆီးထားသော) တံတိုင်းဟာ ဤမျှလောက် ပွင့်သွားခဲ့ပြီဖြ‌စ်သည်
عربي الإنجليزية الأوردية
မုအ်မင်န် အမျိုးသား၊ အမျိုးသမီးသည် မိမိတို့၏ အသက်၊ သားသမီးနှင့် ဥစ္စာပစ္စည်းများတွင် အခက်အခဲဒုက္ခစမ်းသပ်မှုများကို အမြဲတစေ ကြုံတွေ့နေရမည်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် အလ္လာဟ်အရှင်မြတ်ထံ အပြစ်မရှိတော့သည့် အခြေအနေဖြင့် လာရောက်တွေ့ဆုံရလေသည်။
عربي الإنجليزية الأوردية
အသင်တို့သည် ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်းနှင့် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။’ဟု မပြောဆိုကြလေနှင့်။ သို့သော် ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။ ထို့နောက် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်’ဟုသာ ပြောဆိုကြပါ။
عربي الإنجليزية الأوردية
အသင်တို့သည် မုချဧကန် မိမိတို့မတိုင်မီ ရှိခဲ့ကြသောသူတို့၏ လမ်းစဉ်ကို လိုက်ကြလိမ့်မည်။ တစ်ထွာချင်း တစ်ထွာချင်း၊ တစ်တောင်ချင်း တစ်တောင်ချင်း
عربي الإنجليزية الأوردية
လမ်းမှန်တရားဘက်သို့ ဖိတ်ခေါ်သူသည် ထိုလမ်းမှန်တရားကို လိုက်နာကျင့်သုံးသူရရှိသည့် အကျိုးကုသိုလ်အတိုင်း အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင်း လိုက်နာကျင့်သုံးသူများ၏ အကျိုးကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။
عربي الإنجليزية الأوردية
နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ (ကိုယ်တော်သည် ဤသို့ သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်။) ဆင့်ပြန်သူကပြောသည်မှာ ကျွန်ုပ်တို့အနက်မှ လူတိုင်းသည် (နိမိတ်ကောက်ရန် စိတ်ဖြစ်ပေါ်တတ်သည်။) သို့သော် အလ္လာဟ်အရှင်မြတ်သည် သဝက္ကုလ် အရှင်မြတ်အပေါ် ယုံပုံအားကိုးမှုဖြင့် နိမိတ်ကောက်လိုသောစိတ်ကို ဖယ်ရှားပေးတော်မူလိုက်သည်။
عربي الإنجليزية الأوردية
ကျွန်တော်တို့က ကိုယ်တော်သည် ကျွန်တော်မျိုးတို့၏ အရှင်သခင်ဖြစ်ပါသည်ဟု ပြောကြားခဲ့သည်။ ထိုအခါ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သာလျှင် အရှင်သခင်ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ကျွန်တော်တို့က (ကိုယ်တော်သည်) ကျွန်တော်တို့ထဲတွင် အမွန်မြတ်ဆုံး၊ ပေးကမ်းမှုအရှိဆုံး ဖြစ်တော်မူပါသည်ဟု ပြောကြားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင်တို့ပြောရမည့် စကားကိုသာပြောပါ သို့မဟုတ် အသင်တို့ပြောရမည့် အချို့စကားကိုသာပြောပါ။ (ငါကိုယ်တော်အား ချီမွမ်းရာတွင်) ရှိုင်သွာန်မိစ္ဆာက သင်တို့အား မလှည့်ဖျားပါစေနှင့်။
عربي الإنجليزية الأوردية
အို လူတို့ အသင်တို့သည် သာသနာရေး၌ အစွန်းရောက်ခြင်းကို ရှောင်ကြဉ်ကြပါ။ ဧကန်အမှန်ပင် အသင်တို့အလျင် ရှိခဲ့ကြသူများသည် သာသနာရေးတွင် အစွန်းရောက်မှုကြောင့် ပျက်စီးခဲ့ကြသည်။
عربي الإنجليزية الأوردية
ရောဂါကူးစက်သည်ဟု (အယူသီးယုံကြည်ခြင်း) မရှိ၊ ငှက်ဖြင့် အတိတ်နမိတ်ဆိုးကောက်ခြင်း မရှိ၊ ဇီးကွက်ဖြင့်အတိတ်နမိတ်ဆိုး ကောက်ခြင်း မရှိ၊ 'စွဖရ်' လသည် ဆိုးကျိုးရှိမည်ဟု ယူဆခြင်း မရှိ။ ထို့ပြင် အနာကြီးရောဂါသည်မှ အသင်သည် ခြင်္သေ့မှ ထွက်ပြေးသကဲ့သို့ ထွက်ပြေးပါ။
عربي الإنجليزية الأوردية
(အစ္စလာမ်သာသနာတွင်)ရောဂါဟူသည် (သူ့အလိုလို)ကူးစက်ခြင်းမရှိ၊ မကောင်းနိမိတ်ကောက်ခြင်းမရှိ၊ ငါကိုယ်တော်မြတ်သည် ‘ဖအ်လ်’ ကိုနှစ်သက်တော်မူသည်။ အချို့က ‘ဖအ်လ်’ ဟူသည် အဘယ်နည်းဟု မေးမြန်းကြရာ ကိုယ်တော်မြတ်က အမိန့်ရှိသည်မှာ ကောင်းသောစကားဆိုခြင်း(ကောင်း သောနိမိတ်ကောက်ခြင်း)ဖြစ်သည်။
عربي الإنجليزية الأوردية
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အန်ဆွာရီတို့နှင့် ပတ်သက်၍ မိန့်ကြားတော်မူသည်မှာ မုအ်မင်န် သက်ဝင်ယုံကြည်သူသာလျှင် အန်ဆွာရီတို့ကို ချစ်ခင်သည်။ မုနာဖိက် အရေခြုံမွတ်စ်လင်မ်သာလျှင် ၎င်းတို့ကို မုန်းတီးသည်။ အန်ဆွာရီတို့ကို ချစ်ခင်သူအား အလ္လာဟ်အရှင်မြတ်က ချစ်ခင်တော်မူမည်ဖြစ်ပြီး ၎င်းတို့အား မုန်းတီးသူကို အလ္လာဟ်အရှင်မြတ်က မုန်းတီးတော်မူမည်ဖြစ်သည်။
عربي الإنجليزية الأوردية
အမှန်တရားနှင့်နီးစပ်အောင် ကြိုးစားဆောင်ရွက်ကြလော့။ မှန်ကန်သောလမ်းစဥ်ကို လိုက်နာကျင့်သုံးကြလော့။ ထို့ပြင် သင်တို့သိကြလော့။ သင်တို့အနက် တစ်ဦးတစ်ယောက်မျှ မိမိ၏အမလ်ကျင့်ဆောင်မှုကြောင့် လွှတ်မြောက်နိုင်မည်မဟုတ်ပေ။ ထိုအခါဆွဟာဗဟ်သာဝကများက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကိုယ်တော်လည်း ပါဝင်ပါသလောဟု လျှောက်ထားမေးမြန်းကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဖြေကြားတော်မူသည်။ ငါကိုယ်‌တော်လည်း လွှတ်မြောက်နိုင်မဟုတ်ပါ၊ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကရုဏာတော်နှင့် ကျေးဇူးတော်ဖြင့် ငါကိုယ်‌ တော့်အား လွှမ်းခြုံပေးတော်မူမည်ဖြစ်သည်။
عربي الإنجليزية الأوردية
ငါကိုယ်တော်၏ အလျင်ရှိခဲ့ကြသော အွမ္မသ်များထဲတွင် အလ္လာဟ်အရှင်မြတ်စေလွှတ်ခဲ့သည့် တမန်တော်တိုင်းအတွက် သူ၏ အွမ္မသ်များအနက်မှ သူ့အား ကူညီသူများနှင့် နောက်လိုက်တပည့်သားချင်းများရှိခဲ့ကြသည်။ ၎င်းတို့သည် ထိုတမန်တော်၏ စွန္နသ်လမ်းစဉ်ကို လိုက်နာကြ၍၊ ထိုတမန်တော်၏ အမိန့်အတိုင်း နာခံကျင့်သုံးကြသည်
عربي الإنجليزية الأوردية
ငါကိုယ်တော်ရဲ့အရင် တစ်ဦးတစ်ယောက်မျှ ချီးမြှင့်ခြင်းမခံခဲ့ရသည့် အရာငါးခုကို ငါကိုယ်တော်ချီးမြှင့်ခြင်းခံခဲ့ရတော်မူသည်
عربي الإنجليزية الأوردية
ငါကိုယ်တော် အသင်တို့အား ဂျန္နသ်သုခဘုံသားတို့အကြောင်း မပြောပြရဘူးလော။ သူတို့သည် အားအင်ချိနဲ့သူ ၊ အလွန့်အလွန် နှိမ့်ချသူများ ဖြစ်ကြသည်။ အကယ်၍ သူတို့သည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ကျိန်ဆိုမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ ကျိန်ဆိုမှုကို ပြည့်စုံစေတော်မူမည်ဖြစ်သည်။ ထို့အတူ ငါကိုယ်တော် အသင်တို့အား ဂျဟန္နမ်ငရဲသားတို့အကြောင်း မပြောပြရဘူးလော။ ထိုသူတို့သည် ကြမ်းတမ်းခက်ထန်၍ အလွန်အငြင်းသန်သူ၊ အစားကြူး‌၍ မော်ကြွားသူ၊ အမှန်တရားကို လက်မခံဘဲ မာနထောင်လွှားသူများ ဖြစ်ကြသည်။'
عربي الإنجليزية الأوردية
ငါအရှင်မြတ်သည် ငါအရှင့်ကျေးကျွန်၏ အထင်အမြင်နှင့်အတူရှိတော်မူ၏။ သူသည် ငါအရှင့်အား သတိရသည့်အခါ ငါအရှင်သည် သူနှင့်အတူရှိတော်မူ၏
عربي الإنجليزية الأوردية
အကယ်၍ သူသည် (ပြောခဲ့သည့်အတိုင်း ) အမှန်တကယ်လိုက်နာခဲ့လျှင် သူသည် အောင်မြင်သွားပေလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
နေထွက်ရာနေ့များအနက် အမွန်မြတ်ဆုံးနေ့မှာ ဂျုမုအဟ်(သောကြာ)နေ့ဖြစ်သည်
عربي الإنجليزية الأوردية
လူတစ်ဦးသည် ဤလောက၌ အခြားသူတစ်ဦး၏ အပြစ်များကို ဖုံးကွယ်ပေးလျှင်၊ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့တွင် ထိုသူ၏ အပြစ်များကို ဖုံးကွယ်ပေးတော်မူမည်။
عربي الإنجليزية الأوردية
မည်သည့်အချက်အပေါ် ကျွန်တော်မျိုးတို့ ကိုယ်တော့်အား ကတိသစ္စာပြုရပါမည်နည်းဟု လျှောက်ထားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ပြီး အရှင်မြတ်နှင့်အတူ မည့်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုရန်၊ ဆွလာသ်ငါးကြိမ် ဆောက်တည်ရန်၊ အမိန့်နာခံကြရန်၊ (ကိုယ်တော်သည် အသံကို နှိမ့်လိုက်ပြီး) အသင်တို့သည် လူတို့ထံတွင် မည်သည့် တစ်စုံတစ်ရာကိုမျှ မတောင်းခံကြ‌ရန် တို့ဖြစ်သည်။
عربي الإنجليزية الأوردية
မွတ်စ်လင်မ်တစ်ဦးသည် ကဗရ်အတွင်း၌ မေးမြန်းခြင်းခံရသည့်အခါ ၎င်းသည် အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်တယ့်သူမရှိ ကြောင်းနှင့် မုဟမ္မဒ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံပေလိမ့်မည်
عربي الإنجليزية الأوردية
ငါကိုယ်တော်သည် (သွေဖည်ငြင်းပယ်သည့်) လူသားတို့အား ၎င်းတို့အနေဖြင့် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်တော်မူကြောင်း သက်သေခံလာသည်အထိ၊ ဆွလာသ် ဆောက်တည်လာသည်အထိ၊
عربي الإنجليزية الأوردية
စင်စစ် အလ္လာဟ်အရှင်မြတ်သည် ငါတမန်တော်၏ အွမ္မသ်ကို ( မရည်ရွယ်ပဲမှားသော ) အမှား၊ မေ့လျော့မှုနှင့် အတင်းအကျပ် ဖိအားပေး စေခိုင်းခြင်းခံခဲ့ရသည့် အရာများမှခွင့်လွှတ်ချမ်းသာ ပေးတာ်မူခဲ့လေ၏။
عربي الإنجليزية الأوردية
“ကိယာမတ်နေ့တွင် မုအ်မင်န်ယုံကြည်သူအား သူ့အရှင်သခင်၏ အနီးသို့ ခေါ်ဆောင်လာခြင်းခံရမည်။ နောက်ဆုံး အလ္လာဟ်အရှင်မြတ်က သူ့အား မိမိအကာအကွယ်အောက်သို့ ထားတော်မူမည်။ ထို့နောက် သူ၏အပြစ်များကို ဝန်ခံစေတော်မူပြီး
عربي الإنجليزية الأوردية
- “အသင် သူ့ကိုမသတ်လေနှင့်” ။ အကယ်၍ အသင်သူ့ကို သတ်လိုက်ပါက အသင်သူ့ကို မသတ်ခင်က ရှိခဲ့တယ့် အသင့်ရဲ့အဆင့်ကို သူရောက်သွားပြီး၊ အသင်ကတော့ သူဖတ်ရွတ်လိုက်တယ့် ( ကလိမဟ် ) စကားကို မဖတ်ခင်က သူရှိခဲ့တယ့် အဆင့်ကို ရောက်သွားလိမ့်မည်။
عربي الإنجليزية الأوردية
ကိယာမသ်နေ့တွင် ကျေးကျွန်တစ်ဦးသည် မိမိ၏သက်တမ်းနှင့်ပတ်သက်၍ မည်သို့ကုန်ဆုံးခဲ့သည်။ မိမိ၏ အိလ်မ်အသိပညာနှင့်ပတ်သက်၍ မည်သို့လိုက်နာကျင့်သုံးခဲ့သည်။ မိမိဥစ္စာပစ္စည်းနှင့် ပတ်သက်၍ မည်သည့် နေရာမှရှာဖွေခဲ့သည် မည်သို့သုံးစွဲခဲ့သည်။ မိမိခန္ဓာကိုယ်နှင့်ပတ်သက်၍ မည်သည့်နေရာတွင် အသုံးချခဲ့သည်တို့ကို မေးမြန်းခြင်းမခံရသ၍ ခြေနှစ်ဖက်သည် လုံးဝရွေ့လျားနိုင်မည်မဟုတ်ပေ။
عربي الإنجليزية الأوردية
ငါကိုယ်တော် ဤအလံအား အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကို ချစ်မြတ်နိုးသောသူအား မုချပေးအပ်မည်။ အလ္လာဟ်အရှင်မြတ်သည် သူ၏ လက်ပေါ်တွင် အောင်နိုင်မှုချီးမြှင့်တော်မူမည်
عربي الإنجليزية الأوردية
မုအ်မင်န်တို့၏ပမာသည် အချင်းချင်း တစ်ဦးကိုတစ်ဦး ကြင်နာမှု၊ ချစ်ခင်မှုနှင့် သနားညှာတာမှုတို့တွင် ခန္ဓာကိုယ်တစ်ခုနဲ့ အလားတူသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုက ဒုက္ခဝေဒနာခံစားရပါက ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုအစိတ်အပိုင်းနဲ့အတူ အိပ်မပျော်ခြင်း၊ ဖျားနာခြင်းတို့ကို ခံစားရသည်။
عربي الإنجليزية الأوردية
ဒုက္ခအခက်အခဲများကြုံတွေ့သည့်အခါ မိမိပါးများကို ရိုက်ပုတ်သူ၊ အင်္ကျီရင်စများကို ဆွဲဖြဲသူ၊ ဂျာဟိလိယသ် အမိုက်ခေတ်က ကြွေးကြော်သလို ကြွေးကြော်သူတို့သည် ငါတို့အနက်မှ မဟုတ်ပေ။
عربي الإنجليزية الأوردية
အို - အာဒမ်၏သားမြေး အသင်သည် ငါအရှင့်ထံတော်တွင် ဆုတောင်းနေသမျှကာလပတ်လုံး၊ ငါအရှင့်ထံမျှော်လင့်တောင်းတနေသမျှကာလပတ်လုံး ငါအရှင်သည် အသင့်ထံတွင်ရှိသော (မည်သည့်ပြစ်မှုကိုမျှ) ဂရုမစိုက်ဘဲ ပြစ်မှုအားလုံးကို ခွင့်လွှတ်တော်မူမည်။
عربي الإنجليزية الأوردية
“အားကောင်းသည့် မုအ်မင်န်သည် အားအင်ချည့်နဲ့သည့် မုအ်မင်န်ထက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပို၍ကောင်းမြတ်ပြီး ပို၍နှစ်သက်ခြင်းခံရသည်။ မုအ်မင်န်တိုင်းတွင် ကောင်းခြင်းရှိသည်
عربي الإنجليزية الأوردية
ငါကိုယ်တော်၏အသက်ကို စိုးပိုင်တော်မူသော အရှင်၏ ကစမ်၊ အသင်တို့သည် မုချဧကန် အသင်တို့ထက်အလျင် ရှိခဲ့ကြသူ (ယဟူဒ်၊ နတ်စ်ွရာနီ) တို့၏ လမ်းစဉ်ကို လိုက်နာကြမည် ဖြစ်သည်။
عربي الإنجليزية الأوردية
လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့သည်။ ထို့နောက် ထိုသူက (مَا شَاءَ اللهُ وَشِئْتَ) “အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အတိုင်းနှင့် အသင် (တမန်တော်) အလိုရှိတော်မူသည့်အတိုင်းသာ (ဖြစ်ခဲ့သည်)” ဟု ပြောဆိုလိုက်သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က “သင်သည် ငါကိုယ်‌တော်အား အလ္လာဟ်အရှင်မြတ်နှင့် တန်းတူအဖြစ် ပြုလုပ်လိုက်လေသလော။ ‘အလ္လာဟ်အရှင်မြတ်တစ်ဆူတည်း အလိုရှိတော်မူသည့်အတိုင်းသာ (ဖြစ်ခဲ့သည်)’ ဟု ပြောဆိုလော့” ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
၊ ကိယာမသ်နေ့ အလ္လာဟ်အရှင်မြတ် ထံတွင် အပြင်းထန်ဆုံးသောပြစ်ဒဏ်ကို ခံစားရမည့်သူများမှာ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခြင်းအား လိုက်လံတုပပြုလုပ်သူတို့ပင် ဖြစ်သည်
عربي الإنجليزية الأوردية
လူသားသည် ငါအရှင်မြတ်အား မဟုတ်မမှန် ပြောဆိုသည်။ လူသားသည် ထိုသို့မပြောသင့်ပေ။ လူသားသည် ငါအရှင်မြတ်အား စွပ်စွဲပြောဆိုသည်။ လူသားသည် ထိုသို့မပြောသင့်ပေ။
عربي الإنجليزية الأوردية
“မည်သူမဆို ငါအရှင်မြတ်၏အချစ်တော်ကို ရန်ငြိုးထားပါက ငါအရှင်မြတ်သည် သူ့အား စစ်ကြေညာတော်မူသည်။ ငါအရှင်မြတ်၏ကျေးကျွန်သည် ငါအရှင်မြတ်က သူ့အပေါ်ပြဋ္ဌာန်းထားသည့် ဖရ်ဿွ်တာဝန်များအားလုပ်ဆောင်၍ငါအရှင်နှင့်နီးကပ်မှုရယူခြင်းထက် ငါအရှင်ပိုနှစ်သက်သည့်တခြားအရာဖြင့် ငါအရှင်မြတ်ထံတော်ပါး၌ နီးကပ်မှု မရရှိနိုင်ပေ။
عربي الإنجليزية الأوردية
လူတို့ထဲတွင် အချက်နှစ်ချက်ရှိပြီး၊ ၎င်းအချက်နှစ်ချက် ကုဖ်ရ် ( သွေဖည်ငြင်းပယ်ခြင်း) ဖြစ်သည်။ ၎င်းတို့မှာ - မျိုးရိုးအား စော်ကားထိုးနှက်ခြင်းနှင့် သေဆုံးသူအပေါ် ဖွဲ့နွဲ့ငိုကြွေးခြင်း ဖြစ်သည်။
عربي الإنجليزية الأوردية
မုဖ်လိစ် ( ငွေကြေးဥစ္စာပစ္စည်း ဒေဝါလီခံသွားသူ) ဟူသည် မည်သူနည်းဟု သင်တို့သိကြသလော
عربي الإنجليزية الأوردية
ရွှေ၊ ငွေကိုပိုင်ဆိုင်သူတို့သည် ထိုရွှေ၊ ငွေတို့၏ ဝ တ္တရား(ဇကားသ်)ကိုမပေးခဲ့လျှင်ထိုရွှေ၊ ငွေတို့သည် ကိယာမသ်နေ၌ မီးနှင့်အတိပြီးသောကျောက်သားများအဖြစ် အလျားလိုက် ပြုလုပ်ခံရမည်ဖြစ်ပြီး
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက်မှအယောက်တိုင်းနှင့် စကားပြောတော်မူမည်ဖြစ်ရာ အရှင်မြတ်နှင့် ထိုသူ၏ကြားတွင် ဘာသာပြန်မည့်သူမပါရှိပေ။
عربي الإنجليزية الأوردية
သအ်ဝီးဇ်ချိတ်ဆွဲသူသည် အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က်တုဖက်နှိုင်းယှဉ်လိုက်ခြင်းဖြစ်သည်။
عربي الإنجليزية الأوردية
ဗလီသို့ဝင်သောအခါ ရွတ်ဆိုသည်မှာ ”أَعُوذُ بِاللَّهِ الْعَظِيمِ، وَبِوَجْهِهِ الْكَرِيمِ، وَسُلْطَانِهِ الْقَدِيمِ، مِنَ الشَّيْطَانِ الرَّجِيمِ“
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်သုခဘုံသားများအား မိန့်ကြားတော်မူမည်။ “အို− သုခဘုံသားတို့။ ထိုအခါ သူတို့က “အို- ကျွန်တော်မျိုးတိုအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို နာခံဖို့ အသင့်ရှိနေကြပါသည်”ဟု လျှောက်ထားဖြေကြားကြလိမ့်မည်။ ထိုအခါ အရှင်မြတ်က မိန့်ကြားတော်မူမည်။ “အသင်တို့ ကျေနပ်သွားပြီလော။” သူတို့က ဖြေကြမည်မှာ - “ကျွန်တော်မျိုးတို့အဘယ့်ကြောင့်မကျေနပ်ရမည်နည်း။ အရှင်မြတ်သည် မည်သူ့ကိုမျှချီးမြှင့်မထားသော ဆုလာဘ်များအား ကျွန်တော်မျိုးအား ချီးမြှင့်ခဲ့ပြီးဖြစ်သည်။
عربي الإنجليزية الأوردية
လူတစ်ဦးသည် အခြားလူတစ်ဦးအား အမိန့်ဖီဆန်သည်ဟု စွပ်စွဲခြင်း မပြုရ။ ထို့ပြင် ကာဖိရ် ဖြစ်သည်ဟုလည်း စွပ်စွဲခြင်း မပြုရ။ အကယ်၍ ထိုစွပ်စွဲခံရသူသည် စွပ်စွဲသည့်အတိုင်း မဟုတ်ခဲ့လျှင်၊ ထိုစွပ်စွဲချက်သည် စွပ်စွဲသူ၏အပေါ်သို့ ပြန်လည်ရောက်ရှိလိမ့်မည်။
عربي الإنجليزية الأوردية
ခွေးနှင့်ရုပ်ပုံရှိသောအိမ်တွင် မလာအိကဟ်ကောင်းကင်တမန်များ မဝင်ရောက်ပေ။
عربي الإنجليزية الأوردية
“ ခွေးနှင့် ခေါင်းလောင်းအတူပါလာသည့် ခရီးသွားအုပ်စုအား ကောင်း ကင်တမန်များသည် အဖော်ဖြစ်မပြုလုပ်ပါ ”။
عربي الإنجليزية الأوردية
သင်တို့သည် ရုပ်တုများဖြင့် ကျိန်ဆိုခြင်း မပြုကြနှင့်။ သင်တို့၏ဘိုးဘေးဘီဘင်များဖြင့်လည်း ကျိန်ဆိုခြင်း မပြုကြနှင့်။
عربي الإنجليزية الأوردية
မည်သူမဆို 'အမာနတ်' (ယုံကြည်စိတ်ချရမှု) ဖြင့် ကျိန်ဆိုပါက ထိုသူသည် ငါကိုယ်တော်တို့အနက်မှ မဟုတ်ပေ။
عربي الإنجليزية الأوردية
။ ဤဥယျာဉ်၏နောက်ဘက်တွင် သင်တွေ့ရသောသူမှန်သမျှ မည်သူမဆို "လာအိလာအစ်လ္လာဟ်" (အလ္လာဟ်အရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ခံထိုက်ဟူ၍ အလျင်းမရှိကြောင်း) ကို စိတ်နှလုံးဖြင့် ယုံကြည်စွာ သက်သေခံခဲ့လျင် ထိုသူအား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်ဟု ဝမ်းမြောက်စရာသတင်းပေးလိုက်ပါ”
عربي الإنجليزية الأوردية
မွတ်စ်လင်မ်ဆိုသည်မှာ အခြားမွတ်စ်လင်မ်များအား မိမိ၏နှုတ်လျှာနှင့် လက်၏အန္တရာယ်မှကင်းစေသူဖြစ်သည်။ မုဟုဂျိရ်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ရှောင်ကြဉ်သူဖြစ်သည်။
عربي الإنجليزية الأوردية
မည်သူမဆို အဇာန်သံကိုကြားရသောအခါ ဤဒုအာ (اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ) (အိုအလ္လာဟ်အရှင်မြတ်၊ ဤပြည့်စုံသော ဖိတ်ခေါ်မှုနှင့်တည်‌ဆောက်မည့်ဆွလာသ်၏ အရှင်၊ တမန်တော်မြတ်မိုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ဝစီလဟ်(ဂျန္နသ်ရှိအမြင့်မြတ်ဆုံးနေရာ)နှင့် အဖန်ဆင်းခံအားလုံးတို့ထက် ပို၍မြင့်မြတ်သည့်အဆင့်အတန်းကို ချီးမြှင့်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ် ကတိပေးတော်မူခဲ့သည့် မကာမေမဟ်မူဒ် (ကိယာမသ်နေ့တွင် အကြီးမားဆုံး ရှဖာအသ်ကြားဝင်အသနားခံပေးမည့်နေရာ)သို့ ၎င်းအား (တမန်တော်မြတ်အား) ပို့ဆောင်တော်မူပါ) ဟု ရွတ်ဆိုခဲ့လျှင် ၎င်းအဖို့ ကိယာမသ်နေ့တွင် ငါကိုယ်တော်၏ ရှဖာအသ်ကြားဝင်အသနားခံပေးမှုသည် ထိုက်တန်သွား‌လေသည်။
عربي الإنجليزية الأوردية
အသင်တို့ ငါကိုယ်တော်ရဲ့စွဟာဗဟ်သာဝကများအား မကောင်းမပြောကြလေနှင့်။ အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် အုဟုဒ်တောင်နှင့်ညီမျှသည့် ရွှေများကို လှူဒါန်းသုံးစွဲရင်တောင် သူတို့ထဲက တစ်ဦးတစ်ယောက် လှူဒါန်းသုံးစွဲသည့် တစ်မွဒ် ( နို့ဆီဗူးနှစ်ဗူးခွဲ) ကို မမီရုံမက ထိုတစ်မွဒ်ရဲ့ တစ်ဝက်ကိုပင် မီမည်မဟုတ်ပေ။
عربي الإنجليزية الأوردية
ဗဒရ်စစ်ပွဲနှင့် ဟုဒိုင်ဘီယာစစ်ပြေငြိမ်းရေးစာချုပ်တွင် ပါဝင်ခဲ့သော မည်သူမျှ ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည် မဟုတ်ပေ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အဗူဘကရ်နှင့် အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) တို့နှစ်ဦးနှင့် ပတ်သတ်၍ မိန့်ကြားတော်မူသည်မှာ - "နဗီတမန်တော်များနှင့် ရစူလ်တမန်တော်များမှလွဲ၍ ဤသူနှစ်ဦးသည် လွန်လေပြီးသောသူများနှင့် နောင်လာမည့်သူများအနက် လူလတ်ပိုင်းအရွယ် ဂျန္နသ်သုခဘုံသားများ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။
عربي الإنجليزية الأوردية
ဟစန်နှင့် ဟုစိုင်န်တို့သည် ဂျန္နတ်ရှိ လူငယ်များ၏ ခေါင်းဆောင်နှစ်ဦးဖြစ်ကြသည်။
عربي الإنجليزية الأوردية
ဧကန်စင်စစ် သင်တို့အနက်တစ်ဦးဦး ကွယ်လွန်သေဆုံးသည့်အခါ ထိုသူသည် နံနက်ခင်းနှင့် ညနေခင်းအချိန်တိုင်း၌ မိမိ၏နေရာကို ပြသခြင်းခံရ၏
عربي الإنجليزية الأوردية
ဤအရေးကိစ္စ (အစ္စလာမ်သာသနာ) သည် ညနှင့်နေ့ ရောက်ရှိသော နေရာတိုင်း( တစ်ကမ္ဘာလုံး )သို့ မုချဧကန် ရောက်ရှိသွားလိမ့်မည်။ ရွံ့စေးဖြင့်ပြုလုပ်ထားသော အိမ်ဖြစ်စေ၊ သိုးမွေးဖြင့်ပြုလုပ်ထားသော အိမ်ဖြစ်စေ( တစ်နည်း မြို့တွင် နေသူဖြစ်စေ၊ တောရွာတွင် နေသူဖြစ်စေ) အလ္လာဟ်အရှင်မြတ်သည် ဤအစ္စလာမ်သာသနာကို မသွတ်သွင်းဘဲ မည်သည့်အိမ်တစ်အိမ်ကိုမျှ ချန်ထားတော်မူမည်မဟုတ်ပေ
عربي الإنجليزية الأوردية
၎င်းသည် တစ်ခါမျှပင် အို-ဖန်ဆင်းမွေးမြူတော်မူသောအရှင် ကိယာမသ်နေ့၌ ကျွန်တော်မျိုး၏ အပြစ်များကို ခွင့်လွှတ်တော်မူပါဟူ၍ ပြောဆိုခဲ့ခြင်းမရှိပေ။
عربي الإنجليزية الأوردية
အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က မည်သို့အမိန့်ရှိသည်ကို သင်တို့သိကြပါသလားဟု မေးမြန်းတော်မူသည်။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်သည်သာလျှင် အသိဆုံး ဖြစ်တော်မူပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်ကမိန့်ကြားသည်မှာ- (အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်) ငါအရှင်မြတ်၏ ကျေးကျွန်များအနက်အချို့သည် ငါအရှင်မြတ်အား သက်ဝင်ယုံကြည်သူ ‘မုအ်မင်န်’အဖြစ် နံနက်ချိန်သို့ ဝင်ရောက်ကြပြီး အချို့သည်ငြင်းပယ်သူ ‘ကာဖိရ်’အဖြစ် နံနက်ချိန်သို့ဝင်ရောက်ကြသည်။
عربي الإنجليزية الأوردية
ကျွန်တော်တို့အနက် လူတိုင်းသည် ထုတ်ဖော်ပြောဆိုရန်ပင် အလွန်ဝန်လေးမိသည့် (ရှိုင်သွာန်ဘက်မှလာသော မကောင်းသည့်)အတွေးများ ကျွန်တော်တို့၏ စိတ်ထဲ၌ပေါ်ပေါက်နေပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က သင်တို့သည် ထိုကိစ္စမျိုးအမှန်တကယ်ကြုံတွေ့ခဲ့ကြပါသလားဟု မေးမြန်းတော်မူရာ ၎င်းတို့က ဟုတ်ကဲ့ပါဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ဤသည် စစ်မှန်သည့် အီမာန်ယုံကြည်မှုပင်ဖြစ်သည်။
عربي الإنجليزية الأوردية
ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူ၏ အကြင်အရှင်မြတ်သည် ၎င်း(ရှိုင်သွာန်)၏ လှည့်ဖျားမှုကို ဝတ်စ်ဝစဟ် (သံသယအတွေး) အဖြစ်သို့ပြောင်းလဲတော်မူခဲ့သည်။
عربي الإنجليزية الأوردية
အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ရှိုင်သွာန်ကလာရောက်၍ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းရင်း နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းလိမ့်မည်။ အကယ်၍ ထိုအဆင့်ထိ ရောက်လာခဲ့လျှင် أَعُوذُ بِاللَّهِ (အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင်ခိုလှုံပါ၏ဟု) ရွတ်ဆိုကာ ထိုမကောင်းသည့်အတွေးကို စွန့်လိုက်ပါ။
عربي الإنجليزية الأوردية
ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူ၏ မည်သည့်ကုသိုလ်ကောင်းမှုကိုမျှ မတရားပြုတော်မူမည်မဟုတ်ပေ။ ၎င်းသည် ထိုကောင်းမှုကြောင့် လောက၌ ကောင်းကျိုးချီးမြှင့်ခြင်းခံရပြီး နောင်တမလွန် အာခိရသ်တွင်လည်း အစားပြန်လည်ရရှိမည်ဖြစ်သည်။
عربي الإنجليزية الأوردية
အသင်အလျင်ကပြုခဲ့သည့် ကောင်းမှုများဖြင့် သင်အစ္စလာမ်သာသနာဝင် ဖြစ်လာခြင်းဖြစ်သည်။
عربي الإنجليزية الأوردية
‘မုနာဖိက်’ အရေခြုံမွတ်စ်လင်မ်၏ ပမာသည် ဆိတ်အုပ် နှစ်အုပ်ကြားထဲ၌ မည်သည့်ဘက်လိုက်ရမည်ကိုမသိသည့် ဆိတ်မကဲ့သို့ဖြစ်သည်။ ၎င်းသည် တစ်ကြိမ်တွင် ဤအုပ်စုဆီသို့သွားပြီး နောက်တစ်ကြိမ်တွင် နောက်အုပ်စုဆီသို့သွားသည်။
عربي الإنجليزية الأوردية
ဧကန်အမှန်ပင် အဝတ်အထည်သည် ဟောင်းနွမ်းသွားသကဲ့သို့ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်၏(နှလုံသား) အတွင်း၌ရှိသော အီမာန်သည်လည်း ဟောင်းနွမ်းသွားသည်။ ထို့ကြောင့် အသင်တို့နှလုံးသားအတွင်း၌ရှိသော အီမာန်အား သစ်လွင်လန်းဆန်းလာစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းခံကြပါ။
عربي الإنجليزية الأوردية
ဧကန်အမှန်ပင် ကိယာမသ်၏ နိမိတ်လက္ခဏာများအနက် အချို့မှာ- အသိပညာ ရုပ်သိမ်းခံရခြင်း၊ (သာသနာ့)အသိပညာကင်းမဲ့မှု များပြားလာခြင်း၊ ‘ဇိနာ’တရားမဝင်ကာမအမှု ပေါများလာခြင်း၊ အရက်သေစာသောက်သုံးမှု များပြားလာခြင်း၊ အမျိုးသားဦးရေ နည်းပါးသွားခြင်း အမျိုးသမီး အယောက်(၅၀)အတွက် တာဝန်ယူထိမ်းသိမ်းစောင့်ရှောက်မည့် အမျိုးသားတစ်ဦးသာ ရှိတော့သည်အထိ အမျိုးသမီးဦးရေ များပြားလာခြင်းတို့ဖြစ်သည်။
عربي الإنجليزية الأوردية
လူတစ်ဦးသည် တစ်ဦးတစ်ယောက်၏ ‘ကဗရ်’မြှုပ်နှံတွင်းနားမှ ဖြတ်သွားသည့်အခါ သူ့နေရာတွင် ငါသာရှိလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု မပြောမချင်း ကိယာမသ် ဆိုက်ရောက်မည် မဟုတ်ပေ။
عربي الإنجليزية الأوردية
အသင်တို့သည် ယဟူဒီတို့နှင့် စစ်ပွဲမဆင်နွှဲရမချင်း ကိယာမသ်ဖြစ်မည်မဟုတ်ပေ။ နောက်ဆုံး ကျောက်တုံးက မိမိနောက်တွင် ရဟူဒီရှိကြောင်း ပြောကြားလိမ့်မည်။ အိုမွတ်စ်လင်မ် ကျွန်ုပ်၏နောက်တွင် ဤယဟူဒီပုန်းအောင်းနေသည်။ အသင်သူ့ကို သတ်ပါ။
عربي الإنجليزية الأوردية
အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ဝိညာဥ်ရှိပြီး ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ မကြာခင် အသင်တို့ထဲတွင် တရားမျှတစွာအုပ်ချုပ်မည့် မရ်ယမ်၏ သားတော် (အီစာ) ဆင်းသက်လာလိမ့်မည်။ ထိုအချိန်၌ သူသည်လက်ဝါးကပ်တိုင်ကို ချိုးဖျက်မည်။ ဝက်တိရစ္ဆာန်တွေကို သတ်ဖြတ်မည်။ အခွန်အခကို ဖျက်သိမ်းပစ်မည်။ (အလှူ) ငွေလက်ခံမည့်သူ တစ်ဦးမှမရှိတော့သည်အထိ ဥစ္စာပစ္စည်းများ ပေါများကြွယ်ဝလာလိမ့်မည်။
عربي الإنجليزية الأوردية
အနောက်အရပ်မှ နေမထွက်မချင်း ကိယာမသ် ဖြစ်မည်မဟုတ်ပေ။ အနောက်အရပ်မှနေထွက်သောအခါ ၎င်းကိုလူတို့တွေ့မြင်ကြမည်ဖြစ်ပြီး အားလုံးအီမာန်သက်ဝင်ယုံကြည်လာကြလိမ့်မည်။
عربي الإنجليزية الأوردية
အချိန်ကာလနီးကပ် (တိုတောင်း) မှုမဖြစ်သေးသမျှ ကိယာမသ်ဖြစ်မည်မဟုတ်ပေ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေအားလက်တစ်ဆုပ်ထဲ၌ ယူတော်မူမည်။ မိုးကောင်းကင်များကို မိမိ၏လက်ယာလက်၌ ခေါက်လိပ်တော်မူမည်။ ထို့နောက် မိန့်တော်မူမည်မှာ ငါအရှင်မြတ်သည်သာလျှင် စိုးပိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ကမ္ဘာမြေပထဝီ၏ ဘုရင်များအဘယ်မှာနည်း။
عربي الإنجليزية الأوردية
ငါကိုယ်တော်၏ ကောင်ဆရ်ရေကန်(၏အကျယ်အဝန်း)သည် တစ်လတာခရီး အကွာအဝေးမျှရှိ၏။ ၎င်း၏ရေသည် နို့ထက်ပို၍ဖြူပြီး ၎င်း၏ရနံ့သည် ကတိုးထက်သာပို၍ မွှေးကြိုင်သည်။
عربي الإنجليزية الأوردية
ငါကိုယ်တော်သည် ကောင်ဆရ်ရေကန်၌ ရှိနေမည်ဖြစ်ပြီး အသင်တို့အနက် မည်သူသည် ငါ့ထံလာရောက်မည်ကို ငါကိုယ်တော်ကြည့်ရှုမည်ဖြစ်သည်။ လူအချို့သည် ငါကိုယ်တော့်ထံမှ ဖယ်ရှားခြင်းခံရမည်။ ထိုကြောင့်ငါကိုယ်တော်က အို မွေးမြူဖန်ဆင်းတော်မူသောအရှင် ၎င်းတို့သည် ကျွန်တော်မျိုးနှင့် ကျွန်တော်မျိုး၏အွမ္မသ်သားတို့အနက်မှပင်ဖြစ်သည်ဟု လျှောက်ထားမည်။
عربي الإنجليزية الأوردية
အကြင်အရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏ ဝိညာဥ်ရှိသည်။ ထိုအရှင်မြတ်ကို တိုင်တည်၍ ပြောမည်။ ဧကန်အမှန် ၎င်းရေကန်၏ရေခွက်များသည် မှောင်မိုက်၍ တိမ်ကင်းစင်သည့်ည၌ မိုးကောင်းကင်ရှိ ကြယ်များ၊ ဂြိုဟ်များထက်ပင် ပို၍များပြားသည်။
عربي الإنجليزية الأوردية
သေခြင်းတရားသည် အနက်ရောင်အမွေးအနည်းငယ်ပါရှိသော သိုးဖြူတစ်ကောင်၏အသွင်သဏ္ဍာန်ဖြင့်ယူဆောင်လာခြင်းခံရမည်။
عربي الإنجليزية الأوردية
အသင်တို့၏ (လောကီ)မီးသည် ဂျဟန္နမ်ငရဲမီး၏ အပုံ(၇ဝ)ပုံ တစ်ပုံမျှသာဖြစ်သည်။
عربي الإنجليزية الأوردية
၎င်းကပြောသည်မှာ ကျွန်တော်တို့အား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထိုတမန်တော်သည် မှန်ကန်သူ၊ မှန်ကန်သည်ဟုထောက်ခံခြင်းခံရသူဖြစ်သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည်မိခင်၏ဝမ်းဗိုက်ထဲ၌ ပေါင်းစည်းခံရပြီးနောက် စတင်သန္ဓေတည်သည့်အခါတွင်‘နုသ်ဖဟ်’ကလလရည်ကြည်အဖြစ်ရက် ပေါင်း(၄၀)ကြာမြင့်သည်။
عربي الإنجليزية الأوردية
အရာရာတိုင်းသည်သက္ကဒီရ်သတ်မှတ်ချက်အတိုင်းသာဖြစ်ပေါ်လာခြင်းဖြစ်၏။ မစွမ်းဆောင်နိုင်ခြင်းနှင့် စွမ်းဆောင်နိုင်ခြင်းသည်ပင်လျှင် သို့မဟုတ် စွမ်းဆောင်နိုင်ခြင်းနှင့် မစွမ်းဆောင်နိုင်ခြင်းသည်ပင်လျှင် သက္ကဒီရ်သတ်မှတ်ချက်အတိုင်းသာ ဖြစ်ပေါ်လာခြင်းဖြစ်၏။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်တစ်ဦးအားတစ်နေရာ၌ ကွယ်လွန်သေဆုံးရန် သတ်မှတ်ခဲ့ပါက အရှင်မြတ်သည် ၎င်းအား ထိုနေရာ(သို့သွားရောက်ရန်) လိုအပ်ချက် ဖြစ်ပေါ်စေသည်။
عربي الإنجليزية الأوردية
ကျွန်တော်သည် ဿွိမားမ်ဗင်န် ဆအ်လဗဟ်ဖြစ်ပြီး ဗနူစအဒ်ဗင်န်ဗကရ် မျိုးနွယ်ဝင်တစ်ဦးလည်း ဖြစ်ပါသည်။
عربي الإنجليزية الأوردية
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အကြောင်းအရာတစ်ခုကို ပြောပြတော်မူပြီးနောက် မိန့်ကြားတော်မူသည်မှာ ယင်းသည် အသိပညာ ပျောက်ကွယ်သွားသည့်အချိန်တွင် ဖြစ်ပေါ်လာလိမ့်မည်။
عربي الإنجليزية الأوردية
သင်တို့သည် ကျမ်းရပုဂ္ဂိုလ်များကို ထောက်ခံခြင်းလဲ မပြုကြနှင့် ငြင်းပယ်ခြင်းလည်း မပြုကြနှင့်။ သင်တို့သည် ကျမ်းရပုဂ္ဂိုလ်များကို ထောက်ခံခြင်းလဲ မပြုကြနှင့် ငြင်းပယ်ခြင်းလည်း မပြုကြနှင့်။ သင်တို့သည် ဤအတိုင်းသာပြောဆိုကြကုန် (ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ကျွန်ုပ်တို့ထံချပေးခြင်းခံရသည့် ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်းကောင်း အီမာန်သက်ဝင်ယုံကြည်ခဲ့ကြပါသည်။)
عربي الإنجليزية الأوردية
သက်တော်လေးဆယ်တွင် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ ဝဟီဗျာဒိတ်တော်ကျရောက်ခဲ့သည်။
عربي الإنجليزية الأوردية
ယဟူဒီ (ဂျူး) များသည် အလ္လာဟ်အရှင်မြတ်၏အမျက်တော်ရှခြင်းခံရသူများဖြစ်ပြီး နဆ်ွရာနီ (ခရစ်ယာန်) များသည် လမ်းလွဲနေသူများဖြစ်ကြသည်။
عربي الإنجليزية الأوردية
သင့်အပေါ် ၎င်းတို့၏သစ္စာဖောက်မှု၊ အမိန့်မနာခံမှု၊ လိမ်လည်မှုတို့နှင့် ၎င်းတို့အား သင်ပေးသည့်ပြစ်ဒဏ်တို့ကို နှိုင်းယှဉ်တိုင်းဆမည်ဖြစ်သည်။
عربي الإنجليزية الأوردية
လောကတွင် ၎င်းအား ခြေနှစ်ချောင်းပေါ်၌ လျှောက်လှမ်းနိုင်ရန် လုပ်ပေးတော်မူသော အရှင်မြတ်သည် ကိယာမသ်နေ့တွင် ၎င်းကိုမျက်နှာပေါ်၌ လျှောက်လှမ်းနိုင်ရန် မစွမ်းဆောင်နိုင်လေသလော။
عربي الإنجليزية الأوردية
ကလိမဟ်တော်“လာအိလာဟအိလ်လလ္လာဟ်”ကို ရွတ်ဆိုလိုက်ပါ။ ၎င်းကလိမဟ်တော်ဖြင့်ကျွန်တော်သည် သင့်အတွက် ကိယာမသ်နေ့၌ သက်သေခံပေးမည်ဖြစ်သည်။
عربي الإنجليزية الأوردية
အသင်အမိန့်ရှိနေသောအရာနှင့် အသင်ဖိတ်ခေါ်နေသောအရာသည် အလွန်ပင်ကောင်းမွန်ပေသည်။ ကျွန်တော်တို့ ယခင်ကကျူးလွန်ခဲ့သောအပြစ်များအား ပလပ်သွားစေမည့်အရာကို အသင်ပြောပြလျှင် ကောင်းလေစွဟု လျှောက်ထားခဲ့ကြသည်။
عربي الإنجليزية الأوردية
အသင်သည် ငရဲသားတို့အနက်မှမဟုတ် သုခဘုံသားတို့အနက်မှဖြစ်သည်ဟု စာဗိသ်ထံသွား၍ ပြောလိုက်ပါလေ။
عربي الإنجليزية الأوردية
(ထို့နောက် အသင်တို့သည် ထိုနေ့၌ စည်းစိမ်များနှင့်စပ်လျဉ်း၍ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။) ကုရ်အာန် (၁၀၂:၈) ဟူသော အာယသ်တော်ကျရောက်လာသောအခါ
عربي الإنجليزية الأوردية
ငါကိုယ်တော်၏ အွမ္မသ်ထဲ၌ နောက်ပိုင်းတွင် လူတစ်ချို့ပေါ်ပေါက်လာလိမ့်မည်။ ၎င်းတို့သည်အသင်တို့နှင့် အသင်တို့ဘိုးဘွားများပင် မကြားဘူးသောအရာများကို အသင်တို့အားပြောဆိုတင်ပြကြလိမ့်မည်။ သို့ဖြစ်၍ အသင်တို့သည် ၎င်းတို့နှင့်ဝေးဝေးနေကြကုန်။
عربي الإنجليزية الأوردية
အသင်ရေးသားပါ။ အကြင်အရှင်မြတ်၏ လက်တော်တွင် ငါကိုယ်တော်၏ အသက်ဝိညာဉ်ရှိ၏။ ထိုအရှင်မြတ်ကို တိုင်တည်၍ပြောမည်။ ဤ(နှုတ်လျှာ)မှ မှန်ကန်သည့်စကားသာ ထွက်ပေသည်။
عربي الإنجليزية الأوردية
သင်တို့သည် မုအဇ္ဇင်န်၏အဇာန်သံကိုကြားသည့်အခါ ၎င်းဆိုသည့်အတိုင်း လိုက်ဆိုကြပါ။ ထို့နောက် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်ပို့သကြပါ။
عربي الإنجليزية الأوردية
ဤသည် ခင်န်ဇဗ်ဟုခေါ်သည့် ရှိုင်သွာန်ပင်ဖြစ်သည်။ အသင်သည် ထိုကဲ့သို့ခံစားရပါက ၎င်းရန်မှကင်းဝေးစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံမှုရယူပါ။ သင်၏ဘယ်ဘက်သို့ တံတွေး သုံးကြိမ်ထွေးလိုက်ပါ။
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အဖြစ် လည်းကောင်း၊ အစ္စလာမ်ကို သာသနာအဖြစ် လည်းကောင်း၊မုဟမ္မဒ်ကို ရစူလ် စေတမန်အဖြစ် လည်းကောင်း ကျေနပ်နှစ်သက်သူသည် အီမာန်ယုံကြည်ခြင်း၏ အရသာကို မြည်းစမ်းရမည်ဖြစ်သည်။
عربي الإنجليزية الأوردية
တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် )က မိန့်တော်မူသည်မှာ - အကယ်၍ အသင်မ ( ဤရောဂါခံစားရမှုအပေါ်မှာ ) သည်းခံဖို့ ဆန္ဒရှိတယ်ဆိုရင် အသင်မအဖို့ ( အာခိရသ်မှာ )ဂျန္နသ် ရရှိမှာဖြစ်တယ်။ အကယ်၍ အသင်မ ဆန္ဒရှိတယ်ဆိုရင် ငါကိုယ်တော် အသင်မအတွက် အလ္လာဟ်အရှင်မြတ်ထံ တော်ပါးမှာ ( အရှင်မြတ်က အသင်မရဲ့ရောဂါကို ) ပျောက်ကင်းမှုပေးဖို့ ဒုအာပြုပေးတော်မူမယ်
عربي الإنجليزية الأوردية
မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ညီနောင် မွတ်စ်လင်မ် အတွက် မျက်ကွယ်မှပြုလုပ်ပေးသော ဒိုအာသည် (အလ္လာဟ်အရှင်မြတ်ထံတော်၌) လက်ခံခြင်းခံရသည်
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်ထံ အနှစ်သက်ဆုံးနေရာမှာ ဗလီများဖြစ်၍ အလ္လာဟ်အရှင်မြတ်ထံ အမုန်းဆုံးနေရာမှာ ဈေးများဖြစ်သည်။
عربي الإنجليزية الأوردية
မည်သူမဆို ၎င်း၌ မိမိ၏ညီနောင်အား သူ၏သိက္ခာကိုဖြစ်စေ သို့မဟုတ် အခြားတစ်ခုခုကိုဖြစ်စေ မတရားပြုလုပ်ထားသည်ရှိသော် ရွှေဒင်္ဂါး‌နှင့် ငွေဒင်္ဂါးနှစ်ခုစလုံး အသုံးမဝင်မည့်နေ့ကို မရောက်ခင်အလျင် ယနေ့ပင် ထိုမတရားမှုကို ခွင့်လွှတ်ဖို့ရာအတွက် တောင်းပန်လော့
عربي الإنجليزية الأوردية
လူတို့သည် ကိယာမသ်နေ့တွင် ခြေဗလာ၊ အဝတ်ဗလာ၊ ခသ်နဟ်မလုပ်ကြရသေးသူများအဖြစ်နဲ့ စုရုံးစေခြင်းခံရမည်
عربي الإنجليزية الأوردية
- အသင် ဝမ်းမြှောက်ဖွယ် သတင်းကောင်းကို ရယူလော့။ အသင်(တမန်တော်)သည် အလင်းရောင်နှစ်ခုကို ချီးမြှင့်ပေးအပ်ခြင်းခံရပြီဖြစ်သည်။ ထိုအလင်းရောင်နှစ်ခုကို သင့်အလျင်ရှိခဲ့သော မည်သည့် နဗီတမန်တော်တစ်ပါးကမျှ ချီးမြှင့်ပေးအပ်ခံခဲ့ရခြင်း မရှိခဲ့ပေ။ ပထမတစ်ခုမှာ ဆူရဟ်ဖာသိဟဟ် ဖြစ်၍ ဒုတိယတစ်ခုမှာ ဆူရဟ်ဗကရဟ်၏ နောက်ဆုံးအပိုဒ်များ ဖြစ်သည်။ ထိုဆူရဟ်နှစ်ခုအနက်မှ အက္ခရာတစ်လုံးကိုပင် အသင်ဖတ်လျှင် ယင်း၏အကျိုးဆုလာဘ်ကို အမှန်ပင် ချီးမြှင့်ခြင်းခံရမည် ဖြစ်သည်။
عربي الإنجليزية الأوردية
(အို အရှဂ်ျ ) "ဧကန်အမှန် သင့်၌ အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသော ဂုဏ်အရည်အချင်း နှစ်ခုရှိ၏။ သည်းခံခြင်း (ဒေါသကို ထိန်းချုပ်ခြင်း) နှင့် တည်ငြိမ်သိမ်မွေ့ခြင်း (အလျင်စလို မလုပ်ခြင်း) တို့ဖြစ်သည်။
عربي الإنجليزية الأوردية
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဗန္ဒဟ် ကျေးကျွန်တစ်ဦးအား ချစ်ခင်နှစ်သက်တော်မူသော် ကောင်းကင်တမန်ဂျီဗ်ရီလ်ကို ခေါ်၍ "ဧကန်စင်စစ် ငါအရှင်မြတ်သည် မည်သူမည်ဝါအား ချစ်ခင်နှစ်သက်‌တော်မူသည်၊ သို့ဖြစ်၍ အသင်သည်လည်း သူ့အား ချစ်ခင်နှစ်သက်လော့" ဟု မိန့်ကြားတော်မူ၏။ ထိုအခါ ဂျီဗ်ရီလ်သည်လည်း ထိုသူအား ချစ်ခင်နှစ်သက်လေ၏
عربي الإنجليزية الأوردية
အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များအပေါ် မိမိကလေးအပေါ် ကရုဏာထားသော ဤအမျိုးသမီးထက် ပို၍ သနားကရုဏာ ထားတော်မူသည်" ဟု မိန့်ကြားတော်မူခဲ့သည်။
عربي الإنجليزية الإسبانية
“မည်သည့်မွတ်စ်လင်မ်မဆို ဘေးဒုက္ခတစ်စုံတစ်ရာ ကြုံတွေ့သောအခါ အလ္လာဟ်အရှင်မြတ် အမိန့်ပေးတော်မူသည့်အတိုင်း- {إِنَّا لِلهِ وَإِنَّا إِلَيْهِ رَاجِعُونَ} (အကယ်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်ကြပြီး ဧကန်အမှန် အရှင်မြတ်ထံသို့ ပြန်လည်ရောက်ရှိကြရမည်ဖြစ်ပါသည်။) (စူရဟ် အလ်ဘကရဟ်၊ ၂:၁၅၆) ဟုရွတ်ဆိုကာ، ‘အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ ဤဘေးဒုက္ခတွင် အကျိုးဆုလာဘ် ပေးသနားတော်မူပါ။ ၎င်းဘေးအစား ကျွန်တော်မျိုးအား ယင်းထက်ကောင်းမြတ်သောအရာကို အစားထိုးပေးသနားတော်မူပါ’”ဟု တောင်းဆုဒုအာပြုလျှင်، ထိုသူအား အလ္လာဟ်အရှင်မြတ်သည် ယင်းထက်ကောင်းမြတ်သောအရာကို အစားထိုးပေးတော်မူသည်။
عربي الإنجليزية الإندونيسية
နောက်ဆုံးခေတ်သမယ၌ အသယ်အရွယ်အားဖြင့်ငယ်ပြီး ဉာဏ်ရည်နိမ့်ပါးသူများ ပေါ်ထွက်လာလိမ့်မည်။ သူတို့သည် အကောင်းဆုံးစကား(ကုရ်အာန်)ဖြင့် ပြောဆိုကြလိမ့်မည်။ သို့သော် ပစ်မှတ်ကိုဖောက်ထွက်သွားသည့် မြားတံကဲ့သို့ သူတို့သည် အစ္စလာမ်မှထွက်ခွာသွားကြလိမ့်မည်
عربي الإنجليزية الإندونيسية
ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် သုံးမျိုးသောအရာကို နှစ်သက်တော်မူပြီး၊ သုံးမျိုးသောအရာကို နှစ်သက်တော်မမူပေ
عربي الإنجليزية الإندونيسية
ကျွန်ုပ်တို့နှင့်ဆန့်ကျင်ရန် လက်နက်ကိုင်ဆောင်သောသူသည် ကျွန်ုပ်တို့အနက်မှ မဟုတ်ပေ။
عربي الإنجليزية الأوردية
- "စင်စစ် သင်သည် ကျောက်တုံးတစ်တုံးမျှသာဖြစ်ပြီး ကောင်း ကျိုးလည်းမပြုနိုင်၊ ဆိုးကျိုးလည်းမပေးနိုင်ကြောင်း ကျွန်ုပ်သိ၏။ အကယ်၍ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သင့်အား နမ်းသည်ကို မမြင်ခဲ့ပါက သင့်အား ကျွန်ုပ် နမ်းမည်မဟုတ်ပါ။
عربي الإنجليزية الأوردية
“သေသူ(၏အ လောင်း)သည် ထမ်းစင်ပေါ်ထားခြင်းခံရပြီး ယင်းအား အမျိုးသားတို့က မိမိတို့၏ပခုံးများပေါ်တွင် ထမ်း၍ သယ်ဆောင်သွားကြသောအခါ၊ ထိုသေသူသည် သူတော်ကောင်းဖြစ်လျှင် ‘ကျွန်ုပ်ကို ရှေ့သို့ အမြန်ပို့ဆောင်ကြပါ’ ဟု ပြောဆို၏
عربي الإنجليزية الأوردية
“ကိယာမသ်နေ့တွင် နေကို ဖန်ဆင်းခံတို့နှင့် နီးကပ်စေတော်မူမည်။ နောက်ဆုံး နေနှင့်သူတို့ကြားသည် တစ်မိုင်အကွာအဝေးမျှသာ ဖြစ်လိမ့်မည်
عربي الإنجليزية الأوردية
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်‌တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် (ဒုက္ခနှင့် ကြုံတွေ့ရချိန်)အော်ဟစ်ငိုကြွေးသည့် အမျိုးသမီး၊ ဆံပင် ရိတ်ပစ်သည့် အမျိုးသမီး၊ အဝတ်ကို ဆုတ်ဖြဲပစ်သည့်အမျိုးသမီးတို့နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ထုတ်ဖော်တော်မူခဲ့သည်။
عربي الإنجليزية الأوردية
မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ်တစ်ဦးအပေါ်၌ ဝတ္တရားခြောက်ရပ်ရှိသည်။" ထိုအခါ ဆွဟာဗဟ်တို့က လျှောက်ထားမေးမြန်းကြသည်မှာ - "အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ယင်းဝတ္တရားများကား အဘယ်နည်း" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- " အသင် သူနှင့်တွေ့ဆုံသောအခါ သူ့အား စလာမ်ဆိုပါ၊ သူသည် အသင့်အား ဖိတ်ကြားသောအခါ ထိုဖိတ်ကြားချက်ကို လက်ခံပါ၊ အသင့်ထံ အကြံဉာဏ်တောင်းခံလျှင် သူ့အား အကြံဉာဏ်ပေးပါ၊ သူ နှာချေပြီး 'အလ်ဟမ်ဒုလိလ္လာဟ်' ဟု ရွတ်ဆိုလျှင် အသင် သူ့အား အဖြေ‌ပေးပါ၊ (ဆိုလိုသည်မှာ 'ယရ်ဟမုကလ္လာဟ်' ဟု ဆိုပါ)၊ သူဖျားနာသောအခါ အသင် သူ့အား လူမမာသွား‌ရောက်မေးမြန်းကြည့်ရှုပါ၊ သူကွယ်လွန်သွားသောအခါ သူ၏ဂျနာဇာအား လိုက်ပါပို့ဆောင်ပါ။
عربي الإنجليزية الأوردية
“ယဟူဒီများနှင့် နတ်စ်ွရာနီများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်ပါစေ၊ ၎င်းတို့သည် မိမိတို့၏ နဗီတမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများ အဖြစ် ပြုလုပ်ခဲ့ကြသည်”
عربي الإنجليزية الأوردية
မည်သူမဆို စူရဟ်ကဟဖ်၏ ပထမဆယ်အာယတ်ကို ကျက်မှတ်ထားပါက၊ ထိုသူသည် ဒဂျ်ဂျာလ်၏ အန္တရာယ်မှ ကာကွယ်ခြင်းခံရမည်။" အခြားဆင့်ပြန်ချက်တစ်ခုတွင် "စူရဟ်ကဟဖ်၏ နောက်ဆုံးဆယ်အာယတ်" ဟု ဖော်ပြထားသည်။
عربي الإنجليزية الأوردية
- “ငါကိုယ်တော်သည် မိုးကောင်းကင်၌ရှိတော်မူသောအရှင်မြတ်က စိတ်ချတော်မူသည့်သူဖြစ်ပြီး၊မိုးကောင်းကင်မှ သတင်းစ ကား(ဝဟီ) သည် နံနက်နှင့်ညနေ ငါကိုယ်တော်ထံ ဆင်းသက်နေပါလျက်နှင့် သင်တို့သည် ငါကိုယ်တော်အား စိတ်ချယုံကြည်မှု မရှိကြလေသလော
عربي الإنجليزية الأوردية
ထိုအခါ အရှင်မြတ်က ၎င်းအား အသင်ဆန္ဒပြုသမျှအရာအားလုံးနှင့် ယင်း၏ဥပမာတူညီသောအရာကို ထပ်ဆောင်းအားဖြင့် သင့်အဖို့ ဖြစ်သည်’ဟု မိန့်တော်မူလိမ့်မည်။”
عربي الإنجليزية الأوردية
။ အလ္လာဟ်အရှင်မြတ်သည် ကိယာမတ်နေ့၌ ရှေးလွန်လေပြီးသူများနှင့် နောင်လာမည့် လူသားအားလုံးကို ပြန့်ပြူးသော ကွင်းပြင်ကြီးတစ်ခုတွင် စုရုံးစေတော်မူမည်။ မျက်စိသည် သူတို့အားလုံးကို မြင်နိုင်မည်။ ဟစ်ခေါ်သူတိုင်းသည် သူတို့အားလုံးအား မိမိ၏အသံကို ကြားစေနိုင်မည်။ နေသည် လူတို့နှင့် အလွန်နီးကပ်လာမည်။ လူတို့သည် မိမိတို့ သည်းခံနိုင်စွမ်းထက် ကျော်လွန်သော ပြင်းထန်သည့် ဝေဒနာနှင့် ပူပန်သောကကို ခံစားရကြမည်
عربي الإنجليزية الأوردية
တမန်တော်မြတ်( ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမျိုးသမီးနှင့်တူအောင်ဝတ်ဆင်သောအမျိုးသားနှင့် အမျိုးသားနှင့်တူအောင် ဝတ်ဆင်သောအမျိုးသမီးအား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးပါစေဟု လအ်နသ်ပို့ခဲ့သည်။
عربي الإنجليزية الأوردية
“ဧကန်အမှန်၊ ဂျန္နသ်ကို ပထမဦးဆုံးဝင်ရောက်မည့် အုပ်စု၏ ပုံပန်းသဏ္ဌာန်သည် လပြည့်ည၏ လမင်းသဖွယ်ကဲ့သို့ ဝင်းပနေလိမ့်မည်။ ထို့နောက် သူတို့နောက်မှလိုက်ဝင်ရောက်ရမည့်သူများသည် ကောင်းကင်ယံရှိ အတောက်ပဆုံးကြယ်ကဲ့သို့ ဖြစ်ကြလိမ့်မည်
عربي الإنجليزية الإندونيسية
။ ထို့ကြောင့် သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတောင်းခံသောအခါ ဖိရ်ဒေါင်စ်ကို တောင်းခံကြလော့။
عربي الإنجليزية الإندونيسية
ငါကိုယ်‌တော်၏အွမ္မသ်ထဲမှ အုပ်စုတစ်စုသည် အမြဲတမ်း လွှမ်းမိုးအောင်ပွဲခံပြီး (အမှန်တရားပေါ်တွင်) တည်မြဲနေပေလိမ့်မည်။ နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော် (ကိယာမသ်နေ့) သူတို့ထံ ရောက်ရှိလာသည်အထိ ၎င်းတို့သည် ထိုအခြေအနေ (ထင်ရှားလွှမ်းမိုးပြီး အောင်ပွဲခံသည့်အနေအထား)ပေါ်တွင်သာ ရှိနေကြလိမ့်မည်။
عربي الإنجليزية الإندونيسية
“မည်သူမဆို မိမိ၏မွတ်စ်လင်မ်ညီနောင်အား ‘အို-ကာဖိရ် (မယုံကြည်သူ)’ဟု ပြောဆိုပါက ထိုစကားသည် ထိုသူနှစ်ဦးအနက် တစ်ဦးဦးထံသို့ ပြန်ရောက်သွားမည်။ အကယ်၍ ထို(ပြောခံရ)သူသည် သူပြောသည့်အတိုင်း မှန်ကန်ပါက (ထိုစကားသည် သူ့အပေါ် သက်ရောက်မည်)။ သို့မဟုတ်ပါက ထိုစကားသည် ပြောဆိုသူထံသို့ပင် ပြန်ရောက်သွားလိမ့်မည်။”
عربي الإنجليزية الإندونيسية
“သင်တို့အနက် အကောင်းဆုံးသောသူများသည် ငါကိုယ်တော်၏ ခေတ်ကာလ(၌ရှိသောသူများ)ဖြစ်၏။ ထို့နောက် သူတို့နောက်တွင်ရှိသောသူများ(သာဗီအီးန်များ)၊ ထို့နောက် သူတို့နောက်တွင်ရှိသောသူများ(သဗအ်သာဗီအီးန်များ ဖြစ်၏)
عربي الإنجليزية الإندونيسية