+ -

عن جابر رضي الله عنه:
أَنَّ رَجُلًا سَأَلَ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ: أَرَأَيْتَ إِذَا صَلَّيْتُ الصَّلَوَاتِ الْمَكْتُوبَاتِ، وَصُمْتُ رَمَضَانَ، وَأَحْلَلْتُ الْحَلَالَ، وَحَرَّمْتُ الْحَرَامَ، وَلَمْ أَزِدْ عَلَى ذَلِكَ شَيْئًا، أَأَدْخُلُ الْجَنَّةَ؟ قَالَ: «نَعَمْ»، قَالَ: وَاللهِ لَا أَزِيدُ عَلَى ذَلِكَ شَيْئًا.

[صحيح] - [رواه مسلم] - [صحيح مسلم: 15]
المزيــد ...

ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မေးမြန်းလျှောက်ထားခဲ့သည်။ ကိုယ်တော် ကျွန်တော့်အားပြောပြပါ။ အကယ်၍ ကျွန်တော်သည် ဖရ်ဿွ်ဆွလာသ်များကို ဆောက်တည်မည်။ ရမဿွာန်လတွင် ဥပုသ်စောင့်ထိန်းမည်။ ဟလာလ်ကို ဟလာလ်ဟုသတ်မှတ်ပြီး ဟရာမ်ကို ဟရာမ်ဟုသတ်မှတ်မည်။ ဤသည်ထက်ပို၍ မည်သည့်တစ်စုံတစ်ရာကိုမျှ မဆောင်ရွက်ခဲ့လျှင် ကျွန်တော်သည် ဂျန္နသ်သို့ဝင်ရောက်ရမည်လော။ ကိုယ်တော်က ဟုတ်ကဲ့(ဝင်ရောက်ရမည်)ဟု ဖြေကြားတော်မူသည်။ ထိုအခါ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်အားတိုင်တည်၍ပြောပါသည်။ကျွန်တော်သည် ဤသည်ထက်ပို၍ မည်သည့်တစ်စုံတစ်ရာကိုမျှ ပြုလုပ်‌တော့မည်မဟုတ်ပါ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 15]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းလင်း‌မိန့်ကြားတော်မူခဲ့သည်မှာ အကြင်သူသည် မည်သည့် နဖ်လ်ဆွလာသ်ကိုမျှ ဝတ်ပြုခြင်းမရှိဘဲ ဖရ်ဿွ်ဆွလာသ်ငါးကြိမ်ကိုသာ ဆောက်တည်မည်။ မည်သည့် နဖ်လ်ဆွိယာမ်ဥပုသ်ကိုမျှ မစောင့်ထိန်းဘဲ ရမဿွာန်လမြတ်၏ ဆွိယာမ်ဥပုသ်ကိုသာ စောင့်ထိန်းမည်။ ဟလာလ်ဟု သတ်မှတ်ထားသောအရာကို ဟလာလ်ဟုယုံကြည်လက်ခံပြီး လိုက်နာကျင့်သုံးမည်။ ဟရာမ်ဟု သတ်မှတ်ထားသောအရာကို ဟရာမ်ဟု ယုံကြည်လက်ခံပြီး ရှောင်ကြဉ်မည်ဆိုပါက ထိုသူသည် မုချဂျန္နသ်သို့ဝင်ရမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မွတ်စ်လင်မ်တစ်ဦးသည် ဖရ်ဿ်ွတာဝန်များကိုကျေပွန်ရန်နှင့် ဟရာမ်ကိစ္စများကို စွန့်လွှတ်ရန် ဆန္ဒပြင်းပြရမည်။ မိမိ၏ အဓိကရည်မှန်းချက်မှာ ဂျန္နသ်သို့ ဝင်ခွင့်ရရန် ဖြစ်ရမည်။
  2. ဟလာလ်ကို ဟလာလ်ဟုယုံကြည်ပြီး ကျင့်သုံးရန်အရေးကြီးသည်။ ထို့အတူ ဟရာမ်ကို ဟရာမ်ဟုယုံကြည်ကာ ရှောင်ကြဉ်ရန်အရေးကြီးသည်။
  3. ဖရ်ဿ်ွတာဝန်များကို ကျေပွန်ခြင်း၊ ဟရာမ်ကိုစွန့်လွှတ်ခြင်းသည် ဂျန္နသ်သို့ဝင်ရောက်ရန် အကြောင်းခံတစ်ရပ်ဖြစ်သည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি الفولانية အီတလီ অরমো কন্নড় الولوف البلغارية আজারী اليونانية الأوزبكية الأوكرانية الجورجية المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်
ထပ်၍