အမျိုးအစားခွဲများ

ဟဒီးဆ်တော်များစာရင်း

မုနာဖိက်(အရေခြုံမွတ်စလင်မ်)တို့အပေါ်တွင် အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်သည် အလေးလံဆုံး ဆွလာသ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုဆွလာသ်နှစ်ကြိမ်၏ အကျိုးကုသိုလ်အား သိရှိကြလျှင် (လမ်းမလျှောက်နိုင်သဖြင့်) လေးဖက်ထောက်လာရမည်ဆိုလျှင်လည်း မုချလာကြလိမ့်မည်။ အမှန်တကယ်ပင် ငါကိုယ်တော်သည် ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးတော်မူမည်။ အိကာမသ်ဆိုပြီးသည့်အခါ လူတို့အားဦးဆောင် ဆွလာသ်ဆောက်တည်ရန် ပုဂ္ဂိုလ်တစ်ဦးအား အမိန့်ပေးတော်မူမည်။ ထို့နောက် ငါကိုယ်တော်သည် ထင်းစီးများပါရှိသော လူတို့နှင့်အတူ(ဂျမာအသ်ဖြင့်)ဆွလာသ်ဆောက်တည်ရန် မလာကြသူများထံသွားပြီး ၎င်းတို့နှင့်အိမ်ကိုပါ မီးရှို့ပစ်ရန် ဆန္ဒရှိတော်မူသည်။
عربي အင်္ဂလိပ် အုရ်ဒူ
အကယ်၍ ကြီးလေးသော အပြစ်အကုသိုလ်များကို ရှောင်ကြဉ်ပါက ဆွလာသ်ငါးကြိမ်သည်လည်းကောင်း၊ ဂျုမုအဟ်တစ်ကြိမ်မှ နောက်ဂျုမုအဟ်သည်လည်းကောင်း၊ ရမဿွာန်တစ်လမှ နောက်ရမဿွာန်သည်လည်းကောင်း ယင်းတို့၏ စပ်ကြား၌ရှိသော အကုသိုလ်များအား ပလပ်စေမည်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
အကြင်သူသည် ဖဂျရ် ဆွလာသ်ကို ဆောက်တည်ပါက ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်မှုအောက်တွင် ရှိနေမည်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
ကိုယ်တော် ကျွန်တော့်အားပြောပြပါ။ အကယ်၍ ကျွန်တော်သည် ဖရ်ဿွ်ဆွလာသ်များကို ဆောက်တည်မည်။ ရမဿွာန်လတွင် ဥပုသ်စောင့်ထိန်းမည်။ ဟလာလ်ကို ဟလာလ်ဟုသတ်မှတ်ပြီး ဟရာမ်ကို ဟရာမ်ဟုသတ်မှတ်မည်။
عربي အင်္ဂလိပ် အုရ်ဒူ
သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။
عربي အင်္ဂလိပ် အုရ်ဒူ
အို - ဗိလာလ် ဆွလာသ်အတွက် အိကာမသ်ဆိုပါ၊ ၎င်းဖြင့် ကျွန်ုပ်တို့အား အေးချမ်းသာယာစေပါ။
عربي အင်္ဂလိပ် အုရ်ဒူ