عن أبي مالك الحارث بن الأشعري رضي الله عنه قال: قال رسول الله صلى الله عليه وسلم: «الطهور شطر الإيمان، والحمد لله تملأ الميزان، وسبحان الله والحمد لله تملآن -أو تملأ- ما بين السماء والأرض، والصلاة نور، والصدقة برهان، والصبر ضياء، والقرآن حجة لك أو عليك، كل الناس يغدو: فبائعٌ نفسَه فمُعتِقُها أو مُوبِقها».
[صحيح] - [رواه مسلم]
المزيــد ...

အဗူမာလိက် အလ်ဟာရိဆ် ဗင်န် အလ်အရှ်အရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်တော်မူသည်။ သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ‘အလ်ဟမ်ဒု လိလ္လာဟ်’သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။‘စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’ဇိက်ရ်တော်နှစ်ခုသည် (သို့မဟုတ် ဇိက်ရ်တော် တစ်ခုသည်) မိုးကောင်းကင်နှင့်ပထဝီမြေပြင်ကြားကိုပြည့်စေသည်။ ဆွလာသ်သည် နှုရ်အလင်းရောင်ဖြစ်သည်။ဆွဒ်ကဟ် အလှူဒါနသည် သက်သေအထောက်ထားဖြစ်သည်။ ‘ဆွဗရ်’သည်းခံခြင်းတရားသည် အလင်းရောင်ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်သည် သင့်အတွက် သက်သေအထောက်အထား သို့မဟုတ် အသင်နှင့်ဆန့်ကျင်ဘက် သက်သေအထောက်အထားဖြစ်သည်။ လူတိုင်းသည် နံနက်စောစော(ရိုဇီရိက္ခာရှာဖွေရန်)ထွက်သွားကြပြီး မိမိကိုယ်မိမိ ရောင်းချလိုက်သည်။ ထို့ကြောင့် အချို့သည် မိမိကိုယ် ကို(ဂျဟန္နမ်မှ) လွတ်မြောက်စေပြီး အချို့သည် မိမိကိုယ် ကို(ဂျဟန္နမ်ထဲသို့ကျရောက်စေကာ) ပျက်စီးဆုံးရှုံးစေသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ သန့်ရှင်းစင်ကြယ်မှုသည် အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်။ ဤသြဝါဒတော်တွင်ပါရှိသည့် ‘သုဟူးရ်’၏ အလိုသဘောမှာ သန့်ပြန့်မှုရယူခြင်းကို ဆိုလိုသည်။ ‘သွဟူးရ်’ဟူသည် သန့်ရှင်းစင်ကြယ်မှုရယူနိုင်သည့် ရေကိုခေါ်ဆိုခြင်းဖြစ်သည်။ သို့သော် ဤနေရာတွင် သန့်ရှင်းစင်ကြယ်မှုရယူသည့် လုပ်ရပ်ကိုဆိုလိုသည်။ သန့်ရှင်းစင်ကြယ်မှု ရယူခြင်းဟူသည် အပြင်ပိုင်းသန့်ရှင်းစင်ကြယ်ခြင်းနှင့် အတွင်းပိုင်းသန့်ရှင်းစင်ကြယ်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ သန့်ရှင်းစင်ကြယ်မှုသည် အညစ်အကြေးများနှင့် ‘ဟဒတ်စ်’အမိန့်အရမသန့်ဖြစ်ခြင်းတို့မှ ကင်းဝေးခြင်းဖြစ်သည်။ စိတ်နှလုံးသား၏ သန့်ရှင်းစင်ကြယ်ခြင်းဟူသည် ‘ရှိရ်က်’ယှဥ်တွဲကိုးကွယ်မှုနှင့် နှလုံးသားနှင့် သက်ဆိုင်သည့်ရောဂါများမှကင်းဝေးခြင်းဖြစ်သည်။ "c2">“အီမာန်ယုံကြည်မှု၏ တစ်ဝက်ဖြစ်သည်”ဟူသည် ဆွလာသ်၏ တစ်ဝက်ဖြစ်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းစင်ကြယ်မှု မပါရှိဘဲ ဆွလာသ် အထမြောက်မည်မဟုတ်ပေ။ ၎င်းနောက် ကိုယ်တော်က ဆက်လက်မိန့်ကြားသည်မှာ "c2">“အလ်ဟမ်ဒုလိလ္လာဟ် (ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ် အတွက်သာ ဖြစ်တော်မူ၏။)သည် မီဇာန်ချိန်ခွင်ကို အချိန်လေး၍ ပြည့်စေမည်။” အလ်ဟမ်ဒုလိလ္လာဟ်သည် ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချစ်ခင်မြတ်နိုးမှု၊ ဂုဏ်ပေးလေးစားမှုတို့နှင့်တကွ ပြည့်စုံ မြင့်မြတ်လှသည့် ဂုဏ်တော်များဖြင့် ဂုဏ်ပေးခြင်းဖြစ်သည်။ ဤဇိက်ရ်တော်သည် ကောင်းမှု၊မကောင်းမှုကို ချိန်မည့် မီဇာန် ချိန်ခွင်တွင် အချိန်စီး၍ ပြည့်စေမည်ဖြစ်သည်။ "c2">“စွဗ်ဟာနလ္လာဟ်”(အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူ၏။)ဟူသည် အလ္လာဟ်အရှင်မြတ်သည် ချွတ်ယွင်းချက်များရှိခြင်း၊ အဖန်ဆင်းခံများနှင့်တူဆင်ခြင်းစသည့် အရှင်မြတ်နှင့် မလျော်ကန်သော ကိစ္စရပ်များမှ ကင်းစင်တော်မူကြောင်း မြွက်ဟခြင်းဖြစ်သည်။ "c2">“စွဗ်ဟာနလ္လာဟ် ဝလ်ဟမ်ဒုလိလ္လာဟ်’သည် မိုးကောင်းကင်နှင့် ပထဝီမြေပြင် နှစ်ခုကြားကိုပြည့်စေသည်။” ဟဒီးဆ်တော်၌ (تملآن) ဤဇိက်ရ်တော်နှစ်ခုသည် မိုးကောင်းကင်နှင့် ပထဝီမြေပြင်ကြားကို ပြည့်စေသည်။ သို့မဟုတ် (تملأ) ဤဇိက်ရ်တော်သည် မိုးကောင်းကင်နှင့် ပထဝီမြေပြင် နှစ်ခုကြားကိုပြည့်စေသည်။ ဟူ၍ စကားလုံးနှစ်မျိုးဖြင့် လာရှိထားသည်။ ဤသည် ဆင့်ပြန်သူက ဒွိဟဖြစ်သွားခြင်းဖြစ်သည်။ မိုးကောင်းကင်နှင့် မြေပထဝီကြား အကွာအဝေးသည် နှစ်ပေါင်းငါးရာကြာမျှ သွားရသော ခရီးအကွာအဝေးရှိသည်။ ထိုမျှအကွာအဝေးကို ဇိက်ရ်တော်တစ်ခု သို့မဟုတ် ဇိက်ရ်တော်နှစ်ခုက ကုသိုလ်များဖြင့် ပြည့်စေခြင်းသည် အကန့်အသတ် မရှိသော အရှင်မြတ်၏ကျေးဇူးတော်ကြောင့်သာဖြစ်သည်။ "c2">“ဆွလာသ်သည် နှုရ်အလင်းရောင်ဖြစ်သည်။” ဆွလာသ်သည် လောက၌ အလင်းရောင်ဖြစ်သကဲ့သို့ ကိယာမသ်နေ့တွင်လည်း လူသားအတွက် အလင်းရောင်ပင်ဖြစ်သည်။ "c2">“ဆွဒ်ကဟ် အလှူဒါနသည် သက်သေအထောက်ထားဖြစ်သည်။” ဆိုလိုသည်မှာ ဆွဒ်ကဟ်အလှူဒါနသည် ဆွဒ်ကဟ်ပြုသူ၏ အီမာန်ယုံကြည်မှုစစ်မှန်ကြောင်း ထင်ရှားပြတ်သားသည့် သက်သေအထောက်အထားပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူ၏စိတ်သည် ပစ္စည်းဥစ္စာကို ချစ်ခင်စွဲလန်းမှုရှိသည်။ သို့ဖြစ်၍ လူသားသည် ဥစ္စာပစ္စည်းအား ကြည်ဖြူစွာဖြင့် ပေးကမ်းလှူဒါန်းခြင်းသည် ၎င်း၏အီမာန် ယုံကြည်မှု စစ်မှန်ကြောင်း ဒွိဟမရှိ ထင်ရှားခိုင်လုံသော သက်သေ အထောက်အထားပင်ဖြစ်သည်။"c2">“ ‘ဆွဗရ်’သည်းခံခြင်းသည် အလင်းရောင်ဖြစ်သည်။” ဆွဗရ်၏ အမျိုးအစားသုံးမျိုးမှာ (၁) အရှင့်အမိန့်နာခံမှုတွင် သည်းခံမှုရှိခြင်း၊ (၂) မကောင်းမှုများကို ရှောင်ကြဥ်ရာတွင်သည်းခံခြင်း၊ (၃) ဒုက္ခနှင့်ရင်ဆိုင်ရသည့်အခါ အလ္လာဟ်အရှင်မြတ်၏ သက္က်ဒီးရ်သတ်မှတ်ချက်များအပေါ်သည်းခံခြင်းတို့ဖြစ်သည်။ ဆွဗရ်သည် ခန္တီတရားရှိသူ လျှောက်လှမ်းသည့်လမ်းကို မီးမောင်းထိုးပြပေးသည့် အလင်းရောင်ဖြစ်သည်။ "c2">“ကုရ်အာန်ကျမ်းမြတ်သည် သင့်အတွက် သက်သေအထောက်အထား သို့မဟုတ် အသင်နှင့်ဆန့်ကျင်ဘက် သက်သေအထောက်အထားဖြစ်သည်။”ကုရ်အာန် ကျမ်းမြတ်သည် ဂျိဗ်ရီလ်(အလိုင်းဟိစ္စလာမ်)မှတဆင့် အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အပေါ်သို့ချပေးသည့် အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်ပင်ဖြစ်ပြီး ‘မွဆ်ွဟဖ်’ကျမ်းတော်မြတ်၏ အဖုံးနှစ်ဖက် ကြားတွင် ထိန်းသိမ်းထားသည်။ ထို့ကြောင့် ကုရ်အာန်ကျမ်းမြတ်အား ရွတ်ဖတ်သူသည် ‘ရဟ်မာန်’မဟာကရုဏာတော်ရှင်ဖြင့် စကားပြောဆိုသကဲ့သို့ပင်ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်သည် အောက်ပါအခြေအနေ နှစ်မျိုးအနက်မှတစ်မျိုး မုချ ဖြစ်လိမ့်မည်။ (၁) ကုရ်အာန်ကျမ်းမြတ်သည် သင့်အတွက်သက်သေ အထောက်အထားဖြစ်မည်။ အကယ်၍သင်သည် ကျမ်းတော်မြတ်တွင် ပါရှိသည့် အရာများအားလုံးကို ယုံကြည်ထောက်ခံကာ အမိန့်တော်များကို လိုက်နာကျင့်သုံးပြီး၊ တားမြစ်ချက်များကို ရှောင်ကြဉ်ပါက ကိယာမသ်နေ့တွင် ကျမ်းမြတ်ကုရ်အာန်သည် သင့်အတွက် သက်သေအထောက်အထားဖြစ်လိမ့်မည်။ (၂) ကုရ်အာန်ကျမ်းမြတ်သည် အသင်နှင့်ဆန့်ကျင်ဘက် သက်သေ အထောက်အထားဖြစ်မည်။ အကယ်၍ သင်သည် ကျမ်းတော်မြတ်အားသင်ယူကျက်မှတ်ပြီးနောက် မေ့လျော့ထားကာအိပ်စက်နေမည်။ ထို့ပြင် ဆွလာသ် ဆောက်တည်ခြင်းမရှိဘဲ အိပ်စက်နေလျှင် သို့မဟုတ် ကုရ်အာန်ကျမ်းလာ အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းမရှိလျှင်(သင့်အား အပြစ်ပေးရန်အတွက်) ကုရ်အာန်ကျမ်းမြတ်သည် အသင်နှင့်ဆန့်ကျင်ဘက် အထောက်ထားဖြစ်သွားမည်။ "c2">“လူတိုင်းသည် နံနက်စောစော(ရိုဇီရိက္ခာရှာဖွေရန်)ထွက်သွားကြသည်။”၏အလိုသဘောမှာ လူတိုင်းသည် မနက်မိုးလင်းသောအခါ ရိုဇီရိက္ခာရှာဖွေရန် မြေပထဝီအနှံ့သွားလာကြသည်။ သို့သော် အချို့သူတို့၏ နံနက်စောစောထွက်ခြင်းသည် မိမိအတွက်အကျိုးဖြစ်စေပြီး အချို့သူတို့၏ နံနက်စောစောထွက်ခြင်းသည် မိမိအတွက် ပျက်စီးဆုံးရှုံးစေခြင်းသာဖြစ်သည်။ "c2">“လူတိုင်းသည် မိမိကိုယ်မိမိ ရောင်းချလိုက်သည်။”၏အလိုသဘောမှာ မိမိသည် မိမိအလုပ်၏တာဝန်ခံဖြစ်သည်။ အချို့က မိမိကိုယ်မိမိ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အားရောင်းချလိုက်ကာ (တနည်း အလ္လာဟ်အရှင်မြတ် နှစ်သက်သည့် ပုံစံအတိုင်း ရှာဖွေမှုပြုကာ) ဂျဟန္နမ်ငရဲမီးမှ လွတ်မြောက်စေလိုက်သည်။ အချို့က မကောင်းမှုများ၊အပြစ်မှုဒုစရိုက်များ၊ တားမြစ်ထားသောအရာများကို ကျူးလွန်ကာ မိမိကိုယ်မိမိ ရှိုက်သွာန်အားရောင်းချကာ ဂျဟန္နမ်ငရဲမီး၌ ကျရောက်ပျက်စီးစေမည်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဤဟဒီးဆ်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ (ဂျဝါမိအုလ် ကလင်မ်) စကားလုံးနည်းပြီး အဓိပ္ပါယ်ကျယ်ဝန်းသည့် စကား၏ ဥပမာတစ်ခုဖြစ်သည်။
  2. အတွင်းပိုင်းဆိုင်ရာနှင့် အပြင်ပိုင်းဆိုင်ရာ သန့်ရှင်းစင်ကြယ်မှု၏ အရေးကြီးပုံကို တင်ပြထားသည်။
  3. ကြီးကျယ်မြင့်မြတ်တော်မူသော ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း၏ အကျိုးကျေးဇူးကို တင်ပြထားသည်။
  4. အနည်းငယ်သော ကလိမဟ်တော်များ အတွက်ကြီးကျယ်လှသည့် အကျိုးကုသိုလ်ပေးသနားခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကျယ်ဝန်းလှသော မဟာကရုဏာတော်ပင်ဖြစ်သည်။
  5. ဆွလာသ်ကို စွဲမြဲစွာဝတ်ပြုရန် အရေးကြီးကြောင်း တင်ပြထားသည်။ ဆွလာသ်သည် ဤလောကနှင့် ကိယာမသ် ရှင်ပြန်ထရမည့်နေ့၌ လူသားအတွက် အလင်းရောင်ဖြစ်သည်။
  6. ဆွဒ်ကဟ် အလှူဒါနပြုခြင်းသည် အီမာန်ယုံကြည်မှု စစ်မှန်ကြောင်း အထောက်အထားဖြစ်သည်။
  7. ကုရ်အာန် ကျမ်းမြတ်သည် သင့်အတွက် သက်သေအထောက်အထားဖြစ်ပြီး အသင်နှင့်ဆန့်ကျင်ဘက် သက်သေအထောက်အထားမဖြစ်ရန်အတွက် ကုရ်အာန် ကျမ်းတော်မြတ်အားယုံကြည်ထောက်ခံကာ လိုက်နာကျင့်သုံးရန် အရေးကြီးသည်။
  8. စစ်မှန်သည့် လွတ်လပ်မှုဟူသည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံခြင်းဖြစ်ပြီး လူသားအား မိမိဆန္ဒရှိသည့် အရာတိုင်းကို လုပ်ဆောင်ခွင့်ပေးထားခြင်း မဟုတ်ပေ။
  9. လူသားသည် ကောင်းမှု သို့မဟုတ် မကောင်းမှုကို မလွဲမသွေ ပြုလုပ်ကြမည်ဖြစ်သည်။
အမျိုးအစားများ
ထပ်၍