+ -

عن جُبَير بن مُطْعِم رضي الله عنه أنه سمع النبي صلى الله عليه وسلم يقول:
«لَا يَدْخُلُ الْجَنَّةَ قَاطِعُ رَحِمٍ».

[صحيح] - [متفق عليه] - [صحيح مسلم: 2556]
المزيــد ...

ဂျုဗိုင်းရ် ဗင်န် မုသ်ွအင်မ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဤသို့ မိန့်ကြားတော်မူခဲ့သည်ကို ကြားသိခဲ့သည်။
ဆွေမျိုးသားချင်း အဆက်ဖြတ်သူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်မဟုတ်ပေ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2556]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အကြင်သူသည် မိမိဆွေမျိုးသားချင်းများအား ၎င်းတို့ရပိုင်ခွင့်ရှိသည့်အခွင့်အရေးများကို ဖြတ်တောက်မည်၊ ဒုက္ခပေးမည်၊ စကားဖြင့်ဖြစ်စေ လုပ်ရပ်ဖြင့်ဖြစ်စေ မကောင်းမှု ပြုမည်ဆိုပါက ထိုသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည် မဟုတ်ပေ။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি الفولانية অরমো কন্নড় الولوف البلغارية আজারী الأوزبكية الأوكرانية الجورجية المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွေမျိုးသားချင်းအဆက်ဖြတ်ခြင်းသည် ကြီးလေးသည့် အပြစ်အကုသိုလ်များအနက်မှတစ်ခုဖြစ်သည်။
  2. ဆွေမျိုးသားချင်း အဆက်ထားခြင်းသည် ဓလေ့ပေါ်တွင်မူတည်သည်။ ထို့ကြောင့် နေရာဒသ၊ အချိန်ကာလနှင့် လူတို့အပါ်မူတည်၍ ကွဲပြားမည်ဖြစ်သည်။
  3. ဆွေမျိုးအဆက်ထားခြင်းဟူသည် သားချင်းတို့အား တွေဆုံခြင်း၊ ပေးကမ်းခြင်း၊ ၎င်းတို့အား ကောင်းကျိုးပြုခြင်း၊ လူမမာ သတင်းမေးခြင်း၊ ကောင်းရာညွှန်ကြားခြင်း၊ မကောင်းမှုမှတားမြစ်ခြင်း အစရှိသည်တို့ကို ဆောင်ရွက်ခြင်းဖြစ်သည်။
  4. ဆွေမျိုးအဆက်ဖြတ်ခြင်းသည် ဆွေမျိုးတော်စပ်မှု ပိုနီးလေ အပြစ်ပိုကြီးလေ ဖြစ်သည်။
ထပ်၍