عن حذيفة رضي الله عنه قال: سمعت النبي صلى الله عليه وسلم يقول:
«لَا يَدْخُلُ الْجَنَّةَ قَتَّاتٌ».

[صحيح] - [متفق عليه] - [صحيح البخاري: 6056]
المزيــد ...

ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
ကုန်းချောသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်မဟုတ်ပေ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 6056]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ လူတို့ကြား၌ ပြဿနာဖန်တီးရန် ရည်ရွယ်၍ ကုန်းချောစကားပြောသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်မရဘဲ ပြစ်ဒဏ်ပေးခြင်းခံရမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကုန်ချောခြင်းသည် ကြီးလေးသည့် အပြစ်အကုသိုလ်များအနက်မှတစ်ခုဖြစ်သည်။
  2. ကုန်းချာခြင်းသည် လူတစ်ဦးခြင်းစီနှင့် လူအဖွဲ့အစည်းအတွင်း၌ ဆိုးကျိုးများ၊ ပျက်စီးမှုများကို ဖြစ်ပေါ်စေသောကြောင့် တားမြစ်ထားခြင်းဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (67)
ထပ်၍