عن حذيفة رضي الله عنه عن النبي صلى الله عليه وسلم قال: «لا يدخل الجنة قَتَّات».
[صحيح] - [متفق عليه]
المزيــد ...

ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ ကုန်းချောသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကုန်းချောသူ (တစ်ဖက်နှင့်တစ်ဖက်အကြား ပြဿနာဖန်တီးရန် ရည်ရွယ်၍ စကားပြောဆိုသူ) အားပြင်းပြင်းထန်ထန် သတိပေးခြိမ်းခြောက်ထားသည်။ ၎င်းသည် ဂျန္နသ်သုခဘုံသို့အလျင် ဝင်ရောက်ရမည် မဟုတ်ဘဲ ၎င်းကျူးလွန်ခဲ့သည့်အပြစ်နှင့်အညီ ပြစ်ဒဏ်ခံပြီးမှသာ ဝင်ရောက်ရမည်ဖြစ်သည်။ (القتات) ဟူသည် (النمام)ကိုဆိုလိုပြီး စကားလုံးနှစ်ခုစလုံး၏ အဓိပ္ပါယ်မှာ ကုန်းချောသူပင်ဖြစ်သည်။ ထိုလုပ်ရပ်သည် ကြီးလေးသည့် အပြစ်အကုသိုလ်ဖြစ်ကြောင်း ဤဟဒီးဆ်တော်အရ သိရှိရသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) ဟင်ဒီ ဆင်ဟာလီ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ဂျာမန် ဂျပန် ပါရှ်တို
ဘာသာပြန်များကို ကြည့်ရှုရန်

من فوائد الحديث

  1. ကုန်းချောခြင်းသည် ကြီးလေးသည့်အပြစ်အကုသိုလ်ဖြစ်ရခြင်းမှာ ၎င်းတွင် မကောင်းသည့် အကျိုးသက်ရောက်မှုနှင့် ထိခိုက်ပျက်စီးစေသည့် ရလဒ်များ ရှိနေခြင်းကြောင့်ဖြစ်သည်။
  2. ဤရရှီအဟ် တရားလမ်းစဉ်သည် မွတ်စ်လင်မ်တို့အကြား အချင်းချင်း ချစ်ခင်ရင်းနှီးမှုရှိစေမည့် အရာများအပေါ်တွင်သာ အခြေခံထားသည်။
ထပ်၍