عن أنس بن مالك رضي الله عنه أن رسول الله صلى الله عليه وسلم قال:
«مَنْ أَحَبَّ أَنْ يُبْسَطَ لَهُ فِي رِزْقِهِ، وَيُنْسَأَ لَهُ فِي أَثَرِهِ، فَلْيَصِلْ رَحِمَهُ».

[صحيح] - [متفق عليه] - [صحيح البخاري: 5986]
المزيــد ...

အနတ်စ်ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သူမဆို ရိုဇီရိက္ခာ ကျယ်ဝန်းစွာ ချီးမြှင့်ခံရရန်နှင့် ၎င်း၏သက်တမ်း ရှည်လျားမှုရရန် နှစ်သက်လိုလားလျှင် ဆွေမျိုးဆက်ပါ။

[صحيح] - [متفق عليه] - [صحيح البخاري - 5986]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သားချင်းများထံ သွားရောက်တွေ့ဆုံခြင်း၊ ၎င်းတို့အား ရုပ်ပိုင်းဆိုင်ရာ၊ ငွေကြေးဆိုင်ရာ အပြင်အခြားနည်းလမ်းများဖြင့် ကူညီထောက်ပံ့ပေးကာ ဆွေမျိုးသားချင်းအဆက်ထားရန် တိုက်တွန်းနှိုးဆော်ထားသည်။ ဆွေမျိုးသားချင်း အဆက်ထားခြင်းသည် ရိုဇီရိက္ခာ ကျယ်ဝန်းရန်၊ သက်တမ်းရှည်လျားရန်အတွက် အကြောင်းခံတစ်ရပ်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွေမျိုးသားချင်းဟူသည် ဖခင်၊ မိခင်ဘက်မှ ဆွေမျိုးတော်စပ်သူများဖြစ်ကြပြီး ဆွေမျိုးနီးစပ်သည်နှင့်အမျှ အဆက်ထားရန်လည်း ပို၍လိုအပ်သည်။
  2. လုပ်ရပ်အမျိုးအစားနှင့်အညီ အစားရလဒ်ရရှိမည်ဖြစ်သည်။ မည်သူမဆို မိမိ၏ ဆွေမျိုးသားချင်းတို့အား ကောင်းမွန်စွာ ဆက်ဆံခြင်း၊ ကောင်းကျိုးပြုခြင်းတို့ဖြင့် အဆက်ထားလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်း၏သက်တမ်းကိုရှည်လျားစေပြီး၊ ရိုဇီရိက္ခာကျယ်ဝန်းစွာ ချီးမြှင့်တော်မူမည်ဖြစ်သည်။
  3. ဆွေမျိုးသားချင်း အဆက်ထားခြင်းသည် ရိုဇီရိက္ခာ ကျယ်ဝန်းရန်နှင့် သက်တမ်း ရှည်လျားရန်အတွက် အကြောင်းခံတစ်ရပ်ဖြစ်သည်။ သက်တမ်းနှင့် ရိုဇီရိက္ခာသည် သတ်မှတ်ထားပြီးဆိုလျှင် ဆွေမျိုးအဆက်ထားခြင်းကြောင့် ရိုဇီရိက္ခာနှင့် သက်တမ်းတွင် ဗရကသ် ရရှိမည်ဖြစ်သည်။ ထို့ကြောင့် သူ၏သက်တမ်းတွင် အခြားသူများထက် ပို၍အကျိုးရှိသောအရာများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အချို့ကလည်း ရိုဇီရိက္ခာ ကျယ်ဝန်းခြင်းနှင့် သက်တမ်းရှည်လျားရန်ခြင်းမှာ အမှန်တကယ်ပင်ဖြစ်သည်ဟုဆိုကြသည်။ အလ္လာဟ်အရှင်မြတ်သာ အသိဆုံးဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (68)
ထပ်၍