عن جابر بن عبد الله رضي الله عنهما قال: قال رسول الله صلى الله عليه وسلم : «كل معروف صدقة».
[صحيح] - [رواه البخاري]
المزيــد ...

ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကောင်းမှုဟူသမျှသည် ဆွဒကဟ် အလှူဒါနပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်း။

ရှင်းလင်းချက်

လူသားတို့ ပြုလုပ်သည့် ကောင်းမှုဟူသမျှသည် ဆွဒကဟ်အလှူဒါနပင်ဖြစ်သည်။ ဆွဒကဟ်ဟူသည် လှူဒါန်းသူက မိမိ၏ဥစ္စာပစ္စည်းမှ ပေးကမ်းလှူဒါန်းလိုက်သောအရာကို ခေါ်ဆိုသည်။ ၎င်းတွင် ဖရ်ဿွ်တာဝန်ဖြစ်သည့် အလှူဒါနနှင့်နဖ်လ် အလှူဒါန အားလုံးပါဝင်သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကောင်းမှုပြုလုပ်ခြင်းအား အကျိူးကုသိုလ်ရရှိရာ၌ ဆွဒကဟ်အလှူဒါန၏ အမိန့်အတိုင်းပင်ဖြစ်ကြောင်း ရှင်းလင်းတင်ပြထားသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန်
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဧကန်မုချ ဆွဒကဟ်အလှူဒါနသည် လူသားတို့လှူဒါန်းလိုက်သည့် ဥစ္စာပစ္စည်းကိုသာ ကန့်သတ်ခေါ်ဆိုခြင်းမဟုတ်။ လူသားတို့ပြုလုပ်လိုက်သောကောင်းမြတ်သည့် လုပ်ရပ်နှင့်အပြောအဆိုတိုင်းသည် ဆွဒကဟ်အလှူဒါနဟူ၍ပင် ရေးမှတ်ခြင်းခံရမည်ဖြစ်ကြောင်း ဟဒီးဆ်တော်ကညွှန်ပြထားသည်။
  2. ဟဒီးဆ်တော်၌ ကောင်းမှုကို အစွမ်းကုန်ကြိုးစားပြုလုပ်ရန်နှင့် အခြားသူများအတွက် အကျိုးရှိသောအရာတိုင်းကို ပြုလုပ်ရန် တိုက်တွန်းထားသည်။
ထပ်၍