عَنْ أَبِي هُرَيْرَةَ رضي الله عنه أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«لَا تَبْدَؤوا الْيَهُودَ وَلَا النَّصَارَى بِالسَّلَامِ، فَإِذَا لَقِيتُمْ أَحَدَهُمْ فِي طَرِيقٍ فَاضْطَرُّوهُ إِلَى أَضْيَقِهِ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2167]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့ ယဟူဒီများနှင့် ခရစ်ယာန်များကို ဦးစွာ စလာမ်စတင်ပေးခြင်း မပြုကြနှင့်။ အကယ်၍ အသင်တို့ လမ်းတွင် သူတို့အနက်မှ တစ်ဦးဦးနှင့် တွေ့သည့်အခါ၊ သူ့အားလမ်း၏ အကျဉ်းဆုံးသို့ရောက်သည်အထိ ကျပ်တည်းအောင်ပြုလုပ်ကြလော့။ (တစ်နည်း လမ်းကျဉ်းသောနေရာမှ ၎င်းအား သွားစေလော့။)

[صحيح] - [رواه مسلم] - [صحيح مسلم - 2167]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ယဟူဒီများနှင့် ခရစ်ယာန်များအား ဦးစွာ စလာမ်စတင်ပေးခြင်း မပြုရန် တားမြစ်ထားတော်မူသည်။ အကယ်၍ ၎င်းတို့သည် ဇင်မ္မီ ( အစ္စလာမ့်နိုင်ငံတော်အောက်တွင် အခွန်ပေးဆောင်၍ နေထိုင်ခြင်းကြောင့် ကာကွယ်ခံရသူ ) များဖြစ်နေသည့်တိုင် ဤတားမြစ်ချက်သည် သက်ရောက်မှုရှိပြီး၊ အခြားသော ကာဖိရ်များအပေါ်၌မူ ပို၍ပင် သက်ရောက်မှုရှိသည်။ ထို့ပြင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်တို့သည်လမ်းတွင် ၎င်းတို့အနက်မှ တစ်ဦးဦးနှင့် တွေ့ဆုံပါက ထိုသူ့အား လမ်းအကျဉ်းဆုံးနေရာသို့ ရောက်သည်အထိ ကျပ်တည်းအောင်ပြုလုပ်ကြရန် ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ မုအ်မင်န်သည် လမ်း၏ အလယ်ဗဟိုမှသာ လျှောက်ရမည်ပြီး၊ လမ်းဘေးသို့ကပ်၍ လျှောက်ရမည့်သူမှာ ကာဖိရ်သာလျှင် ဖြစ်သည်။ မည်သည့်အခြေအနေတွင်မဆို မွတ်စ်လင်မ်သည် သေးသိမ်သူ၊သိက္ခာမဲ့သူ အဖြစ်မရှိစေရပါ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မွတ်စ်လင်မ်တစ်ဦးအနေဖြင့် ယဟူဒီ၊ ခရစ်ယာန်နှင့် အခြားကာဖိရ်များကို ဦးစွာ စလာမ်စတင် ပေးခွင့်မရှိပေ။
  2. အကယ်၍ ၎င်းတို့က စတင် စလာမ်ပြုပါက "ဝအလိုင်ကွမ်" (သင့်အပေါ်လည်း ငြိမ်းချမ်းသာယာမှု ကျရောက်ပါစေ) ဟု ပြန်လည် တုံ့ပြန်ခွင့်ရှိသည်။
  3. မွတ်စ်လင်မ်တစ်ဦးအနေဖြင့် အကြောင်းမဲ့ လမ်းကျဉ်းသို့ တမင်တ
  4. ကာ ဖိအားပေးခြင်း စသည်ဖြင့် ကာဖိရ်တစ်ဦးအား တမင်သက်သက် အနှောင့်
  5. အယှက်ပေးခြင်း မပြုရ။ သို့ရာတွင် လမ်းသည် ကျဉ်းမြောင်းနေခြင်း သို့မဟုတ် လူကျပ်ပိတ်သိပ်နေပါက (ထိုသို့သော အခြေအနေမျိုးတွင်) မွတ်စ်လင်မ်သည် (လမ်းအလယ်မှ လျှောက်ရန်) ပို၍ အခွင့်ရေးရှိပြီး ကာဖိရ်သည် လမ်းဘေးသို့ကပ်၍ လျှောက်ရမည်။
  6. မတရားမှု သို့မဟုတ် ရိုင်းစိုင်းစော်ကားခြင်းမပါဘဲ မွတ်စ်လင်မ်တို့၏ ဂုဏ်သိက္ခာကို ထုတ်ဖော်ပြသခြင်းနှင့် အခြားသူများ၏ သေးသိမ်ဂုဏ်နိမ့်မှုကို ထုတ်ဖော်ပြသခြင်း။
  7. အလ္လာဟ်အရှင်မြတ်အား မယုံကြည်သော ကာဖိရ်များကို ၎င်းတို့၏ မယုံကြည်မှုကြောင့် ခက်ခဲကျပ်တည်းစေခြင်းသည် ၎င်းတို့အား အစ္စလာမ်သာသနာသို့ ဝင်ရောက်လာစေရန် အကြောင်းခံတစ်ခု ဖြစ်နိုင်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် ငရဲမီး၏ပြစ်ဒဏ်မှ လွတ်မြောက်နိုင်ကြသည်။ အဘယ်
  8. ကြောင့်ဆိုသော် ထိုသို့ ခက်ခဲကျပ်တည်းစေခြင်းသည် ၎င်းတို့အား အကြောင်းရင်းကို သိရှိစေပြီး (အစ္စလာမ်သာသနာကို) လက်ခံစေနိုင်သောကြောင့် ဖြစ်သည်။
  9. မွတ်စ်လင်မ်တစ်ဦးအနေဖြင့် ကာဖိရ်တစ်ဦးအား စတင်၍ "သင့် အခြေအနေ ဘယ်လိုရှိလဲ"၊ သင့် မနက်ခင်းက ဘယ်လိုလဲ"၊ "သင့် ညနေခင်းက ဘယ်လိုလဲ" စသည်ဖြင့် မေးမြန်းခြင်းသည် လိုအပ်ချက်ရှိပါက ခွင့်ပြုထားသည်။အဘယ်ကြောင့်ဆိုသော် တားမြစ်ချက်သည် စလာမ်စတင်ပေးခြင်းနှင့်သာ သက်ဆိုင်သောကြောင့်ဖြစ်သည်။
  10. အိမာမ် သွီဗီးက ဤသို့ဆိုသည် - ရွေးချယ်ထားသော ဆုံးဖြတ်ချက်မှာ - ဗိဒ်အသီတစ်ဦးအား စတင်၍ စလာမ်ပေးခြင်း မပြုရပါ။ အကယ်၍ သူသည် မသိသောသူတစ်ဦးအား စလာမ်ပေးပြီးနောက်မှ ထိုသူသည် ဇင်မ္မီ ( အစ္စလာမ့်နိုင်ငံတော်အောက်တွင် အခွန်ပေးဆောင်၍ နေထိုင်ခြင်းကြောင့် ကာကွယ်ခံရသည့် ကာဖိရ်) သို့မဟုတ် ဗိဒ်အသီ တစ်ဦးဖြစ်ကြောင်း သိရှိပါက၊ ထိုသူ့အား သေးသိမ်စေရန်အတွက် ကျွန်ုပ်၏စလာမ်ကို ပြန်ရယူပါသည် ဟု ပြောဆိုရမည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (49)
ထပ်၍