အမျိုးအစားခွဲများ

ဟဒီးဆ်တော်များစာရင်း

လူတစ်ဦးသည် မိမိ၏ညီနောင်အား ချစ်ခင်ပါက ၎င်းအားချစ်ခင်ကြောင်းအသိပေးပါ။
عربي အင်္ဂလိပ် အုရ်ဒူ
မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ် တစ်ဦးအပေါ်တွင် ဝတ္တရားငါးခုရှိသည်။ ၎င်းတို့မှာ(၁) စလာမ်၏အဖြေပေးခြင်း (၂) လူမမာ သတင်းမေးခြင်း (၃) ဂျနာဇဟ်လိုက်ပါ ပို့ဆောင်ခြင်း (၄) ဖိတ်ခေါ်ကျွေးမွေးမှုကို လက်ခံခြင်း (၅) နှာချေသူကို ဆုတောင်းပေးခြင်းတို့ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
အတင်းပြောခြင်းသည် အဘယ်အရာကို ခေါ်ဆိုကြောင်း အသင်တို့သိကြပါသလော။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင့်ညီနောင်နှင့်ပတ်သက်၍ ၎င်းမနှစ်မြို့သောအရာကို ပြောဆိုခြင်းပင်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
မွတ်စ်လင်မ်တစ်ဦးသည် မိမိညီနောင်အား သုံးရက်ထက်ပို၍ မခေါ်မပြောဘဲ နေပိုင်ခွင့်မရှိပေ။ ၎င်းတို့နှစ်ဦးဆုံတွေ့သည့်အခါ တစ်ဦးနှင့် တစ်ဦးကျောခိုင်းကြသည်။ ၎င်းတို့နှစ်ဦးအနက် အကောင်းဆုံးသူမှာ စလာမ် စပေးသူပင်ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
ဧကန်အမှန်ပင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရေမွှေးကို(လက်ဆောင်ပေးလျှင်) ငြင်းပယ်လေ့မရှိပေ။
عربي အင်္ဂလိပ် အုရ်ဒူ
ကျွန်တစ်ဦးသည် အစားအစာ စားပြီးနောက် ထိုအပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုလျှင် သို့မဟုတ် သောက်စရာကို သောက်သုံးပြီးနောက် ထိုအပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအားအမှန်တကယ်ပင် ကျေနပ်နှစ်သက်တော်မူသည်။
عربي အင်္ဂလိပ် အုရ်ဒူ
အို-ကလေးငယ်၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကိုတသ၍ ညာလက်ဖြင့်စားပါ၊ ၎င်းပြင် သင့်အနီးအနားက စားပါဟုမိန့်ကြားခဲ့သည်။
عربي အင်္ဂလိပ် အုရ်ဒူ
သင်တို့အနက် မည်သူမဆို စားသည့်အခါ ညာလက်ဖြင့်စားပါ၊ သောက်သည့်အခါ ညာလက်ဖြင့် သောက်ပါ။ အဘယ်ကြောင့်ဆိုသော် ဧကန်အမှန်ပင် ရှိုင်သွာန်မိစ္ဆာသည် ဘယ်လက်ဖြင့်စား၍ ဘယ်လက်ဖြင့်သောက်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
ထို(ခြေအိတ်)နှစ်ခုကို ထားလိုက်ပါ။ ဧကန်အမှန်ပင် ငါကိုယ်တော်သည် ၎င်းခြေအိတ်နှစ်ခုကို (ဝုဿွူပြု၍) သန့်စင်နေသည့် အခြေအနေမျိုးတွင် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူသည်။
عربي အင်္ဂလိပ် အုရ်ဒူ
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဝုဿွူပြုလုပ်သည့်အခါ မိမိနှာခေါင်းထဲသို့ ရေထည့်ပြီး ညှစ်ထုတ်ကာသန့်စင်မှုပြုပါ။ အပေါ့၊ အလေး သွားပြီး ကျောက်ခဲဖြင့် သန့်စင်မှုပြုသည့်အခါ မဂဏန်း အရေအတွက်ကို အသုံးပြုပါ။
عربي အင်္ဂလိပ် အုရ်ဒူ
ပုဂ္ဂိုလ်တစ်ဦးသည် တမန်‌တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံပါး၌ ဘယ်လက်ဖြင့် စားနေခဲ့သည်။ ထိုအခါ ကိုယ်‌တော်က အသင်ညာလက်ဖြင့် စားပါဟု ပြောကြားခဲ့သည်။ ထိုပုဂ္ဂိုလ်က ကျွန်ုပ်မတတ်နိုင်ပါဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က သင်မတတ်နိုင်ဘူးပေါ့ဟု မိန့်ကြားခဲ့သည်။
عربي အင်္ဂလိပ် အုရ်ဒူ
ကုရ်အာန်ကျမ်းမြတ်ကို အသံကျယ်စွာ ဖတ်ရွတ်သူသည် လူသိရှင်ကြား ဆွဒ်ကဟ်အလှူဒါနပြုသူကဲ့သို့ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်ကို တီးတိုးစွာ ဖတ်ရွတ်သူသည် တိတ်တဆိတ် ဆွဒ်ကဟ်အလှူဒါနပြုသူကဲ့သို့ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ညစဉ်ညတိုင်းအိပ်ရာဝင်သောအခါ မိမိ၏လက်ဖဝါးနှစ်ဖက်ကို ပူးကပ်စုရုံးတော်မူပြီး ယင်းလက်ဖဝါးနှစ်ဖက်တွင် စူရဟ်အိခ်လာဆ်ွ၊ စူရဟ်ဖလပ်က်၊ စူရဟ်နာစ်တို့ကို ဖတ်ရွတ်ကာ မန်းမှုတ်တော်မူသည်။
عربي အင်္ဂလိပ် အုရ်ဒူ