ဟဒီးဆ်တော်များစာရင်း

လူတစ်ဦးသည် မိမိ၏ညီနောင်အား ချစ်ခင်ပါက ၎င်းအားချစ်ခင်ကြောင်းအသိပေးပါ။
عربي الإنجليزية الأوردية
အတင်းပြောခြင်းသည် အဘယ်အရာကို ခေါ်ဆိုကြောင်း အသင်တို့သိကြပါသလော။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင့်ညီနောင်နှင့်ပတ်သက်၍ ၎င်းမနှစ်မြို့သောအရာကို ပြောဆိုခြင်းပင်ဖြစ်သည်။
عربي الإنجليزية الأوردية
ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)အား လျှောက်ထားမေးမြန်းခဲ့သည်မှာ - "အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အပြစ်ဒဏ်မှ လွတ်မြောက်ခြင်း (နဂျာသ်) ဆိုသည်မှာ အဘယ်နည်း။" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစ္စလ္လမ်)က မိန့်တော်မူသည် - "သင်၏ နှုတ်လျှာကို ထိန်းချုပ်လော့။ သင်၏ အိမ်သည် သင့်အတွက် ကျယ်ဝန်းစေလော့။ သင်၏ အပြစ်အတွက် ငိုကြွေးလော့။
عربي الإنجليزية الأوردية
ကိယာမသ် ရှင်ပြန်ထမည့်နေ့တွင် မုအ်မင်န် သက်ဝင်ယုံကြည်သူတစ်ဦး၏ မီဇာန်ချိန်ခွင်၌ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားထက် အလေးချိန်ပိုစီးသည့် အရာဟူ၍မရှိပါ။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သော ညစ်ညမ်းသောအရာကို မုန်းတီးတော်မူသည်။
عربي الإنجليزية الأوردية
မည်သူမဆို ကျိန်ဆိုသည့်အခါတွင် မိမိ၏ကျိန်ဆိုမှု၌လာသ်နှင့်အုဇ်ဇာ၏ကစမ်လို့ပြောခဲ့ပါက လာအိလာဟ အိလ်လ္လာဟ်ကို ရွတ်ဖတ်လိုက်ပါ။ ၎င်းနောက် မည်သူမဆို မိမိအဖော်ကို လာပါ၊ လောင်းတမ်းကစားရအောင်ဟု ပြောခဲ့လျှင် ဆွဒ်ကဟ် အလှူဒါနပြုလိုက်ပါလေ။
عربي الإنجليزية الأوردية
မွတ်စ်လင်မ်ဆိုသည်မှာ အခြားမွတ်စ်လင်မ်များအား မိမိ၏နှုတ်လျှာနှင့် လက်၏အန္တရာယ်မှကင်းစေသူဖြစ်သည်။ မုဟုဂျိရ်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ရှောင်ကြဉ်သူဖြစ်သည်။
عربي الإنجليزية الأوردية
မုအ်မင်န်သည် လူတို့အား အလွန်ပင်အပြစ်ရှာသူ၊ အလွန်ပင်ကျိန်ဆဲသူ၊ ညစ်ညမ်းသောစကား၊ အရှက်တရားကင်းမဲ့သည့် လုပ်ရပ်တို့ကို ကျူးလွန်သူ မဟုတ်ပေ။
عربي الإنجليزية الأوردية
ကျိန်ဆိုခြင်းသည် အရောင်းအဝယ်ပစ္စည်းကို ရောင်းတန်းဝင်စေသော် လည်း အမြတ်အ စွန်း၏ ဗရ်ကသ်ကို ဆုတ်ယုတ်စေ သည်။
عربي الإنجليزية الأوردية
“မည်သူမဆို မိမိ၏မွတ်စ်လင်မ်ညီနောင်အား ‘အို-ကာဖိရ် (မယုံကြည်သူ)’ဟု ပြောဆိုပါက ထိုစကားသည် ထိုသူနှစ်ဦးအနက် တစ်ဦးဦးထံသို့ ပြန်ရောက်သွားမည်။ အကယ်၍ ထို(ပြောခံရ)သူသည် သူပြောသည့်အတိုင်း မှန်ကန်ပါက (ထိုစကားသည် သူ့အပေါ် သက်ရောက်မည်)။ သို့မဟုတ်ပါက ထိုစကားသည် ပြောဆိုသူထံသို့ပင် ပြန်ရောက်သွားလိမ့်မည်။”
عربي الإنجليزية الإندونيسية
အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်− “လူသားသည် ငါအရှင်မြတ်အား ဒုက္ခပေးသည်။ သူသည် ခေတ်ကာလကို ဆဲဆိုမကောင်းပြော၏။ စင်စစ် ငါအရှင်မြတ်သည်ကား ခေတ်ကာလပင် ဖြစ်တော်မူ၏။ အရေးကိစ္စဟူသ‌ရွေ့သည် ငါအရှင်မြတ်၏လက်တော်၌ ရှိ၏။ နေ့နှင့်ညကိုလည်း ငါအရှင်မြတ်ကပင် လှည့် ပတ်‌စေတော်မူ၏။”
عربي الإنجليزية الإندونيسية