عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«قَالَ اللَّهُ عَزَّ وَجَلَّ: يُؤْذِينِي ابْنُ آدَمَ يَسُبُّ الدَّهْرَ وَأَنَا الدَّهْرُ، بِيَدِي الأَمْرُ أُقَلِّبُ اللَّيْلَ وَالنَّهَارَ».
[صحيح] - [متفق عليه] - [صحيح البخاري: 4826]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်− “လူသားသည် ငါအရှင်မြတ်အား ဒုက္ခပေးသည်။ သူသည် ခေတ်ကာလကို ဆဲဆိုမကောင်းပြော၏။ စင်စစ် ငါအရှင်မြတ်သည်ကား ခေတ်ကာလပင် ဖြစ်တော်မူ၏။ အရေးကိစ္စဟူသရွေ့သည် ငါအရှင်မြတ်၏လက်တော်၌ ရှိ၏။ နေ့နှင့်ညကိုလည်း ငါအရှင်မြတ်ကပင် လှည့်
ပတ်စေတော်မူ၏။”
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 4826]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူသည်မှာ - အလ္လာဟ်အရှင်မြတ်သည် ဟဒီးစ်ကွဒ်စီတွင် မိန့်ကြားတော်မူသည်− “"လူသားသည် ဘေးအန္တရာယ်များနှင့် မနှစ်မြို့ဖွယ်ရာများ ကျရောက်ချိန်တွင် အချိန်ကာလကို မကောင်းပြောဆိုကာ ကဲ့ရဲ့ရှုံ့ချခြင်းဖြင့် ငါအရှင်မြတ်အား ဒုက္ခပေးပြီး ငါအရှင်၏ဂုဏ်တော်ကို နှိမ့်ချသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရှင်မြတ်တစ်ပါးတည်းကသာ အရာခပ်သိမ်းကို စီမံခန့်ခွဲတော်မူသောအရှင်၊ ဖြစ်ပေါ်လာသော အဖြစ်အပျက်များကို စီရင်ဖန်တီးတော်မူသောအရှင် ဖြစ်တော်မူ၏။ ထို့ကြောင့် အချိန်ကာလကို မကောင်းပြောဆိုခြင်းသည် အလ္လာဟ်အရှင်မြတ်ကို မကောင်းပြောဆိုခြင်းပင်ဖြစ်၏။ အချိန်ကာလသည် ထိန်းချုပ်ခြင်းခံထားရသောဖန်ဆင်းခံတစ်ခုမျှသာဖြစ်၍ ထိုအချိန်ကာလအတွင်း၌ ဖြစ်ပေါ်လာသော အဖြစ်အပျက်များသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။