عن أبي هريرة رضي الله عنه عن النبي صلى الله عليه وسلم قال: «أتدرون ما الغِيبَةُ؟»، قالوا: الله ورسوله أعلم، قال: «ذكرُك أخاك بما يكره»، قيل: أرأيت إن كان في أخي ما أقول؟ قال: «إن كان فيه ما تقول فقد اغْتَبْتَهُ، وإن لم يكن فقد بَهَتَّهُ».
[صحيح] - [رواه مسلم]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အတင်းပြောခြင်းသည် အဘယ်အရာကို ခေါ်ဆိုကြောင်း အသင်တို့သိကြပါသလော။ သာဝကကြီးများက အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင့်ညီနောင်နှင့်ပတ်သက်၍ ၎င်းမနှစ်မြို့သောအရာကို ပြောဆိုခြင်းပင်ဖြစ်သည်။အကယ်၍ ကျွန်တော်ပြောလိုက်သည့်အရာသည် ကျွန်တော့်ညီနောင်၌ အမှန်တကယ်ရှိနေပါက မည်သို့ပါနည်းဟု ကိုယ်တော့်အား မေးမြန်းသည့်အခါ ကိုယ်တော်က အကယ်၍ သင်ပြောလိုက်သည့်အရာသည် ၎င်းထံတွင် အမှန်တကယ်ရှိမှသာ သင်အတင်းပြောဆိုခြင်းဖြစ်ပြီး အမှန်တကယ်မရှိပါက သင်သည် သူ့အား စွပ်စွဲလိုက်ခြင်းပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အတင်းပြောခြင်း၏ အဓိပ္ပာယ်ကိုရှင်းပြထားသည်မှာ အတင်းပြောခြင်းဟူသည် အကွယ်တွင်ရှိသော မွတ်စ်လင်မ်နှင့် ပတ်သက်၍ ၎င်းမနှစ်မြို့သောအရာကိုပြောဆိုခြင်းဖြစ်ပြီး ထိုအကြောင်းအရာသည် ၎င်း၏ ရုပ်ဆင်းသဏ္ဍာန် နှင့်သက်ဆိုင်သည်ဖြစ်စေ သို့မဟုတ် ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သည်ဖြစ်စေ အတူတူပင်ဖြစ်ပြီး ၎င်းတွင် အမှန်တကယ်ရှိနေသည့်အရာကို ဆိုလိုပေသည်။အကယ်၍ ပြောလိုက်သည့် အကြောင်းအရာသည် ၎င်း၌အမှန်တကယ်မရှိပါက ဟရာမ်ဖြစ်သည့် အတင်းပြောခြင်းနှင့်အတူ လူတစ်ဦးတွင်မရှိသည့်အရာကို စွပ်စွဲပြောဆိုလိုက်သည့် အပြစ်ကိုပါ ရရှိသွားမည်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အတင်းပြောခြင်း၏ အဓိပ္ပာယ်ကို ရှင်းပြထားသည်။ ၎င်းမှာ သင့်ညီနောင်မွတ်စ်လင်မ် တစ်ဦးနှင့် ပတ်သက်၍ ၎င်းမနှစ်မြို့သောအရာကို ပြောဆိုခြင်းဖြစ်သည်။
  2. မုချဧကန် ကာဖိရ်ငြင်းပယ်သူတို့နှင့် ပတ်သက်၍ နောက်ကွယ် အတင်းပြောခြင်းသည် ဟရာမ်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤဟဒီးဆ်တော်သည် အတင်းပြောခြင်းကို (အလ်အခ်) ညီနောင်နှင့်ပတ်သက်၍ အတင်းပြောဆိုခြင်းဟု ကန့်သတ်ထားသည်။ ၎င်း၏ အလိုသဘောမှာ မွတ်စ်လင်မ်ကို ဆိုလိုခြင်းဖြစ်သည်။
  3. အကယ်၍ အတင်းပြောဆိုခြင်းသည် လူတစ်ဦးတွင်မရှိသော အကြောင်းအရာကို ပြောဆိုခြင်းဖြစ်ပါက ဤသည် စွပ်စွဲခြင်းပင် ဖြစ်သည်။
  4. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကောင်းမွန်လှသော သင်ကြားမှုပုံစံ တစ်ရပ်မှာ မတ်စ်အလဟ် ပြဿနာများကို မေးခွန်းမေးသည့် နည်းလမ်းဖြင့် ပို့ချခြင်းဖြစ်သည်။
  5. “အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်။” ဟု ဖြေကြားခဲ့ခြင်းသည် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့် ပတ်သက်၍ သာဝကကြီးများ၏ ယဥ်ကျေးစွာပြောဆိုဆက်ဆံမှုဖြစ်သည်။
ထပ်၍