عن عبد الله بن مسعود رضي الله عنه قال: سمعت رسول الله صلى الله عليه وسلم يقول: "إن الرقى والتمائم والتِّوَلَة شرك".
[صحيح] - [رواه أبو داود وابن ماجه وأحمد]
المزيــد ...

အိဗ်နုမတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကိုကြားခဲ့သည်။ ဧကန်အမှန်ပင် ဂါထာမန္တန်မန်းမှုတ်ခြင်း၊အင်းအိုင်အဆောင်လက်ဖွဲ့ချိတ်ဆွဲခြင်း၊ တစ်ဦးကတစ်ဦးကို ချစ်ခင်လာစေရန်အတွက် ဂျာဒူဖြင့်ပြုလုပ်ခြင်းစသည့်ကိစ္စရပ် အားလုံးသည် ရှိရ်က် ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - အိဗ်နုမာဂျဟ်ကျမ်း။

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်အပြင် အခြားသူတို့ထံမှ ကောင်းကျိုးများရရရှိနိုင်ရန်နှင့်ဒုက္ခများကင်းဝေးရန်အတွက် ရည်ရွယ်၍ ထိုအရာများကို အသုံးပြုခြင်းသည် ရှိရ်က်ဖြစ်ကြောင်းတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အသိပေးတင်ပြထားသည်။အဘယ်ကြောင့်ဆိုသော် ဘေးဒုက္ခများ ဖယ်ရှားပေးခြင်းနှင့် ကောင်းကျိုးများ ဆောင်ကြဉ်းပေးခြင်းတို့အား ချို့ယွင်းမှုအပေါင်းမှကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူသည်။ ဟဒီးဆ်တော်၏ အလိုသဘောမှာ ထိုလုပ်ရပ်များမှတားမြစ်ထားခြင်းဖြစ်သည်။ (အရ်ရုကာ) မန်းမှုတ်ခြင်းအား "c2">“အဇာအင်မ်” ဟုလည်းခေါ်သည်။ "c2">“သမာအင်မ်” ဟူသည်ကလေးများတွင်ချိတ်ဆွဲသော ပုတီးစေ့ သို့မဟုတ် ၎င်းနှင့်အလားတူအရာကို ခေါ်ဆိုသည်။ "c2">“သိဝလဟ်” ဟူသည် ဇနီးမောင်နှံကြား ချစ်ခင်မှုရရန် ဂျာဒူဖြင့်ပီယဆေးပြုကျင့်သောကိစ္စကို ခေါ်ပေသည်။၎င်းသည် ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က်ပြုခြင်းပင်ဖြစ်သည်။မန်းမှုတ်ခြင်းသည် အောက်ပါအချက် သုံးချက်ပါရှိပါက ပြုပိုင်သည်။ ၎င်းတို့မှာ - (၁)မန်းမှုတ်ခြင်းသည် အလ္လာဟ်အရှင်မြတ်(၏အလိုတော်)မရှိဘဲ ပင်ကိုယ်အကျိုးပြုနိုင်သည်ဟု ယုံကြည်ချက်မထားရ။ အကယ်၍ မန်းမှုတ်ခြင်းသည် အလ္လာဟ်အရှင်မြတ်(၏အလိုတော်)မရှိဘဲ ၎င်းပင်ကိုကပင် အကျိုးပြုနိုင်သည်ဟု ယုံကြည်လျှင် ထိုသို့မန်းမှုတ်ခြင်းသည် မပိုင်သည့်အပြင် ရှိရ်က် ဖြစ်စေသည်။ ထို့ကြောင့် မန်းမှုတ်ခြင်းသည် အကြောင်းခံသာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်အလိုတော်ဖြင့်သာ အကျိုးပေးနိုင်သည်ဟု ယုံကြည်ရမည်။ (၂) ရှရီအဟ်တရားတော်နှင့် ဆန့်ကျင်သောအရာများ မဖြစ်စေရ။ ဥပမာ - အလ္လာဟ်အရှင်မြတ်မှအပ အခြားသူများထံမှ ဒုအာတောင်းခံမှုပါဝင်နေခြင်း သို့မဟုတ် ဒုက္ခအခက်အခဲများမှ ကယ်တင်ရန် ဂျင်န်များထံ တောင်းခံခြင်း စသည့် အလားတူကိစ္စမျိုးဖြစ်သည်။ ၎င်းကိစ္စရပ်များသည် မပိုင်သည့်အပြင် ရှိရ်က် ဖြစ်စေသည်။ (၃) အဓိပ္ပာယ် သိနားလည်နိုင်သော စာသားများဖြစ်ရမည်။ အကယ်၍ အင်းကွက်ဆွဲခြင်း၊ မှော်အတတ်ပညာစာသားများ ပါရှိပါက မပြုပိုင်ပေ။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လူအမြောက်များက ပြုလုပ်နေသည် ဖြစ်စေ အကီဒဟ် ယုံကြည်မှုကို ပျက်စီးစေမည့် အရာများမှ ထိန်းသိမ်းရန် တိုက်တွန်းထားသည်။
  2. အထက်တွင် ဖော်ပြခဲ့သည့် အရာများကို သုံးစွဲခြင်းသည် ဟရာမ်ဖြစ်သည်။
  3. ဟဒီးဆ်တော်၌ ရှိရ်က် ဖြစ်သည်ဟု ဆိုထားခြင်းသည် ရှိရ်က် အသေးစားကို ဆိုလိုပါသလား သို့မဟုတ် ရှိရ်က် အကြီးစားကို ဆိုလိုပါသလား။ ကျွန်ုပ်တို့ပြောမည်မှာ ဤသည် ယင်းကိစ္စကို ပြုလုပ်သူ၏ ရည်ရွယ်ချက်ပေါ်တွင် မူတည်သည်။ အကယ်၍ ၎င်းက ထိုကိစ္စတို့ကို ပြုလုပ်ရာ၌ ချစ်ခင်မှုကို ဖြစ်စေသည့် အကြောင်းခံသည် အလ္လာဟ်အရှင်မြတ်သာဖြစ်သည်ဟု ယုံကြည်ထားလျှင် ထိုလုပ်ရပ်သည် ရှိရ်က် အသေးစားဖြစ်သည်။ အကယ်၍ ၎င်းက ထိုအရာများသည် ၎င်းတို့ ပင်ကိုကပင် လုပ်ပေးနိုင်စွမ်းရှိသည်ဟု ယုံကြည်ထားလျှင် ထိုလုပ်ရပ်သည် ရှိရ်က် အကြီးစားပင်ဖြစ်သည်။
  4. ရှရီအဟ် တရားတော်က ခွင့်ပြုထားသည့် နည်းလမ်းမှအပ အခြားနည်းလမ်းများဖြင့် မန်းမှုတ်ခြင်းသည် ရှိရ်က်ဖြစ်သောကြောင့် တားမြစ်ထားသည်။
ထပ်၍