عَن أَبِي سَعِيدٍ الْخُدْرِيِّ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِذَا تَثَاءَبَ أَحَدُكُمْ فَلْيُمْسِكْ بِيَدِهِ عَلَى فِيهِ، فَإِنَّ الشَّيْطَانَ يَدْخُلُ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2995]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် သမ်း‌ဝေသောအခါ ပါးစပ်ပေါ်လက်အုပ်ထားပါ။(ထိုသို့မပြုပါက)ရှိုက်သွာန် ဝင်သွားပေလိမ့်မည်။

[صحيح] - [رواه مسلم] - [صحيح مسلم - 2995]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ပျင်းရိခြင်း သို့မဟုတ် ဝမ်းဗိုက်ပြည့်ခြင်းစသည့် အကြောင်းကြောင့် ပါးစပ်ဟ၍ သမ်းဝေသူအား မိမိ၏လက်ကို ပါးစပ်ပေါ်တင်၍ ပိတ်ထားရန် လမ်းညွှန်တော်မူခဲ့သည်။ အကြောင်းမှာ ပါးစပ်ဟထားလျှင် ရှိုင်သွာန်သည် အတွင်းသို့ ဝင်ရောက်တတ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် လက်ဖြင့် ပါးစပ်ကို ဖုံးအုပ်ခြင်းသည် ရှိုင်သွာန်ဝင်ရောက်ခြင်းကို တားဆီးရာရောက်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လူတစ်ဦးသည် သမ်းဝေချင်လာသောအခါ တတ်နိုင်သမျှ ပါးစပ်ကိုမဟဘဲ ပိတ်ထားရမည်။ ပါးစပ်လုံးဝမဟမိအောင် တတ်နိုင်သမျှ ထိန်းထားရမည်။ အကယ်၍ ပါးစပ်ကိုပိတ်ထားရန် မတတ်နိုင်ပါက လက်ကို ပါးစပ်ပေါ်တင်၍ ဖုံးအုပ်ထားရမည်။
  2. အစ္စလာမ်သာသနာတော်၏ ကျင့်ဝတ်များကို အခြေအနေတိုင်းတွင် လိုက်နာကျင့်သုံးရမည်။ အကြောင်းမှာ ၎င်းသည် စံပြအရည်အသွေးနှင့် ကိုယ်ကျင့်တရား၏ အမှတ်အသားဖြစ်သောကြောင့်တည်း။
  3. လူသားသည် ရှိုင်သွာန် ဝင်ရောက်ရာလမ်းကြောင်းအားလုံးမှ သတိထားရှောင်ရှားရမည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (44)
ထပ်၍