عن أبي هريرة رضي الله عنه : أن رسول الله صلى الله عليه وسلم قال:«حقُّ المُسلمِ على المُسلمِ خمسٌّ: ردُّ السلام، وعِيَادَةُ المريض، واتباع الجنائز، وإجابة الدَّعوة، وتَشميتُ العاطِس».
[صحيح] - [متفق عليه]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်။ မွတ်စလင်မ်တစ်ဦးသည် အခြားမွတ်စလင်မ် တစ်ဦးအပေါ်တွင် ဝတ္တရားငါးခုရှိသည်။ ၎င်းတို့မှာ စလာမ်၏အဖြေပေးခြင်း၊ လူမမာ သတင်းမေးခြင်း၊ ဂျနာဇဟ်လိုက်ပါ ပို့ဆောင်ခြင်း၊ ဖိတ်ခေါ်ကျွေးမွေးမှုကို လက်ခံခြင်း၊ နှာချေသူကို ဆုတောင်းပေးခြင်း တို့ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

မွတ်စ်လင်မ်တစ်ဦးအပေါ်တွင် မိမိ၏ ညီနောင်မွတ်စ်လင်မ်တစ်ဦးနှင့်ပတ်သက်သည့် ဝတ္တရားအချို့ကို ဤဟဒီးဆ်တော်၌ တင်ပြထားသည်။ မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ ညီနောင်မွတ်စ်လင်မ်တစ်ဦးအပေါ် တွင် ဝတ္တရားများစွာရှိသည်။ သို့သော် တစ်ခါတစ်ရံ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကိစ္စရပ်များအနက်မှ အချို့ကိုသီးသန့် ဖော်ပြခြင်းသည် ယင်းကိစ္စရပ်များကို အလေးထားရန်နှင့် ဂရုစိုက်စေရန် အတွက်ဖြစ်သည်။ ထိုအရာများအနက်မှအချို့ကို အလ္လာဟ်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က တင်ပြခဲ့သည်။ "c2">“မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ် တစ်ဦးအပေါ်တွင် ဝတ္တရားငါးခုရှိသည်။ ၎င်းတို့မှာ စလာမ်၏အဖြေပေးခြင်း၊”(ဆိုလိုသည်မှာ) အကယ်၍ သင့်ကို တစ်ဦးတစ်ယောက်က စလာမ်ပေးလိုက်လျှင် ၎င်းအား အဖြေပြန်ပေးရမည်။ အခြားဟဒီးဆ်တော်တစ်ရပ်၌ လာရှိသည်မှာ (မွတ်စလင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ် တစ်ဦးအပေါ်တွင် ဝတ္တရားခြောက်ခုရှိသည်။ ၎င်းတို့မှာ အကယ်၍ သင်သည် မွတ်စလင်မ်တစ်ဦးတစ်ယောက်နှင့် တွေ့ဆုံသည့်အခါ စလာမ်ဆိုပါ။) အကြင်သူသည် ဤဝတ္တရားများကို မွတ်စလင်မ်တို့၏ ဝတ္တရားရှိသည့် ပုံစံအတိုင်း ဆောင်ရွက်ပါက အခြားဝတ္တရားများကိုလည်း ပိုမို၍ပင် ဆောင်ရွက်မည်ဖြစ်သည်။ ထို့ပြင်သူသည် ထိုတာဝန်များနှင့် မြောက်များစွာသော ကောင်းကျိုးများရှိသော ဝတ္တရားများကို တာဝန်ကျေပွန်ပြီး ၎င်းဆောင်ရွက်ချက်များအပေါ် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ကုသိုလ်ရမည်ဟု မျှော်ကိုးခဲ့သော် ကြီးကျယ်သော အကျိုးကုသိုလ်လည်း ရရှိမည်ဖြစ်သည်။ ဤဝတ္တရားများအနက် ပထမဦးဆုံးဝတ္တရားမှာ "c2">“အကယ်၍ သင်သည် မွတ်စလင်မ်တစ်ဦးတစ်ယောက်နှင့် တွေ့ဆုံသည့်အခါ စလာမ်ဆိုပါ။”ဟူ၍ဖြစ်ပြီး အခြားဟဒီးဆ်တော်တစ်ရပ်တွင် "c2">“စလာမ်၏အဖြေပေးခြင်း” ဟုလာရှိသည်။ ဒုတိယဝတ္တရားမှာ "c2">“လူမမာ သတင်းမေးခြင်း”ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ရောက်သည် မိမိ၏နေအိမ်တွင်ဖြစ်စေ သို့မဟုတ် ဆေးရုံတွင်ဖြစ်စေ သို့မဟုတ် အခြားနေရာတွင်ဖြစ်စေ လူတို့နှင့် အဆက်အသွယ်ပြတ်ကာ နာမကျန်းဖြစ်နေလျှင် လူမမာအား သတင်းမေးရမည်။ ၎င်းလူမမာအား သွားရောက်တွေ့ဆုံရန် မွတ်စလင်မ်ညီနောင်များအပေါ်တွင် ဝတ္တရားရှိသည်။ တတိယဝတ္တရားမှာ "c2">“ဂျနာဇဟ်လိုက်ပါ ပို့ဆောင်ခြင်း”ဖြစ်သည်။ သို့ရှိရာ မွတ်စလင်မ်တစ်ဦးသည် မိမိညီနောင် မွတ်စလင်မ်တစ်ဦးပေါ်တွင် ရှိသည့် ဝတ္တရားများအနက် ၎င်း၏ ဂျနာဇဟ်အား သူ၏အိမ်မှ (မုဆွလ္လာ) ဆွလာသ်ဝတ်ပြုသည့်နေရာ (ဗလီ သို့မဟုတ် အခြားနေရာတစ်ခုခု)သို့ဖြစ်စေ၊ ကဗရ် သင်္ချိုင်းသို့ဖြစ်စေ လိုက်ပါပို့ဆောင်ခြင်းဖြစ်သည်။ စတုတ္ထဝတ္တရားမှာ "c2">“ဖိတ်ခေါ်ကျွေးမွေးမှုကို လက်ခံခြင်း”ဖြစ်သည်။ မွတ်စလင်မ်တစ်ဦးသည် မိမိညီနောင် မွတ်စလင်မ်တစ်ဦးပေါ်တွင် ရှိသည့် ဝတ္တရားများအနက် ၎င်းက ဖိတ်ခေါ် ကျွေးမွေးသည့်အခါ လက်ခံခြင်းလည်းပါဝင်သည်။ ပဉ္စမဝတ္တရားမှာ "c2">“နှာချေသူကို ဆုတောင်းပေးခြင်း”ဖြစ်သည်။ နှာချေခြင်းသည် အလ္လာဟ်အရှင်မြတ် ချီးမြှင့်သော နိအ်မသ်ကျေးဇူးတော် တစ်ရပ်ဖြစ်ပြီး လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများအတွင်း စုရုံးနေသော လေများကို ထွက်သွားစေသည်။ အလ္လာဟ်အရှင်အမြတ်သည် ယင်းလေများကို နှာခေါင်းမှ ထွက်ပေါက်အဖြစ် အလွယ်တကူ ထွက်စေခဲ့ရာ နှာချေသူမှာ သက်သောင့်သက်သာ ဖြစ်သွားသည်။ ထို့ကြောင့် နှာချေသူသည် ဤနိအ်မသ် ကျေးဇူးတော်အပေါ် အလ္လာဟ်အရှင်မြတ်အား (အလ်ဟမ်ဒုလိလ္လာဟ်)ဟု ချီးမွမ်းထောပနာပြုရန် ပြဌာန်းထားသည်။ ထို့နောက် ၎င်း၏ ညီနောင်မွတ်စ်လင်မ်ကလည်း ထိုနှာချေသူအား (ယရ်ဟမုကလ္လာဟ်) အသင့်ကို အလ္လာဟ်အရှင်မြတ် ကရုဏာ သက်တော်မူပါစေဟု ပြောဆိုရန် ပြဌာန်းထားသည်။ ၎င်းနှာချေသူကလည်း (ယဟ်ဒီကုမွလ္လာဟု ဝယွတ်စ်လိဟ် ဗားလကွမ်) အသင်တို့ကို အလ္လာဟ်အရှင်မြတ် လမ်းမှန်ပြပေးတော်မူပါစေ၊ အသင်တို့၏ အရေးကိစ္စကို ကောင်းမွန်အောင် ပြုလုပ်ပေးတော်မူပါစေ ဟုပြန်လည်ဖြေကြားရန် အမိန့်ပေးထားသည်။ နှာချေသူသည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာမပြုလျှင် ဆုတောင်းပေးရန်လည်း မထိုက်တန်ပေ။ မိမိကိုယ်မိမိသာ အပြစ်တင်သင့်သည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ဝီဂါ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية الدرية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မွတ်စလင်မ်အချင်းချင်း ထားရှိရမည့်ဝတ္တရားများကို တင်ပြထားသည်။ ၎င်းဝတ္တရားများအနက်အချို့မှာ ဝါဂျိဗ် (မလုပ်မနေရ) ဖြစ်ပြီး၊ အချို့မှာ မန်ဒူဗ် (ပြုလုပ်လျှင်ကုသိုလ်ရရှိပြီး မပြုလုပ်လျှင်အပြစ်မရှိသော) ဝတ္တရားဖြစ်သည်။ ယင်းသို့ ဖြစ်ရခြင်းသည် အခြေအနေများနှင့် လူပုဂ္ဂိုလ်များ ကွဲပြားခြားနားခြင်းကြောင့် ဖြစ်သည်။
  2. စလာမ်ပေးခံရသူသည် တစ်ဦးတည်းသာဖြစ်လျှင် စလာမ်၏ အဖြေကိုပေးရန် ၎င်းအပေါ်တွင် ဖရ်ဿွ်အိုင်န် (တစ်ဦးခြင်းမလုပ်မနေရ) တာဝန်ဖြစ်သည်။ တစ်ဦးထက်အများဆိုပါက ဖရ်ဿွ်ကိဖါယဟ် (တစ်ဦးတစ်ယောက်က အဖြေပေးလိုက်လျှင်)အားလုံးအတွက် တာဝန်ကျေပွန်သွားမည်ဖြစ်သည်။
  3. လူမမာအား သတင်းမေးမြန်းခြင်းသည် ဖရ်ဿွ်ကိဖါယဟ် ဖြစ်သည်။
  4. ဂျနာဇဟ်လိုက်ပါ ပို့ဆောင်ခြင်းသည် ဖရ်ဿွ်ကိဖါယဟ် ဖြစ်သည်။ ဂျနာဇဟ်အား ၎င်းရှိသည့်နေရာမှ ဖြစ်စေ သို့မဟုတ် ဆွလာသ်ဝတ်ပြုသည့်နေရာမှ ဖြစ်စေ သင်္ဂြိုဟ်မည့်နေရာသို့ လိုက်ပါပို့ဆောင်ခြင်း ဖြစ်သည်။
  5. ဖိကဟ် (အစ္စလာမ်ဥပဒေကျမ်း) စာအုပ်များတွင် ဖော်ပြထားသည့် စည်းကမ်းချက်များနှင့်အညီ ဝလီမာ မင်္ဂလာဧည့်ခံပွဲသို့ ဖိတ်ကြားခြင်းကို လက်ခံခြင်းသည် ဝါဂျိဗ်တာဝန်ဖြစ်ပြီး၊ အခြားသော ကျွေးမွေးပွဲများအား လက်ခံခြင်းသည် စွန္နဟ်မုအက္ကဒဟ် ဖြစ်သည်။
  6. နှာချေသူသည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုပြီးနောက် ၎င်းအား ကြားသူက ဆုတောင်းပေးခြင်းနှင့် စပ်လျဥ်း၍ အချို့သောပညာရှင်များကပြောကြသည်မှာ ကြားသူသည် တစ်ဦးတည်းသာဖြစ်ပြီး အခြားမည်သူမျှမရှိလျှင် ၎င်းအပေါ်တွင် အဖြေပေးရန် ဝါဂျစ်ဗ်တာဝန်ထိုက်သည်။ ကြားသူမှာ လူအများစုဖြစ်နေလျှင် ၎င်းတို့အနက်မှ တစ်ဦးတစ်ယောက်က ဆုတောင်းပေးရန် ဝါဂျစ်ဗ်တာဝန်ဖြစ်သည်။ အခြားပညာရှင်များက နှာချေသူအား ဆုတောင်းပေးခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်ဟုပြောကြသည်။
  7. မွတ်စ်လင်မ်များအကြား ချစ်ခင်မှုရှိခြင်း၊ ညီနောင်စိတ်ဓါတ် နှောင်ကြိုးကို ခိုင်မာစေခြင်းတို့နှင့် စပ်လျဥ်း၍ အစ္စလာမ်၏ အလေးမြတ်ထားမှုကို တင်ပြထားသည်။
  8. ရှေ့ဆောင်အိမာမ်က ခွသ်ဗဟ် တရားဟောကြားနေချိန်၌ နှာချေသူအား ဆုတောင်းပေးခြင်းနှင့် စလာမ်၏ အဖြေပေးခြင်းတို့သည် မပြုပိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းနှစ်ခုစလုံးသည် စကားပြောဆိုခြင်းပင်ဖြစ်ပြီး ခွသ်ဗဟ် တရားဟောကြားနေချိန်၌ စကားပြောခြင်းကို တားမြစ်ထားသည်။
အမျိုးအစားများ
ထပ်၍