عَنْ عَائِشَةَ أُمِّ المؤْمنينَ رَضيَ اللهُ عنها قَالَت:
قُلْتُ لِلنَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: حَسْبُكَ مِنْ صَفِيَّةَ كَذَا وَكَذَا، -قَالَ أَحدُ الرُّوَاةِ: تَعْنِي قَصِيرَةً- فَقَالَ: «لَقَدْ قُلْتِ كَلِمَةً لَوْ مُزِجَتْ بِمَاءِ الْبَحْرِ لَمَزَجَتْهُ» قَالَتْ: وَحَكَيْتُ لَهُ إِنْسَانًا، فَقَالَ: «مَا أُحِبُّ أَنِّي حَكَيْتُ إِنْسَانًا وَأَنَّ لِي كَذَا وَكَذَا».
[صحيح] - [رواه أبو داود والترمذي وأحمد] - [سنن أبي داود: 4875]
المزيــد ...
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။
“ကျွန်မသည် တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) အား လျှောက်ထားပြောဆိုခဲ့သည်- ‘စွဖီယဟ်က ကိုယ်တော့်အတွက် ဤသို့ ဤသို့ဖြစ်ခြင်းပင် လုံလောက်ပါသည်’ (ရာဝီဆင့်ပြန်သူတစ်ဦးက သူမ(အာအိရှဟ်သခင်)သည် စွဖိယဟ်သခင်မအားအရပ်ပုသောမိန်းမဟု ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်) ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်- ‘အသင်မသည် ထိုသို့သောစကားကို ပြောဆိုလိုက်ပြီ၊ အကယ်၍ ထိုစကားကို သမုဒ္ဒရာ၏ ရေထဲတွင် ရောစပ်လိုက်လျှင် ၎င်းသည် ထိုရေ၏ အရသာကို ပြောင်းလဲပစ်လိမ့်မည်။’ သူမက ဆက်လက်လျှောက်ထားသည်။ ‘ကျွန်မက လူတစ်ဦး၏ အမူအရာကို တုပခဲ့ခြင်းသာ ဖြစ်ပါသည်’ ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- ‘ငါကိုယ် တော်သည် လူတစ်ဦးတစ်ယောက်၏ အမူအရာကိုတုပခြင်းအား မနှစ်သက်ပါ၊ ထိုအလုပ်အတွက် ငါကိုယ်တော်အား ဤမျှဤမျှသော စည်းစိမ်ဥစ္စာကို ပေးစေကာမူ မနှစ်သက်ပါ။’”
[صحيح] - [رواه أبو داود والترمذي وأحمد] - [سنن أبي داود - 4875]
မုအ်မင်န်တို့၏မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) အား လျှောက်ထား ပြောဆိုခဲ့သည်မှာ ကိုယ်တော့်အတွက် စွဖီယဟ်သည်(မုအ်မင်န်တို့၏မိခင်ကြီး စွဖိယဟ်သခင်မကို ဆိုလိုခြင်းဖြစ် သည်) သူမ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အပြစ်အနာဆာတစ်ခုဖြစ်သည့် အရပ်ပုရုံဖြင့် လုံလောက်ပါသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- “အသင်မသည် ထိုသို့သောစကားကို ပြောဆိုလိုက်ပြီ၊ အကယ်၍ ထိုစကားကို ပင်လယ်ရေထဲတွင် ရောစပ်လိုက်လျှင် ၎င်းသည် မုချ ထိုရေကိုလွှမ်းမိုးသွားပြီး ၎င်း၏အရသာကိုပြောင်းလဲစေ၍ ဖျက်ဆီးပစ်လိုက်လိမ့်မည်။ သခင်မက လျှောက်ထားသည်မှာ- "ကျွန်မသည် လူတစ်ဦးကို နိမ့်ချစေလိုသည့်အနေဖြင့် သူ၏ အမူအရာကို အတုခိုးပြုလုပ်မိပါသည်"။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- "အကယ်၍ ငါကိုယ်တော်အား လောကကြီးတစ်ခုလုံးကို ပေးအပ်ခဲ့သော်လည်း သူ၏အပြစ်အနာအဆာကို ပြောဆိုရန်၊ သို့မဟုတ် အထင်သေးကြောင်းပြသည့် အနေဖြင့် သူ၏အမူအရာကို အတုခိုး၍ ပြုမူရန်၊ သို့မဟုတ် သူ၏စကားကို ပြောဆိုရန် ငါကိုယ်တော် နှစ်သက်တော်မူမည် မဟုတ်ပါ။"