عن أبي هريرة رضي الله عنه عن رسول الله صلى الله عليه وسلم قال: «الصلوات الخمس، والجمعة إلى الجمعة، ورمضان إلى رمضان مُكَفِّراتٌ لما بينهنَّ إذا اجتُنبَت الكبائر».
[صحيح] - [رواه مسلم]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူခဲ့သည်။ အကယ်၍ ကြီးလေးသော အပြစ်အကုသိုလ်များကို ရှောင်ကြဉ်ပါက ဆွလာသ်ငါးကြိမ်သည်လည်းကောင်း၊ ဂျုမုအဟ်တစ်ကြိမ်မှ နောက်ဂျုမုအဟ်သည်လည်းကောင်း၊ ရမဿွာန်တစ်လမှ နောက်ရမဿွာန်သည်လည်းကောင်း ယင်းတို့၏စပ်ကြား၌ရှိသော အကုသိုလ်များအား ပလပ်စေမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

ဆွလာသ်ငါးကြိမ်သည် ယင်း၏စပ်ကြား၌ ပြုမိသည့်(သေးငယ်သော) အကုသိုလ်များကို ပလပ်စေသည်။ ကြီးလေးသော အကုသိုလ်များသည် (သောင်ဗဟ်)အမှားဝန်ချတောင်းပန်မှုပြုမှသာလျှင် ပလပ်စေမည်ဖြစ်သည်။ ၎င်းအပြင် ဂျုမုအဟ်ဆွလာသ်တစ်ကြိမ်နှင့် နောက်လာမည့် ဂျုမုအဟ်ဆွလာသ်သည်လည်းကောင်း၊ ရမဿွန်ဥပုသ်တစ်လနှင့် နောက်လာမည့် ရမဿွာန်သည်လည်းကောင်း ယင်းတို့၏စပ်ကြား၌ ပြုမိသည့်(သေးငယ်သော)အကုသိုလ်များကို ပလပ်စေသည်။

ဘာသာပြန်: အင်္ဂလိပ် ပြင်သစ် စပိန် တူရကီ အုရ်ဒူ အင်ဒိုနီးရှား ဘော့စနီးယား ရုရှား ဘင်္ဂလီ တရုတ် ဖါရစီ(ပါရှန်း) တဂ္ဂလော့ ဟင်ဒီ ဗီယက်နမ် ဆင်ဟာလီ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန်
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဧကန်အမှန်ပင် ထိုဖရဿွ်တာ၀န်များကို အကောင်းဆုံးပုံစံဖြင့် ထမ်းဆောင်ခြင်းသည် အနန္တတန်ခိုးတော်ရှင် အလ္လာဟ်အရှင်မြတ်က မိမိ၏ ကျေးဇူးတော်၊ ကရုဏာတော်ဖြင့် ၎င်းတို့၏စပ်ကြား၌ ပြုမိသည့် သေးငယ်သော အကုသိုလ်တို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အကြောင်းခံပင်ဖြစ်သည်။
  2. အပြစ်အကုသိုလ်များကို ကြီးလေးသောအပြစ်အကုသိုလ်နှင့် သေးငယ်သောအပြစ်အကုသိုလ် ဟူ၍ ခွဲခြားထားသည်။
ထပ်၍