ဟဒီးဆ်တော်များစာရင်း

အသင်တို့၏ နေအိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြနှင့်၊ ငါကိုယ်တော်၏ကဗရ်ကိုလည်း အီးဒ်မပြုလုပ်ကြနှင့် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်မေတ္တာ ပို့သကြလေကုန်၊ ဧကန်မုချ အသင်တို့၏ ဆွလာသ်မေတ္တာ ပို့သမှုသည် အသင်တို့မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ငါကိုယ်တော်ထံ ရောက်ရှိလေသည်။
عربي الإنجليزية الأوردية
အကယ်၍ ကြီးလေးသော အပြစ်အကုသိုလ်များကို ရှောင်ကြဉ်ပါက ဆွလာသ်ငါးကြိမ်သည်လည်းကောင်း၊ ဂျုမုအဟ်တစ်ကြိမ်မှ နောက်ဂျုမုအဟ်သည်လည်းကောင်း၊ ရမဿွာန်တစ်လမှ နောက်ရမဿွာန်သည်လည်းကောင်း ယင်းတို့၏ စပ်ကြား၌ရှိသော အကုသိုလ်များအား ပလပ်စေမည်ဖြစ်သည်။
عربي الإنجليزية الأوردية
ကောင်းမှုဟူသမျှသည် ဆွဒကဟ် အလှူဒါနပင်ဖြစ်သည်။
عربي الإنجليزية الأوردية
မည်သူမဆို ရိုဇီရိက္ခာ ကျယ်ဝန်းစွာ ချီးမြှင့်ခံရရန်နှင့် ၎င်း၏သက်တမ်း ရှည်လျားမှုရရန် နှစ်သက်လိုလားလျှင် ဆွေမျိုးဆက်ပါ။
عربي الإنجليزية الأوردية
လူတစ်ဦးသုံးစွဲလိုက်သည့် ဒီနာရ်(ငွေကြေး )တို့အနက်အမြတ်ဆုံးမှာ မိမိ မိသားစုအတွက်သုံးစွဲလိုက်သည့် ဒီနာရ်၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိ၏ အစီးအနင်းအတွက် သုံးစွဲလိုက်သည့် ဒီနာရ် နှင့်အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် မိမိ၏မိတ်ဆွေများအတွက် သုံးစွဲလိုက်သည့် ဒီနာရ်တို့ဖြစ်သည်
عربي الإنجليزية الأوردية
“အကြင်သူသည် မိန်းကလေးနှစ်ဦးအား သူတို့အရွယ်‌ရောက်ကြီးပြင်းလာသည်အထိ တာဝန်ယူထိန်းကျောင်းစောင့်ရှောက်ခဲ့လျှင်၊ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် ငါကိုယ်တော်နှင့် သူသည် ဤကဲ့သို့ ရောက်ရှိလာမည်” ဟု မိန့်တော်မူပြီး တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိ၏ လက်ချောင်းများကို စုစည်းပြသတော်မူခဲ့သည်။
عربي الإنجليزية الأوردية
မည်သည့်အမလ်ကောင်းမှုသည် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးဖြစ်တော်မူပါနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ဆွလာသ်အား သူ့အချိန်နှင့်သူ ဆောက်တည်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က မိဘနှစ်ပါးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် မည်သည့်အမလ်ကောင်းမှုသည် အမြတ်ဆုံးပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း ဖြစ်သည်
عربي الإنجليزية الأوردية
အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ် သက္ကဝါတရားထားကြပါ၊ အသင်တို့၏ ဆွလာသ်ငါးကြိမ်ကို ဆောက်တည်ကြပါ၊ အသင်တို့(ရမဿွာန်)လ၏ ဆွိယာမ်ဥပုသ်ကို စောင့်ထိန်းကြပါ၊ အသင်တို့ ဥစ္စာပစ္စည်းများမှ ဇကာသ် ပေးဆောင်ကြပါ၊ အသင်တို့အား အုပ်ချုပ်သူများကို နာခံကြပါ၊ အသင်တို့အား ဖန်ဆင်းမွးမြူတော်မူသော အရှင်မြတ်၏ ဂျနသ်သုခဘုံသို့ ဝင်ရောက်ကြပါ။
عربي الإنجليزية الأوردية
ငါကိုယ်တော် အသင်တို့အား အလ္လာဟ်အရှင်မြတ်က အပြစ်များကိုပယ်ဖျက်ပေးပြီး၊ အဆင့်အတန်းများကို မြှင့်တင်ပေးသောအရာကို မညွှန်ပြရဘူးလား
عربي الإنجليزية الأوردية
အို လူသားအပေါင်းတို့ စလာမ်များများပေးကြပါ။ အစားအသောက်များ ကျွေးမွေးကြပါ။ ဆွေမျိုးအဆက်သွယ်ထားကြပါ။ လူများအိပ်နေစဥ် ည၌ဆွလာသ်ဝတ်ပြုကြပါ။ အသင်တို့သည် ဂျန္နသ်သို့ ငြိမ်းချမ်းစွာဝင်ကြရမည်။
عربي الإنجليزية الأوردية
“အလ္လာဟ်အရှင်မြတ်၏လမ်းတော် (ဂျီဟာဒ်) ၌ တစ်ရက်တာ ကင်းစောင့်ခြင်းသည် လောကီနှင့် ၎င်းရှိအရာအားလုံးထက် ပို၍မြတ်၏
عربي الإنجليزية الأوردية
'အလ္လာဟ်အရှင်မြတ်သည် သူမ၏ ဤလုပ်ရပ်ကြောင့် သူမအတွက် ဂျန္နတ်သုခဘုံကို ဝါဂျိဗ်အဖြစ်သတ်မှတ် (သေချာစေတော်မူ )ခဲ့သည်။ သို့မဟုတ် ဂျဟန္နမ်ငရဲမှ လွတ်မြောက်ခွင့် ပေးသနားတော်မူခဲ့သည်။
عربي الإنجليزية الأوردية
ဆံပင်ရှုပ်ပွနေပြီး တံခါးဝတွင် ငြင်းပယ်‌မောင်းထုတ်ခံရသော များစွာသောသူများသည် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ကျိန်ဆိုပါက အရှင်မြတ်သည် ထိုကျိန်ဆိုချက်ကို ပြည့်စုံစေတော်မူ၏။”
عربي الإنجليزية الأوردية
ဖိသ်နဟ်စမ်းသပ်မှုများဖြစ်ပေါ်လာချိန်၌ အေဗာဒသ်ခဝပ်ဆည်းကပ်ခြင်းသည် ငါကိုယ်တော်မြတ်ထံသို့ ဟိဂ်ျရသ်ရွှေ့ပြောင်းခြင်းနှင့်တူ၏"။
عربي الإنجليزية الأوردية
မွတ်စ်လင်မ်နှစ်ဦး တွေ့ဆုံသည့်အခါ လက်ဆွဲနှုတ်ဆက်ကြပါက ၎င်းတို့နှစ်ဦး မခွဲခွာမီအလျှင် အပြစ်များမှ ခွင့်လွှတ်ချမ်းသာ ပေးခြင်းခံရပေမည်။
عربي الإنجليزية الأوردية