عَنْ عَبْدُ اللَّهِ بْنُ سَلَامٍ رضي الله عنه قَالَ: لَمَّا قَدِمَ النَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ الْمَدِينَةَ انْجَفَلَ النَّاسُ قِبَلَهُ، وَقِيلَ: قَدِمَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ، قَدِمَ رَسُولُ اللَّهِ، قَدِمَ رَسُولُ اللَّهِ، ثَلَاثًا، فَجِئْتُ فِي النَّاسِ لِأَنْظُرَ، فَلَمَّا تَبَيَّنْتُ وَجْهَهُ، عَرَفْتُ أَنَّ وَجْهَهُ لَيْسَ بِوَجْهِ كَذَّابٍ، فَكَانَ أَوَّلُ شَيْءٍ سَمِعْتُهُ تَكَلَّمَ بِهِ أَنْ قَالَ:
«يَا أَيُّهَا النَّاسُ، أَفْشُوا السَّلَامَ، وَأَطْعِمُوا الطَّعَامَ، وَصِلُوا الْأَرْحَامَ، وَصَلُّوا بِاللَّيْلِ وَالنَّاسُ نِيَامٌ، تَدْخُلُوا الْجَنَّةَ بِسَلَامٍ».
[صحيح] - [رواه الترمذي وابن ماجه وأحمد] - [سنن ابن ماجه: 3251]
المزيــد ...
အဗ်ဒွလ္လာဟ်ဗင်န်စလာမ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မဒီနဟ်သို့ကြွမြန်းလာတော်မူသောအခါ လူတို့သည် ကိုယ်တော့်ဘက်သို့အလျင်အမြန်ရောက်လာခဲ့ကြသည်။ လူတစ်ချို့က ကိုယ်တော်မြတ်လာပြီ၊ ကိုယ်တော်မြတ်လာပြီ၊ ကိုယ်တော်မြတ်လာပြီဟုပြောကြသည်။ (ဆင့်ပြန်သူကပြောသည်မှာ)ကျွန်တော်လည်းပဲ ကိုယ်တော်မြတ်ကိုကြည့်ရန် လူအုပ်ကြီးထဲသို့လာခဲ့သည်။ ကိုယ်တော်မြတ်အားရှင်းလင်းစွာမြင်တွေ့ရသည့်အခါ ကိုယ်တော်မြတ်၏မျက်နှာသည် လူလိမ်မျက်နှာမဟုတ်ကြောင်း ကျွန်တော်သိခဲ့ရသည်။ ကျွန်တော်ပထမဦးစွာကြားသိခဲ့ရသည့် ကိုယ်တော်မြတ်၏မိန့်ခြွေချက်မှာ
အို လူသားအပေါင်းတို့ စလာမ်များများပေးကြပါ။ အစားအသောက်များ ကျွေးမွေးကြပါ။ ဆွေမျိုးအဆက်သွယ်ထားကြပါ။ လူများအိပ်နေစဥ် ည၌ဆွလာသ်ဝတ်ပြုကြပါ။ အသင်တို့သည် ဂျန္နသ်သို့ ငြိမ်းချမ်းစွာဝင်ကြရမည်။
[صحيح] - [رواه الترمذي وابن ماجه وأحمد] - [سنن ابن ماجه - 3251]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မဒီနဟ်သို့ကြွမြန်းလာတော်မူသောအခါကိုယ်တော်မြတ်အား လူများမြင်တွေ့ကြသောကြောင့် လူတို့သည် ကိုယ်တော့်ဘက်သို့အလျင်အမြန်သွားခဲ့ကြသည်။ ထိုသို့ကိုယ်တော်မြတ်ဘက်သို့ သွားကြသူများထဲတွင် အဗ်ဒွလ္လာဟ်ဗင်န်စလာမ်လည်းပါရှိသည်။ ထိုအခါက သူသည် ယဟူဒီအဖြစ်ရှိနေခဲ့ပြီး အစ္စလာမ်ကို နောက်မှလက်ခံခဲ့သည်။ သူသည် ကိုယ်တော်မြတ်အား မြင်တွေ့ရသည့်အခါ ကိုယ်တော်မြတ်၏မျက်နှာတော်တွင် လင်းဝင်းမှု၊ လှပမှုနှင့် ရိုသေလးစားဖွယ်ကောင်းသော စစ်မှန်သည့်ဂုဏ်အရှိန်အဝါရှိနေသောကြောင့် ကိုယ်တော်မြတ်၏မျက်နှာသည် လူလိမ်မျက်နှာမဟုတ်ကြောင်းသိခဲ့သည်။ သူသည် ပထမဦးစွာကြားသိခဲ့ရသည့် ကိုယ်တော်မြတ်၏မိန့်ကြားချက်မှာ ကိုယ်တော်မြတ်သည် လူတို့အားဂျန္နသ် သုခဘုံသို့ဝင်ရောက်စေမည့် လုပ်ရပ်များအားလုပ်ဆောင်ကြရန် တိုက်တွန်းခြင်းဖြစ်သည်။ ၎င်းတို့အနက်မှအချို့မှာ -
၁။ အသင်သိသောသူကိုဖြစ်စေ၊ မသိသောသူကိုဖြစ်စေ စလာမ်များများပေးခြင်းဖြင့် စလာမ်ကိုဖြန့်ခြင်း။
၂။ ဆွဒ်ကဟ်အလှူဒါနဖြင့်ဖြစ်စေ၊ လက်ဆောင်အနေဖြင့်ဖြစ်စေ ဧည့်သည်များအားဖိတ်ကြား၍ဖြစ်စေ အစားအသောက်များ ကျွေးမွေးခြင်း။
၃။ ဖခင် သို့မဟုတ် မိခင် ဘက်မှဆွေမျိုးတော်ဆက်သူများအား ဆွေမျိုးအဆက်သွယ်ထားခြင်း။
၄။ လူများအိပ်နေစဥ် ည၌နဖ်လ်ဆွလာသ်ဝတ်ပြုခြင်း။