+ -

عن معاوية بن أبي سفيان رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «من يُرِدِ الله به خيرا يُفَقِّهْهُ في الدين».
[صحيح] - [متفق عليه]
المزيــد ...

မုအာဝိယဟ် ဗင်န် အဗူဆွဖ်ယာန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် တစ်ဦးတစ်ယောက်ကို ကောင်းစေလိုပါက ထိုသူ့အား သာသနာရေးနှင့် စပ်လျဉ်း၍ နားလည်နိုင်စွမ်း ချီးမြှင့်တော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ - ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်သည် တစ်ဦးတစ်ယောက်အား ကောင်းကျိုးပြုရန်နှင့် ကောင်းစားစေရန် အလိုရှိတော်မူလျှင် ထိုသူ့အား ရှရီအဟ် တရားဥပဒေအမိန့်ပညတ်ချက်များကို တတ်ကျွမ်းနားလည်သော ပညာရှင်အဖြစ် ပြုလုပ်ပေးတော်မူသည်။ ဖိက်ဟ်(တရားဥပဒေ)သည် ယေဘုယျအားဖြင့် နှစ်မျိုးရှိသည်။ ပထမတစ်ခုမှာ - လက်တွေ့ဆောင်ရွက်ရသည့်ရှရီအဟ် တရားဥပဒေ၏ အမိန့်ပညတ်ချက်များကို ၎င်း၏အသေးစိတ် အထောက်အထားများနှင့်တကွ သိနားလည်ခြင်းဖြစ်သည်။း ဥပမာ- ခဝပ်ကိုးကွယ်မှုဆိုင်ရာ အမိန့်ပညတ်ချက်များနှင့် အရောင်းအဝယ်ဆိုင်ရာ အမိန့်ပညတ်ချက်များစသည်တို့ဖြစ်သည်။ ဒုတိယတစ်ခုမှာ - အလ္လာဟ်အရှင်မြတ်၏ "c2">“ဒီးန်” သာသနာတော်အား ယေဘုယျအားဖြင့် သိနားလည်ခြင်း၊ ၎င်းတွင် အီမာန် သက်ဝင်ယုံကြည်မှု၏ အခြေခံအုတ်မြစ်များ၊ အစ္စလာမ့်ဥပဒေများ၊ (ဟလာလ်) ခွင့်ပြုထားသည့်အရာများနှင့် (ဟရာမ်) တားမြစ်ထားသည့်အရာများ၊ ကိုယ်ကျင့်တရားများနှင့် ကျင့်ဝတ်များ စသည်တို့ကို သိနားလည်ခြင်းတို့ ပါဝင်သည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية القيرقيزية النيبالية اليوروبا الليتوانية الدرية الصومالية الكينياروندا
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဟဒီးဆ်တော်တွင် သာသနာ့ပညာ နားလည်တတ်ကျွမ်းခြင်း၏ ကြီးကျယ်မြင့်မြတ်မှုအကြောင်း အထောက်ထားပါရှိပြီး သာသနာ့ပညာကို သင်ယူဆည်းပူးရန် တိုက်တွန်းထားသည်။
  2. ဖိက်ဟ်(တရားဥပဒေ)သည် ယေဘုယျအားဖြင့် နှစ်မျိုးရှိသည်။ ပထမတစ်ခုမှာ - လက်တွေ့ဆောင်ရွက်ရသည့် ရှရီအဟ် တရားဥပဒေ၏ အမိန့်ပညတ်ချက်များကို ၎င်း၏အသေးစိတ် အထောက်အထားများနှင့်တကွ သိနားလည်ခြင်းဖြစ်သည်။ ဒုတိယတစ်ခုမှာ - အလ္လာဟ်အရှင်မြတ်၏ “ဒီးန်” သာသနာတော်အား ယေဘုယျအားဖြင့်သိရှိခြင်း၊၎င်းတွင် အီမာန် သက်ဝင်ယုံကြည်မှု၏ အခြေခံအုတ်မြစ်များ၊ အစ္စလာမ့်ဥပဒေများ၊ “အိဟ်စာန်”၏ သဘောတရားများ၊ (ဟလာလ်) ခွင့်ပြုထားသည့်အရာများနှင့် (ဟရာမ်) တားမြစ်ထားသည့်အရာများ စသည်တို့ပါဝင်သည်။
  3. အကြင်သူသည် သာသနာတော်ကို ကောင်းစွာနားလည် သဘောပေါက်အောင် သင်ယူခြင်းမပြုဘဲ ကျောခိုင်းထားပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက် မည်သည့် ကောင်းကျိုးကိုမျှ လိုလားတော်မူမည်မဟုတ်ကြောင်း ဟဒီးဆ်တော်မှသိရှိရသည်။
  4. ပညာရှာဖွေရန် စိတ်အားထက်သန်သူအား အလ္လာဟ်အရှင်မြတ် ချစ်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား မိမိ၏သောင်ဖိက်စွမ်းအားဖြင့် သာသနာ့အသိ ပညာသင်ယူဆည်းပူးနိုင်စွမ်းနှင့် သာသနာကို သိနားလည်နိုင်စွမ်း ချီးမြှင့်တော်မူပြီး ကောင်းစားစေရန် အလိုရှိတော်မူခဲ့ခြင်းဖြစ်သည်။
  5. သာသနာနှင့်ပတ်သက်၍ နားလည်တတ်ကျွမ်းခြင်းသည် ချီးမွမ်းထိုက်ပေသည်။ သာသနာမှအပ အခြားအကြောင်းအရာများကို နားလည်တတ်ကျွမ်းခြင်းသည် ချီးမွမ်းစရာ မဟုတ်သလို ကဲ့ရဲ့ရှုံ့ချစရာလည်း မဟုတ်ပေ။ သို့သော် ချီးမွမ်းထိုက်သည့် အကြောင်းခံဖြစ်လျှင် ချီးမွမ်းစရာဖြစ်ပြီး ကဲ့ရဲ့ရှုတ်ချထိုက်သည့်အကြောင်းခံဖြစ်လျှင် ကဲ့ရဲ့ရှုံ့ချစရာဖြစ်မည်။
ထပ်၍