အမျိုးအစားခွဲများ

ဟဒီးဆ်တော်များစာရင်း

အကြင်သူသည် သာသနာ့ပညာရှာဖွေဆည်းပူးရန် ထွက်ခွါခဲ့လျှင် ပြန်မရောက်မခြင်း ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ရှိနေသူဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
အလ္လာဟ်အရှင်မြတ်သည် တစ်ဦးတစ်ယောက်ကို ကောင်းစေလိုပါက ထိုသူ့အား သာသနာရေးနှင့် စပ်လျဉ်း၍ နားလည်နိုင်စွမ်း ချီးမြှင့်တော်မူသည်။ *ငါကိုယ်တော်သည် ဝေငှပေးသူဖြစ်ပြီး အလ္လာဟ်အရှင်ကသာ ပေးကမ်းချီးမြှင့်တော်မူသည်။ ဤအွမ္မသ်(အနက် အုပ်စုတစ်စု)သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အပေါ်တွင် အစဉ်အမြဲရပ်တည်လျက်ရှိနေမည်။ ၎င်းတို့အား ဆန့်ကျင်သူများသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်(ကိယာမသ်) ဆိုက်ရောက်လာသည်အထိ ၎င်းတို့အား နစ်နာဆုံးရှုံးအောင် ပြုနိုင်မည် မဟုတ်ပေ။
عربي အင်္ဂလိပ် အုရ်ဒူ
ဧကန်အမှန်ပင် ကိယာမသ်၏ နိမိတ်လက္ခဏာများအနက် အချို့မှာ- အသိပညာ ရုပ်သိမ်းခံရခြင်း၊ (သာသနာ့)အသိပညာကင်းမဲ့မှု များပြားလာခြင်း၊ ‘ဇိနာ’တရားမဝင်ကာမအမှု ပေါများလာခြင်း၊ အရက်သေစာသောက်သုံးမှု များပြားလာခြင်း၊ အမျိုးသားဦးရေ နည်းပါးသွားခြင်း အမျိုးသမီး အယောက်(၅၀)အတွက် တာဝန်ယူထိမ်းသိမ်းစောင့်ရှောက်မည့် အမျိုးသားတစ်ဦးသာ ရှိတော့သည်အထိ အမျိုးသမီးဦးရေ များပြားလာခြင်းတို့ဖြစ်သည်။
عربي အင်္ဂလိပ် အုရ်ဒူ
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အကြောင်းအရာတစ်ခုကို ပြောပြတော်မူပြီးနောက် မိန့်ကြားတော်မူသည်မှာ ယင်းသည် အသိပညာ ပျောက်ကွယ်သွားသည့်အချိန်တွင် ဖြစ်ပေါ်လာလိမ့်မည်။ * ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ အသိပညာသည် အဘယ်ကဲ့သို့ပျောက်ကွယ်သွားမည်နည်း။ ကျွန်တော်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်ကြပြီး မိမိတို့၏ သားသမီးများကိုသင်ကြားပေးကြသည်။ တဖန် ကျွန်တော်တို့၏ သာသမီးများကလည်း ၎င်းတို့၏သားသမီးများကို သင်ကြားပို့ချကြပါမည်။ ဤအတိုင်းပင် ကိယာမသ်နေ့ထိတိုင် ရှိနေလိမ့်မည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က အို ဇိယာဒ်၊ အသင်၏မိခင်သည် အသင့်ကိုပျောက်ဆုံးပါစေ၊ ငါကိုယ်တော်သည် အသင့်အား မဒီနာ၌ အသိပညာအရှိဆုံးသူဟု ထင်မှတ်ထားသည်။ ဤယဟူဒီနှင့် နဆ်ွရာနီတို့သည် သောင်ရာသ်ကျမ်းနှင့် အင်န်ဂျိလ်ကျမ်းတို့ကို ရွတ်ဖတ်ကြသည်။ သို့သော် ၎င်းတို့သည် ထိုကျမ်းများတွင်ရှိသော မည်သည့် အမိန့်ပညတ်ချက်ကိုမျှ လိုက်နာကျင့်သုံးမှု မပြုကြသည် မဟုတ်လောဟု မိန့်ကြားတော်မူသည်။
عربي အင်္ဂလိပ် အုရ်ဒူ
အသင်တို့သည် ပညာရှင်များအပေါ် ဂုဏ်ဖော်ရန်၊ ပညာမဲ့များနှင့် ငြင်းခုံရန်၊ * ထိုင်ဝိုင်းများတွင် ဦးစားပေးခံရရန် ရည်ရွယ်ချက်ဖြင့် သာသနာ့ပညာအား မသင်ယူကြလေနှင့်။ မည်သူမဆို ဤကဲ့သို့ (ရည်ရွယ်ချက်ဖြင့်)သင်ယူခဲ့ပါက ငရဲမီးသို့ ကျရောက်ရမည်။ ငရဲမီးသို့ ကျရောက်ရမည်။
عربي အင်္ဂလိပ် အုရ်ဒူ
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ အဆ်ွဟာဗ်တော်များအနက် ကျွန်ုပ်တို့အား ကုရ်အာန်ကျမ်းမြတ်ကို ဖတ်ကြား(သင်)ပြခဲ့သည့်သူများက ကျွန်ုပ်တို့အား ဆင့်ပြန်ပြောကြားခဲ့သည်။ @ ဧကန်အမှန် ၎င်းတို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ အာယသ်တော်ဆယ်ပိုဒ်ကို နားထောင်ပြီးနောက် ထိုအာယသ်တော်များတွင်ပါရှိသည့် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို မသင်ယူမချင်း နောက်ထပ်အာယသ်တော်ဆယ်ပိုဒ်ကို သင်ယူခြင်းမရှိခဲ့ပေ။ * သာဝကကြီးများက ကျွန်တော်တို့သည် ‘အိလ်မ်’အသိပညာနှင့် အမလ်ကျင့်ဆောင်မှုများကို သင်ယူခဲ့ကြသည်ဟု ပြောကြားခဲ့ကြသည်။
عربي အင်္ဂလိပ် အုရ်ဒူ
لله لا إله إلا هو لحى لقيوم
عربي အင်္ဂလိပ် အုရ်ဒူ